Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ(၆)နယ်မြေ ဇွန်လတိုက်ပွဲများတွင် ဗိုလ်မှူးကြီးအဆင့်အပါအဝင် စစ်ကောင်စီတပ် ၄၆ဦးသေဟု အသိပေး

စစ်ကောင်စီတပ်မှ ဇွန်လအတွင်း လေကြောင်းဖြင့် (၃)ကြိမ် လာရောက် ဗုံးကြဲပစ်ခတ်ခဲ့ရာခရစ်ယာန် ဘုရားရှိခိုးကျောင်း တစ်ကျောင်း အနည်းငယ် ပျက်စီးခဲ့ပြီး ပြည်သူနေအိမ် နှစ်လုံး ပျက်စီးခဲ့သည်ဟု ဆိုသည်။

(စစ်ကောင်စီတပ်နှင့် တိုက်ပွဲအတွင်း သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - Saw Kaw/FB)
(စစ်ကောင်စီတပ်နှင့် တိုက်ပွဲအတွင်း သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - Saw Kaw/FB)

▪︎တော်လှန်ရေးရဲဘော် တစ်ဦးကျဆုံးပြီး စစ်ကောင်စီလက်နက်ကြီးကြောင့် အရပ်သားနှစ်ဦး သေဆုံးကာ ၉ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် တပ်မဟာ (၆) နယ်မြေ၌ ဇွန်လအတွင်း တိုက်ပွဲပေါင်း ၃၀နီးပါး ဖြစ်ပွားခဲ့ကြောင်း KNU ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။

ဇွန်လ ၁ရက်မှ ၃၀ရက်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(K.N.D.O)၊ KNLA နှင့် KNDOတို့၏ စစ်ရေးကွပ်ကဲမှုအောက်ရှိ ပူးပေါင်း စစ်ကြောင်းများနှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား တိုက်ပွဲကြီး (၅)ကြိမ်နှင့် တိုက်ပွဲငယ် (၂၄)ကြိမ်ဖြစ်ပွားခဲ့သည်ဟု အသိပေးထားသည်။

ယင်းတိုက်ပွဲများအတွင်း ဗိုလ်မှူးကြီး တစ်ဦး၊ ဒု-ဗိုလ်မှူးကြီး တစ်ဦး၊ နယ်ထိန်းရဲ အရာရှိ တစ်ဦး အပါအဝင် စစ်ကောင်စီဘက်က စုစုပေါင်း ၄၆ဦး သေးဆုံးကာ ၂၅ဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ တစ်ဦး ကျဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန် သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်မှ ဇွန်လအတွင်း လေကြောင်းဖြင့် (၃)ကြိမ် လာရောက် ဗုံးကြဲပစ်ခတ်ခဲ့ရာခရစ်ယာန် ဘုရားရှိခိုးကျောင်း တစ်ကျောင်း အနည်းငယ် ပျက်စီးခဲ့ပြီး ပြည်သူနေအိမ် နှစ်လုံး ပျက်စီးခဲ့သည်ဟု ဆိုသည်။

ထို့အတူ လက်နက်ကြီးများဖြင့် (၁၂)ကြိမ် (တစ်ကြိမ်လျှင် ၂ လုံး မှ ၈လုံးအထက်) အပြစ်မဲ့ ပြည်သူနေကျေးရွာများသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ရာ အသက်(၁၀)နှစ်အရွယ် ကလေး နှစ်ဦး အပါအဝင် အပြစ်မဲ့ပြည်သူ (၉)ဦး ဒဏ်ရာရခဲ့ပြီး အရပ်သား နှစ်ဦး အသက် ဆုံးရှုံးခဲ့ရကြောင်း KNUက ထုတ်ပြန်သည်။

ထိုသို့ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ပြည်သူများစိုးရိမ်ထိတ်လန့်ကာ စစ်ရှောင်နေကြရကြောင်း၊ မိုးကာလဖြစ်၍ အမိုးအကာ စားနပ်ရိက္ခာ ၊ ကျန်းမာရေး လိုအပ်ချက်များရှိနေကြောင်း အသိပေးထားသည်။

အာဏာသိမ်းစစ်ကောင်စီတပ်မှ အပြစ်မဲ့ ပြည်သူနေ ကျေးရွာများသို့ လေကြောင်းဖြင့် ဗုံးကြဲပစ်ခတ်ခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများ ပြုလုပ်လျှက်ရှိပြီး အပြစ်မဲ့ ပြည်သူများအား လူသားဒိုင်းအဖြင့် ဖမ်းဆီးခြင်း၊ အများပြည်သူ သွားလာနေသော ပြည်သူပိုင် လမ်းများအား ပိတ်ပင်ခြင်း တူးဖောက် ဖျက်ဆီးခြင်း၊ စသည့်အဖျက်အမှောင့် လုပ်ရပ်များနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာများကို နေ့စဉ်နှင့်အမျှ ကျူးလွန်လျှက်ရှိကြောင်းKNUက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။