Connect with us

Hi, what are you looking for?

သတင်း

ပြင်ဦးလွင်မှာ အကွက်ရိုက်ရောင်းတဲ့နေရာတွေ စဖျက်နေ

မနေ့က ရှင်းလင်းတဲ့နေရာကတော့ပြင်ဦးလွင် -လားရှိုးလမ်းမကြီးအရှေ့ဘက်ခြမ်း ပြင်ဦးလွင်စင်တာအနီး က နေရာတွေဖြစ်ပါတယ်။

ပြင်ဦးလွင်မှာ အကွက်ရိုက်ရောင်းတဲ့နေရာတွေ စဖျက်နေ
ပြင်ဦးလွင်မှာ အကွက်ရိုက်ရောင်းတဲ့နေရာတွေ စဖျက်နေ

မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်အတွင်း လယ်ယာမြေ၊ သစ်တောမြေ၊ မြေလွတ်၊မြေရိုင်းမြေတွေပေါ်မှာ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားတဲ့နေရာတွေကို စတင်ဖျက်နေတယ်လို့ ဒေသခံတွေ ထံကနေသိရပါတယ်။

အဲဒီမြေအမျိုးအစားတွေမှာခွင့်ပြုချက်မရှိဘဲ အကွက်ရိုက်ပြီး အဆောက်အဦးဆောက်လုပ်ထားတာ ၊ ခြံဝင်းခတ်တာတွေကို ဖယ်ရှားကြဖို့နဲ့ မဖယ်ရင်အရေးယူမယ်လို့စစ်ကောင်စီက ဇူလိုင် ၁၉ ရက်မှာ ကြေညာချက်ထုတ်ထားပါတယ်။

အဲဒီနောက် မနေ့ ဇူလိုင် ၂၂ ရက်ကစတင်ပြီး ရှင်းလင်းတာတွေလုပ်နေတာလို့သိရပါတယ်။

မနေ့က ရှင်းလင်းတဲ့နေရာကတော့ပြင်ဦးလွင် -လားရှိုးလမ်းမကြီးအရှေ့ဘက်ခြမ်း ပြင်ဦးလွင်စင်တာအနီး က နေရာတွေဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ပြင်ဦးလွင်မြို့နယ်အတွင်းမှာ ခွင့်ပြုချက်မရှိဘဲ လယ်ယာမြေအပါအဝင်အကွက်ရိုက်တဲ့ ဧက ၂၀၀ ဝန်းကျင် ရှိတယ်လို့ ပြင်ဦးလွင်မြို့အိမ်ခြံမြေအသိုင်းကနေသိရပါတယ်။

ပြီးခဲ့တဲ့ ၇နှစ်ဝန်းကျင်ကစပြီး စီးပွားရေးသမားတွေနဲ့ အိမ်ခြံမြေအကျိုးဆောင်အချို့ဟာ လယ်ယာမြေတွေကို ဧကလိုက်ဝယ်ယူကာ လမ်း၊ ရေမြောင်း၊ မီးတိုင်တွေ ထည့်ပြီး အကွက်ရိုက်ကာ ရောင်းချတာတွေရှိခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

ပြင်ဦးလွင်မြို့၊ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်း ပြန်စဖို့ ဖွင့်ပွဲကို စစ်ခေါင်းဆောင်မင်း အောင်လှိုင် တက်မှာဖြစ်ပြီး လမ်းပိုင်းလုံခြုံရေးတွေတင်းကြပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ စစ်ကောင်စီလက်အောက်ခံ စည်ပင်ဝန်ထမ်းတွေက အသစ်ဖွင့်တဲ့ လမ်းဘေးဆိုင်တွေကို ပိုက်ဆံမပေးဘဲ အလကားဝင်စားနေလို့ အခက်တွေ့နေတယ်လို့ စျေးသည်တွေက ပြောပါတယ်။

သတင်း

စစ်တပ်လုံခြုံ​ရေးမြှင့်ထားချိန်ဖြစ်၍ ဓါးပြတိုက်သူ​တွေကစစ်အုပ်စုနဲ့ ဆက်စပ်နိုင်ဟု​ဒေသခံအချို့သံသယရှိ​နေ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့အနီးမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ပြင်ဦးလွင်ကနေလာတဲ့ စစ်ကြောင်းက မြို့နဲ့ လေးမိုင်လောက်ပဲကွာဝေးတဲ့ ကျောက်ကြမ်းကျေးရွာနားကို ရောက်လာနေပြီလို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။