Connect with us

Hi, what are you looking for?

သတင်း

ပြည်သူများအားကာကွယ်နိုင်ရေး တော်လှန်ရေးလုပ်ငန်းစဉ်များကိုချဲ့ထွင်ရန် ယာယီသမ္မတ မှာကြား

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း စစ်ကောင်စီအနေဖြင့် ပိုက်ဆံရိုက်ထုတ်ပြီး တိုင်းပြည်၏ ငွေကြေးတန်ဖိုးကို အောက်ဆုံးအထိ ဆွဲချရန် ပြင်ဆင်နေကြောင်း ပြောသည်။

ပြည်သူများအားကာကွယ်နိုင်ရေး တော်လှန်ရေးလုပ်ငန်းစဉ်များကိုချဲ့ထွင်ရန် ယာယီသမ္မတ မှာကြား
ပြည်သူများအားကာကွယ်နိုင်ရေး တော်လှန်ရေးလုပ်ငန်းစဉ်များကိုချဲ့ထွင်ရန် ယာယီသမ္မတ မှာကြား

တော်လှန်ရေးလုပ်ငန်းစဉ်များကို အမြင်ကျယ်ကျယ်ဖြင့် ချဲ့ထွင်ရန် ယမန်နေ့က ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေးတွင် အစိုးရအဖွဲ့ဝင်များကို ယာယီသမ္မတဒူဝါလရှီးလက မှာကြားခဲ့သည်။

စစ်ကောင်စီက ကျပ်နှစ်သောင်းတန် ရိုက်နှိပ်ဖြန့်ချိမည့် အကျိုးဆက်ကြောင့် တိုင်းပြည်အတွင်း ငွေကြေးဖောင်းပွ မှုဒဏ်ကို ပြည်သူလူထုက အလူးအလဲ ခံနေရခြင်းနှင့်ပတ်သက်ပြီး ယာယီသမ္မတက ပြောကြားရာ၌ ပြည်သူလူထုကို ကာကွယ်နိုင်ရေး ဆောင်ရွက်ရန် ယခုကဲ့သို့ မှာကြားခဲ့ခြင်းဖြစ်သည်။

“လူထုဟာ ငွေကြေးဖောင်းပွမှုဒဏ်အကြားမှာ ထိုက်တန်တဲ့ ခံစားခွင့်တွေ ဆုတ်ယုတ်ပျက်စီးလာတာကို တွေ့ရပါတယ်။ စစ်ကောင်စီဟာ နိုင်ငံခြားငွေ ဖြည့်တင်းရေးကိစ္စကိုလည်း ရတတ်သမျှ နည်းလမ်းနဲ့ ကြံဆနေတာကို တွေ့ရတယ်။ ဒါဟာလည်း တိုင်းပြည် တိုးတက်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်နေတာ မဟုတ်ပါဘူး။ စစ်လက်နက်အင်အားကို ဖြည့်ပြီး ပြည်သူကို ဖိနှိပ်ဖို့အတွက်ပဲ ဆိုတာ ထင်ရှားပါတယ်။ မြန်မာစစ်တပ်ဟာ စစ်ရေးအသုံးစရိတ် လိုအပ် ချက် အလွန်အမင်း ကြီးမားလာတာကိုလည်း တွေ့ရပါတယ်။ ဒီလိုအပ်ချက်ကို ဖြည့်ဖို့အတွက် ပြည်သူ ဆီက သွယ်ဝိုက်သောနည်းနဲ့ ဂုတ်သွေးစုတ် အမြတ်ထုတ်တာကို နည်းအမျိုးမျိုးနဲ့ လုပ်နေပါတယ်။ အဲသည့်ထဲမှာ ဆေးမြှီးတိုနည်းဖြစ်တဲ့ ငွေကြေးရိုက်နှိပ်တဲ့နည်းကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ အဓိကလုပ်ငန်းတာဝန်သည် ပြည်သူ့၏အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးရန်ဖြစ်သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

“အခုအခြေအနေတွေကို ကြည့်လိုက်ရင် ပြည်သူရဲ့ အိုးအိမ်စည်းစိမ်ကို ဖျက်လိုဖျက်စီး လုပ်နေတာဟာ စစ်ကောင်စီပဲ ဖြစ်တယ်။ ဒီတော့ စစ်ကောင်စီကို အမြစ်ပြတ် ချေမှုန်းနိုင်ရေးဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်တာနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ ” ဟု ယာယီသမ္မတက ပြောသည်။

အတိတ်သမိုင်းကို ကြည့်ပါက စစ်အစိုးရအဆက်ဆက်ဟာ “ကြုံသလို ကြည့်-ကြပ်-လုပ် ပေါ်လစီ” မျိုးဖြင့် လူထုအရေးကို လက်လွှတ်စပယ် လုပ်ခဲ့ခြင်းများကို အကြိမ်ကြိမ် တွေ့ခဲ့ရသည်ဟုဆိုသည်။

“အခုလည်းဘေးထွက် ဆိုးကျိုးကို နားမလည်ဘဲ၊ ကျပ်ငွေ (၂) သောင်းတန် ငွေကြေးရိုက်နှိပ်တာမျိုးကို လုပ်နေတာ တွေ့ရပါတယ်။ လူထုဟာ နေ့စဉ် စားဝတ်နေရေး စရိတ်စက ကြီးမားတဲ့ ဝန်ကို ထမ်းနေရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ဝင်တွေအနေနဲ့ ပိုပြီး အမြင်ကျယ်ကျယ်နဲ့ တော်လှန်ရေးလုပ်ငန်းစဉ်တွေကို ချဲ့ထွင်ဖို့ လိုပါတယ်။ အခုဆိုရင် ကျွန်တော်တို့ အစိုးရအနေနဲ့ “နွေဦးဖွံ့ဖြိုးရေးဘဏ်” ကို တရားဝင် ဖွင့်လှစ်ပြီးပါပြီ။ ဆက်လက် လုပ်ဆောင်ရမယ့် ကိစ္စတွေကိုလည်း ဝိုင်းဝန်းလုပ်ဆောင်ကြရပါလိမ့်မယ်” ဟု ယာယီသမ္မတက ပြောကြားသည်။

နွေဦးဖွံ့ဖြိုးရေးဘဏ်၏ ဖြစ်တည်မှုသည် မြန်မာကျပ်ငွေ၏ မခိုင်မာမှုကို အစားထိုးပေးနိုင်မယ့် လူထု မျှော်လင့်ချက်ဖြစ်သင့်ကြောင်း ယာယီသမ္မတက ပြောသည်။

“တကယ်တော့ လူထုဟာ ကျပ်ငွေအပေါ်မှာ မှီခိုအားထား နေရပါတယ်။ ဒါ့ကြောင့် လူထုလုပ်အားတွေကို ကျပ်ငွေ မတည်ငြိမ်မှုက ဖျက်စီးလိုက်သလိုမျိုး မဖြစ်အောင် ကျွန်တော်တို့ ဘက်က ခေတ်မှီဘဏ္ဍာရေးမဟာဗျူဟာတွေနဲ့ အကာအကွယ်ပြုပေးဖို့ လိုပါတယ်။ အဲသည့်လို အကာအကွယ် ပြုနိုင်ဖို့အတွက် ယခုလက်ရှိ နွေဦးဖွံ့ဖြိုးရေးဘဏ်က တည်ဆောက်နေတဲ့ ဘဏ္ဍာရေးစနစ်အပေါ်ကို လူထု ယုံကြည်မှု ပိုရလာဖို့ လိုအပ်ပါတယ်။ ဒီလို လုပ်နိုင်ဖို့အတွက် နိုင်ငံရေးအရလည်း ကျွန်တော်တို့က စည်းရုံး လှုံ့ဆော်ဖို့ လိုသလို၊ လက်တွေ့ အကျိုးခံစားခွင့်ကို သိသိသာသာ ပြနိုင်အောင်လည်း ကြိုးစားရပါလိမ့်မယ်” ဟု ယာယီသမ္မတက ပြောသည်။

ပြည်သူများ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးသူကိုသာ ပြည်သူက ယုံကြည်စွာ အပ်နှံလေ့ရှိကြောင်း ၎င်း ကဆိုသည်။

“ဒါ့ကြောင့် လူထုရဲ့လုပ်အားတန်ဖိုးတွေကို လေထဲမှာ အလိုအလျောက် ဆုံးရှုံးတာမျိုး မဖြစ်စေဖို့၊ ကျပ်ငွေ အပေါ် အမှီသဟဲ မပြုတဲ့ ဘဏ္ဍာရေးစနစ်မျိုးကို ကျွန်တော်တို့ အနေနဲ့ စနစ်တကျ တည်ဆောက်ပေးရပါလိမ့်မယ်။ ဒါမှသာလျှင် စစ်ကောင်စီရဲ့ လက်အောက်ကလွတ်တဲ့ ဘဏ္ဍာရေးရပ်ဝန်းကို ပြည်သူတွေက ခံစားခွင့်ရမှာ ဖြစ်ပါတယ်။” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း စစ်ကောင်စီအနေဖြင့် ပိုက်ဆံရိုက်ထုတ်ပြီး တိုင်းပြည်၏ ငွေကြေးတန်ဖိုးကို အောက်ဆုံးအထိ ဆွဲချရန် ပြင်ဆင်နေကြောင်း ပြောသည်။

“အတ္တကြီးလွန်းသူတွေ အုပ်ချုပ်ဖို့ ကြိုးစားနေတဲ့ တိုင်းပြည်တွေမှာ ပြည်သူတွေ ဟာ ဘက်ပေါင်းစုံက အထိနာနေကြဦးမှာပဲ ဖြစ်ပါတယ်။ အခုဆိုရင် စစ်ကောင်စီဟာ သူတို့ဇာတ် သူတို့မနိုင်တော့ဘဲ အချင်းချင်း ဖမ်းဆီးတာတွေ ပြုလုပ်လိုက်၊ လူအပြောင်းအလဲတွေ လုပ်လိုက်နဲ့ မကောင်းမှု ပြုထားသူတွေဟာ ကိုယ့်အရိပ်တောင် ကိုယ်ပြန်ကြောက်ပြီး ဘယ်သူမှ မယုံနိုင်အောင် ဖြစ်နေတဲ့အခြေအနေကို ရောက်နေရပြီ ဖြစ်ပါတယ်”ဟုလည်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က တပ်သားသစ် ခေါ်ယူကြောင်း ဒီကနေ့ ဇူလိုင် ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး တပ်သားသစ်အဖြစ် ပါဝင်လိုသူတွေ အတွက် သတ်မှတ်ချက်တွေ ဖော်ပြထားပါတယ်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။