Connect with us

Hi, what are you looking for?

သတင်း

ကန်ပိုက်တီနယ်စပ်ကုန်သွယ်​ရေးစခန်းမှ ဒုဗိုလ်မှူးကြီးလှမိုးကိုပါ စစ်​ကောင်စီထပ်မံဖမ်းဆီး

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဇုန်ဖြစ်‌သော ကန်ပိုက်တီနယ်ကုန်သွယ်​ရေးစခန်းတွင်တာဝန်ကျနေသည့်ဒုတိယဗိုလ်မှူးကြီးလှမိုးကို ဇူလိုင်လ ၂၄ရက်တွင် နေပြည်တော်မှ တိုက်ရိုက်လာရောက် ဖမ်းဆီးခြင်းဖြစ်​ကြောင်းကန်ပိုက်တီဒေသခံတစ်ဦးကပြောသည်။

(ကန်ပိုက်တီ နယ်စပ်ကုန်သွယ်​ရေးစခန်း။ ဓါတ်ပုံ-commerce)
(ကန်ပိုက်တီ နယ်စပ်ကုန်သွယ်​ရေးစခန်း။ ဓါတ်ပုံ-commerce)

ကချင်ပြည်နယ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)တိုင်းမှူးဗိုလ်ချုပ်ကိုကိုမောင်ကိုစစ်ကောင်စီက ဖမ်းဆီးခဲ့သည့် အမှုနှင့်ဆက်စပ်ပြီး ကန်ပိုက်တီနယ်စပ်ကုန်သွယ်‌ရေးစခန်းမှ ဒုတိယဗိုလ်မှူးကြီးတစ်ဦးကို စစ်ကောင်စီက ထပ်မံဖမ်းဆီးလိုက်ကြောင်း ​ဒေသခံအချို့က​ပြောသည်။

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဇုန်ဖြစ်‌သော ကန်ပိုက်တီနယ်ကုန်သွယ်​ရေးစခန်းတွင်တာဝန်ကျနေသည့်ဒုတိယဗိုလ်မှူးကြီးလှမိုးကို ဇူလိုင်လ ၂၄ရက်တွင် နေပြည်တော်မှ တိုက်ရိုက်လာရောက် ဖမ်းဆီးခြင်းဖြစ်​ကြောင်းကန်ပိုက်တီဒေသခံတစ်ဦးကပြောသည်။

“ဒုတိယဗိုလ်မှူးကြီးလှမိုးကိုဖမ်းသွားပြန်ပြီဗျ။ဆဒုံးမြို့ကတပ်ရင်းကတဆင့် လာဖမ်းတာ။ နေပြည်တော်ကလူတွေပတယ်”ဟု အထက်ပါ သတင်းရင်းမြစ်ကပြောသည်။

ဒုတိယဗိုလ်မှူးကြီး လှမိုးသည် ဆဒုံးမြို့အခြေစိုက်ခမရ ၃၈၉၏ တပ်ရင်းမှူးလည်းဖြစ်ကြောင်း သိရသည်။ဖမ်းဆီးသည့်အကြောင်းရင်းကို ရှင်းရှင်းလင်းလင်သိရသေးသော် လည်း ပြီးခဲ့သည့်ရက်အနည်းငယ်က စစ်ကောင်စီက ဖမ်း‌ဆီးထိန်းသိမ်းခဲ့သည့် မပခတိုင်းမှူးဗိုလ်ချုပ်ကိုကိုမောင်၏ အမှုတွဲအဖြစ် ဖမ်းဆီးခြင်းဟု ကန်ပိုက်တီနယ်စပ်အနီး ဝိုင်းမော်မြို့ အခြေစိုက်စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ (၅၈)မှ သတင်းရင်းမြစ်တစ်ဦးကလည်းပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“စစ်တပ်ထဲ တော်တော်လေးကို တပ်ပျက်နေတာ။ ကချင်ပြည်နယ်အစိုးရအဖွဲ့ထဲက ပုဂ္ဂိုလ်တွေလည်း ကျီးလန့်စာစားပဲ။ အကုန်ပေါင်းစားနေတော့ တနွယ်ငင်တစင်ပါ အဖမ်းခံရနိုင်တယ်လေ” ဟု ဖားကန့်မြို့မှ ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။

နမ့်ဆန်ယန်ဒေသအပါအဝင် ကချင်ပြည်နယ်အတွင်း လတ်တလော တိုက်ပွဲများ၌ အထိနာပြီးနောက် စစ်ကောင်စီတပ်သည် ဗိုလ်ချုပ်ကိုကိုမောင်အား ဇူလိုင်လ ၁၃ရက်တွင် ဖမ်းဆီးခဲ့သည်။ ဖမ်း‌ဆီးရသည့် အကြောင်းရင်းကို စစ်ကောင်စီက ထိန်ချန်ထားသော်လည်း KIA ထိပ်ပိုင်းခေါင်း

ဆောင်များနှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံရခြင်းဟု သတင်းများထွက်ပေါ်နေသည်။ဗိုလ်ချုပ်ကိုကိုမောင်မိသားစု၏ ပိုင်ဆိုင်မှုများကိုလည်း စစ်ဆေးနေသည်ဟု သတင်းများထွက်ပေါ်နေသည်။

ဗိုလ်ချုပ်ကိုကိုမောင်အား ဖမ်းဆီးပြီးနောက် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူးဗိုလ်ချုပ်စိုးလှိုင်အား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် စစ်ကောင်စီက ခန့်အပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်းဆောင်းပါး

အိန္ဒိယနဲ့မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ ကုန်သွယ်မှုအနည်းဆုံးဖြစ်တဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့ကနယ်စပ်ဂိတ်ကို အာဏာသိမ်းစစ်တပ်က မကြာမီ ပြန်ဖွင့်တော့မယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် တံတားကြီးရပ်ကွက်မှာ ဈေးရောင်းဖို့ ထွက်လာတဲ့ လူငယ် ၃ ဦးကို (ဃ)ရပ်ကွက် ရာအိမ်မှူးအဖွဲ့ က ဖမ်း‌ဆီးပြီး စစ်မှုထမ်းစုဆောင်းတဲ့နေရာကိုပို့ဆောင်လိုက်တယ်လို့ Rangoon Scout Network-RSN ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

​တော်လှန်​ရေးတပ်​တွေရဲ့ စဉ့်ကူးမြို့သိမ်းတိုက်ပွဲ အတွင်း အချုပ်ကနေလွတ်မြောက်ခဲ့တဲ့ မြန်မာအမျိုးသမီး စတီရီယိုတေးသံရှင် အဆို​တော် တသသ ကိုအာဏာသိမ်းစစ်တပ်ကပြန်လည်ဖမ်းဆီးထားတယ်လို့ ဖြစ်စဥ်ကိုသိသူ​တွေက​ပြောပါတယ်။