Connect with us

Hi, what are you looking for?

သတင်း

ပုလောမြို့နယ် မီးလောင်ချောင်းရွာ စစ်ကောင်စီဂိတ် ကို PDF ပူးပေါင်းတပ် တိုက်ခိုက်

ဇူလိုင် ၂၆ရက် နေ့လယ်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မြိတ်ခရိုင်တပ်ရင်း (၁)နှင့်တောကြီးမြွေဟောက်တပ်ဖွဲ့တို့ ပူးပေါင်းပြီး စစ်ကောင်စီဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

(မြိတ်ခရိုင်တပ်ရင်း (၁)မှ ရဲဘေယ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MOD/NUG)
(မြိတ်ခရိုင်တပ်ရင်း (၁)မှ ရဲဘေယ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MOD/NUG)

▪️တိုက်ပွဲပိုမိုပြင်းထန်လာနိုင်၍ ပြည်သူများ စစ်ရေးသတင်းနားစွန့်နေထိုင်ကြရန် ပုလော PDF အသိပေး

တနင်္သာရီတိုင်း ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာရှိ စစ်ကောင်စီ ဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်က သွားရောက်ပစ်ခတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန PDF စစ်ရုံးချုပ်က ယနေ့ သတင်းထုတ်ပြန်သည်။

ဇူလိုင် ၂၆ရက် နေ့လယ်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မြိတ်ခရိုင်တပ်ရင်း (၁)နှင့်တောကြီးမြွေဟောက်တပ်ဖွဲ့တို့ ပူးပေါင်းပြီး စစ်ကောင်စီဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

တိုက်ပွဲမှာ နာရီဝက်ကြာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်၏ သေဆုံးထိခိုက်ကို စုံစမ်းဆဲဖြစ်ကြောင်း ထုတ်ပြန်သည်။

မြိတ်ခရိုင် တပ်ရင်း(၁) ပုလော PDFကလည်း တိုက်ပွဲသတင်းထုတ်ပြန်ထားရာ စစ်ကောင်စီတပ်၏ ထိခိုက်မှု အခြေအနေကို ခိုင်လုံမှုရှိစေရန် စုံစမ်းစစ်စစ်နေဆဲဖြစ်ပြီး ပူးပေါင်းအဖွဲ့များဘက်က ထိခိုက်မှုမရှိဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဇူလိုင် ၂၇ရက်တွင်လည်း စစ်ကောင်စီ၏ ခလရ(၂၈၅)တပ်က ပုလောမြို့နယ် ကျောင်းနိမ့်ရွာသို့ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လက်နက်ကြီးဖြင့် ၂ချက် ပစ်ခတ်ခဲ့ရာ လူနေအိမ်များအနီး ကျရောက်ပေါက်ကွဲခဲ့သည်ဟု ပုလော PDFက ထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီသည် လက်နက်မဲ့ အရပ်သားနှင့် ရန်သူမခွဲခြားတော့ဘဲ မိမိတတို့ကို ဆန့်ကျင်သူမှန်သမျှ ရန်သူသဖွယ် သဘောထားနေပြီဖြစ်ကြောင်း၊ ထို့ကြောင့် စစ်ကောင်စီကို ချေမှုန်းရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိတော့‌ ကြောင်း ဖော်ပြသည်။

ထို့ကြောင့် ပုလောမြို့နယ်အတွင်းတိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်၍ ပြည်သူများ စစ်ရေးသတင်း အမြဲ နားစွန့်ထားရန်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် နှင့် တော်လှန်ရေး မဟာမိတ် အဖွဲ့များမှ သတင်းထုတ်ပြန်ချက်များကို ဂရုတစိုက်စောင့်ကြည့်၍ လေးစားလိုက်နာပေးရန် မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။