Connect with us

Hi, what are you looking for?

သတင်း

ကလေးဝမြို့နယ်တွင် တိုက်ပွဲအထိနာသည့် စစ်ကောင်စီတပ်က ကျေးရွာနှစ်ရွာ မီးရှို့ဖျက်ဆီး

တိုက်ပွဲအပြင်းအထန် မဖြစ်မီ ဇူလိုင် ၂၅ရက်ညတွင် စစ်ကောင်စီစစ်ကြောင်းသည် မိုင်းအကြိမ်ကြိမ်ထိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။

(စစ်ကောင်စီတပ်က ကလေးဝမြို့နယ်ရှိ ကျေးရွာအား မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ်က ကလေးဝမြို့နယ်ရှိ ကျေးရွာအား မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ကလေးဝမြို့နယ်တွင် ဇူလိုင် ၂၆ ရက်နှင့် ဇူလိုင် ၂၇ရက်က နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပြီး အထိနာသွားသည့် စစ်ကောင်စီတပ်က ကျေးရွာနှစ်ရွာမှ နေအိမ် ၁၂၀ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သတင်းရရှိသည်။

ကလေးခရိုင် တပ်ရင်း(၉)၊ကလေးဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ် သည် ကလေးဝမြို့နယ် ဂဇက်ကျေးရွာအနီးတွင် ဇူလိုင် ၂၅ ရက် ညကစ၍ စစ်ရေးတင်းမာခဲ့ခြင်းဖြစ်သည်။ ဇူလိုင် ၂၆ရက်နှင့် ၂၇ရက်တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။

” ခမရ (၃၀၉)နဲ့ ခမရ (၂၇၂)က နှစ်ရင်းပေါင်းပြီး အင်အား ၈၀ ကျော်နဲ့ စစ်ကြောင်းဝင်လာတာ။ ရွာကို ဝင်မယ်လို့ သတင်းကြိုရလို့ ရဲဘော်တွေက တိုက်တာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲအပြင်းအထန် မဖြစ်မီ ဇူလိုင် ၂၅ရက်ညတွင် စစ်ကောင်စီစစ်ကြောင်းသည် မိုင်းအကြိမ်ကြိမ်ထိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ဘက်က တစ်ယောက်မှ မထိဘူး။ စစ်‌ကောင်စီစစ်ကြောင်းကတော့ အထိအခိုက် များတယ်”ဟု၎င်းက ပြောသည်။

အထိနာပြီး ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်သည် ယမန်နေ့ ညတွင် စစ်ကောင်စီအခြေစိုက်စခန်းရှိသည့် မစိန်ကျေးရွာသို့ ဝင်ရောက်သွားကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။