Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စု၏ လွတ်ငြိမ်းသက်သာခွင့် ကြေညာချက် ပြည်သူလူထုအား ထင်ယောင်ထင်မှားဖြစ်စေပြီး ၎င်းတို့၏ ရှုံးနိမ့်နေမှုကို ဖုံးကွယ်ရန် ကြိုးပမ်းမှုသာဖြစ်ဟု NUG တရားရေး ထုတ်ပြန်

စစ်​ကောင်စီက နိုင်ငံ​​တော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ​ထောင် ၃၃ နှစ်ချ ထားရာမှ ၆ နှစ် ​လျှော့​ပေးပြီး ၂၇ နှစ်ကျန်​သေးသလို ၊နိုင်ငံ​တော်သမ္မတကိုလည်း ၁၂ နှစ် ချထားရာမှ ၂ နှစ်သာချ​ပေးခြင်းဖြစ်သည်။

(စစ်​ကောင်စီက နိုင်ငံ​တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံ​တော်သမ္မတတို့ကို ​ထောင်တရားရုံးတွင် ရုံးထုတ်စဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ)
(စစ်​ကောင်စီက နိုင်ငံ​တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံ​တော်သမ္မတတို့ကို ​ထောင်တရားရုံးတွင် ရုံးထုတ်စဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ)

▪︎ခေါင်းဆောင်နှစ်ဦးနှင့် အပြစ်မဲ့ နိုင်ငံသားများအပေါ် ချမှတ်ထားသော ပြစ်ဒဏ်အသီးသီးကို ပယ်ဖျက်ပြီး ခြွင်းချက်မရှိ ချက်ချင်းလွှတ်ရန် ကြေညာ

အကြမ်းဖက်စစ်အုပ်စု၏ လွတ်ငြိမ်းသက်သာခွင့် ပြုကြောင်း ကြေညာချက်သည် ပြည်သူလူထုအား ထင်ယောင်ထင်မှားဖြစ်စေပြီး ၎င်းတို့၏ ရှုံးနိမ့်နေမှုကို ဖုံးကွယ်ရန် ကြိုးပမ်းမှုသာဖြစ်ကြောင်း NUG တရားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

မင်းအောင်လှိုင်ခေါင်းဆောင်သော အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အပေါ် မတရားပြစ်ဒဏ်ချထားမှုများအနက်မှ အချို့ကို ယနေ့ လွတ်ငြိမ်းသက်သာပေးခဲ့ခြင်းနှင့် စပ်လျဉ်း၍ အမျိုးသားညီညွတ်ရေးအစိုးရ NUG တရားရေးဝန်ကြီးဌာနက ခေါင်းဆောင်နှစ်ဦးနှင့် အပြစ်မဲ့ နိုင်ငံသားများအပေါ် ချမှတ်ထားသော ပြစ်ဒဏ်အသီးသီးကို ပယ်ဖျက်ပြီး ခြွင်းချက်မရှိ ချက်ချင်းလွှတ်ရန် ထုတ်ပြန်သည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တို့သည် ပြစ်မှုတစ်စုံတရာကျူးလွန်ခြင်းမရှိဘဲ တဖက်သတ် လုပ်ကြံစွပ်စွဲဖမ်းဆီးခံရခြင်းဖြစ်ပြီး ၎င်းတို့အပေါ် ချမှတ်ထားသော ပြစ်ဒဏ်အားလုံးသည် ဥပဒေနှင့် ညီညွတ်ခြင်းမရှိသည့်အပြင် ပြစ်ဒဏ်များကို မတရားသဖြင့် ချမှတ်ခြင်းခံရခြင်းဖြစ်သည်ဟု တရားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အထက်ပါခေါင်းဆောင်နှစ်ဦးအပါအဝင် မြန်မာနိုင်ငံတဝှမ်းရှိ မတရားဖမ်းဆီး၍ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသော နိုင်ငံသားများအားလုံးသည် ခြွင်းချက်မရှိဘဲ ချက်ချင်းလွှတ်ပေးရမည့်သူများဖြစ်ပြီး ၎င်းတို့အပေါ် ပြစ်ဒဏ်များချမှတ်ထားသည့် အမိန့်များမှာ မူလကတည်းက ပျက်ပြယ်ပြီးဖြစ်ဟု တရားရေးဝန်ကြီးဌာနက ကြေညာသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီက နိုင်ငံ​​တော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ​ထောင် ၃၃ နှစ်ချ ထားရာမှ ၆ နှစ် ​လျှော့​ပေးပြီး ၂၇ နှစ်ကျန်​သေးသလို ၊နိုင်ငံ​တော်သမ္မတကိုလည်း ၁၂ နှစ် ချထားရာမှ ၂ နှစ်သာချ​ပေးခြင်းဖြစ်သည်။

နိုင်ငံတော်ခေါင်းဆောင်များနှင့်ပတ်သက်၍ စစ်ကောင်စီ၏ ယ‌နေ့ လွတ်ငြိမ်းကြေညာချက်သည် လူထုကို သွေးတိုးစမ်းခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သုံးသပ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။