Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန် – ပြည်လမ်းပေါ်တွင် မီနီဘက်စ်က ဆိုင်ကယ်တိုက်မိပြီး ကျောင်းသူတစ်ဦး အပါအဝင် နှစ်ဦးသေဆုံး

ဒဏ်ရာရရှိသူများအား ပတ္တမြားလူငယ် ပရဟိတအသင်းနှင့် ပုလဲ အရန်မီးသတ်တပ်ဖွဲ့ လူနာတင်ယာဉ်များက မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။

ဓာတ်ပုံ - ထင်လင်းအောင် (ပုလဲအရန်မီးသတ်တပ်ဖွဲ့)
ဓာတ်ပုံ - ထင်လင်းအောင် (ပုလဲအရန်မီးသတ်တပ်ဖွဲ့)

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ပြည်လမ်းမပေါ်တွင် ယနေ့(သြဂုတ် ၂) နံနက်က ပဲခူး – ရန်ကုန် မီနီဘက်စ်ယာဥ်က ဆိုင်ကယ်အားတိုက်မိပြီး ဆိုင်ကယ်ပေါ် လိုက်ပါလာသူ ကျောင်းသူတစ်ဦး အပါအဝင် လူနှစ်ဦးသေဆုံးခဲ့ကြောင်း လူမှုကူညီရေးအဖွဲ့များနှင့် ဒေသခံပြည်သူများက ပြောသည်။

ယနေ့ နံနက် ၈နာရီကျော်တွင် ပဲခူး – ရန်ကုန်ပြေးဆွဲသော မီနီဘက်စ်ယာဥ်က အခြားယာဥ်တစစီးအား ရှောင်ရာ လမ်းဘေးတွင် ရပ်ထားသည့် ဆိုင်ကယ်ကို ဝင်တိုက်ပြီး ဆိုင်ကယ်ပေါ်လိုက်ပါလာသည့် ကျောင်းသူတစ်ဦးနှင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း မင်္ဂလာဒုံမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

” မနက်က ပဲခူး-ရန်ကုန် လိုင်းကားလေးက ရှေ့ကားကို ရှောင်ရင်း လမ်းဘေးက ဆိုင်ကယ်ကို ဝင်တိုက်တာပါ။ ဆိုင်ကယ်သမားရော (၁၄) နှစ်ရွယ် ကျောင်းသူ တစ်ယောက် ကားအောက်ထဲ ရောက်ပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားပါတယ်။ ကားအောက်မှာ ပိနေတဲ့ ၅ နှစ်အရွယ် ကလေးကိုတော့ ပရဟိတအဖွဲ့ကအစ်ကိုက ကယ်ပေးလိုက်နိုင်ပါတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ ယာဥ်တိုက်မှုတွင် ကျောင်းသူတစ်ဦးနှင့် ဆိုင်ကယ်မောင်းနှင်သူတစ်ဦး သေဆုံးခဲ့ပြီး အတူလိုက်ပါသူ (၅)နှစ်အရွယ် ကလေးတစ်ဦးနှင့် မီနီဘက်စ်ယာဥ်ပေါ်မှ ခရီးသည် ၉ ဦး စုစုပေါင်း ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သွားရောက်ကူညီခဲ့သည့် ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“ကားအောက်ထဲ ရောက်ခဲ့တဲ့ လူ သုံးယောက်မှာ (၁၄)နှစ်အရွယ် ကျောင်းသူနဲ့ ဆိုင်ကယ်သမားကတော့ နေရာမှာတင် ဆုံးသွားတယ်။ (၅)နှစ်အရွယ် ကလေးကိုတော့ ကားအောက်ကနေ ခက်ခက်ခဲခဲ ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ကလေးက ဘယ်ဘက်လက်နဲ့ ညာခြေထောက်ကျိုးသွားပေမယ့် သေဆုံးမှုတော့ မရှိခဲ့ပါဘူး။ ဒီဖြစ်စဥ်မှာ သေဆုံးသူ ၂ဦး ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရခဲ့သူ လူနာ ၁၀ဦး ရှိခဲ့ပါတယ်”ဟု ပရဟိတအဖွဲ့ဝင်က ပြောသည်။

ဒဏ်ရာရရှိသူများအား ပတ္တမြားလူငယ် ပရဟိတအသင်းနှင့် ပုလဲ အရန်မီးသတ်တပ်ဖွဲ့ လူနာတင်ယာဉ်များက မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ကြက်ခြေနီရုံးနားမှာအသက်နှစ်လသားအရွယ်အမွှာကလေးနှစ်ဦးကို သြဂုတ်လ ၂ ရက်က လာရောက်စွန့်ပစ်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့တ​ယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဆိုင်ကယ်ကိုရှောင်ရင်း အိမ်စီးကားတစ်စီး တိမ်းမှောက်ခဲ့ပြီး သံဃာတစ်ပါးနဲ့ လူ ခြောက်ဦး စိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းက အသိပေးထားပါတယ်။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။