Connect with us

Hi, what are you looking for?

နိုင်ငံတကာ

၁၈ နှစ်ကြာ အတူရှိခဲ့တဲ့ ဇနီးနဲ့ လမ်းခွဲကြောင်း ကနေဒါ ဝန်ကြီးချုပ် ကြေညာ

ထရူဒူနဲ့ ဆိုဖီတို့ဟာ ငယ်စဉ်ကတည်းက သိကျွမ်းခဲ့ကြပြီး ဆိုဖီဟာ ထရူဒူရဲ့ ညီတယောက်ရဲ့ သူငယ်ချင်း ဖြစ်ခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၀၄ ခုနှစ်မှာ စေ့စပ်ကြောင်းလမ်းပြီး ၂၀၀၅ ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။

၁၈ နှစ်ကြာ အတူရှိခဲ့တဲ့ ဇနီးနဲ့ လမ်းခွဲကြောင်း ကနေဒါ ဝန်ကြီးချုပ် ကြေညာ
၁၈ နှစ်ကြာ အတူရှိခဲ့တဲ့ ဇနီးနဲ့ လမ်းခွဲကြောင်း ကနေဒါ ဝန်ကြီးချုပ် ကြေညာ

ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင် ထရူဒူက ဇနီးဖြစ်သူနဲ့ လမ်းခွဲတော့မယ်လို့ တရားဝင် သတင်းထုတ်ပြန် ကြေညာခဲ့ပါတယ်။

ဩဂုတ် ၂ ရက်မှာ ထရူဒူက သူဟာ ဇနီးဖြစ်သူ ဆိုဖီ ထရူဒူနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တဲ့ သတင်းကို Instagramမှာ ရေးသား အတည်ပြုခဲ့ပါတယ်။ အသက် ၅၁ နှစ်အရွယ် ဝန်ကြီးချုပ်က သူနဲ့ ဆိုဖီတို့ဟာ ခက်ခဲပေမယ့် အဓိပ္ပါယ် အများကြီးရှိတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့တဲ့နောက် အခုဆုံးဖြတ်ချက် ရွေးချယ်ခဲ့ကြတာ ဖြစ်တယ်လို့ ပြောပါတယ်။

လမ်းခွဲပြီးရင်လည်း သူနဲ့ ဆိုဖီဟာ မိတ်ဆွေရင်းချာတွေ အနေနဲ့ အပြန်အလှန် လေးစားချစ်ခင်နေမယ်လို့လည်း ထရူဒူက ပြောပါတယ်။ အသက် ၄၈ နှစ်အရွယ် ရုပ်မြင်သံကြား သတင်းထောက်ဟောင်း ဆိုဖီကတော့ အခုကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။

ဝန်ကြီးချုပ် ဇနီးမောင်နှံမှာ သားသမီး ၃ ဦးရှိပြီး ကလေးတွေကို ငဲ့ကွက်သောအားဖြင့် သူတို့မိသားစုရဲ့ ပုဂ္ဂိုလ်ရေး ဆုံးဖြတ်ချက်အပေါ် လေးစား နားလည်ပေးကြဖို့လည်း ထရူဒူက မေတ္တာရပ်ခံထားပါတယ်။

Public Service Announcement

Public Service Announcement

ထရူဒူနဲ့ ဆိုဖီတို့ဟာ ငယ်စဉ်ကတည်းက သိကျွမ်းခဲ့ကြပြီး ဆိုဖီဟာ ထရူဒူရဲ့ ညီတယောက်ရဲ့ သူငယ်ချင်း ဖြစ်ခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၀၄ ခုနှစ်မှာ စေ့စပ်ကြောင်းလမ်းပြီး ၂၀၀၅ ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။

ထရူဒူနဲ့ ဆိုဖီတို့ဟာ မကြာသေးခင် နှစ်ပိုင်းတွေအတွင်း လူမြင်ကွင်းမှာ အတူယှဉ်တွဲလျက် တွေ့ရတဲ့ အကြိမ်အရေအတွက် သိသိသာသာ နည်းပါးလာခဲ့ပါတယ်။ မေလတုန်းကတော့ သူတို့နှစ်ဦးဟာ ဗြိတိန်မှာ ချားလ်စ်ဘုရင်ရဲ့ နန်းတက်ပွဲကို အတူတွဲ တက်ရောက်ခဲ့သလို မတ်လတုန်းကလည်း ကနေဒါကို အလည်အပတ် ရောက်ရှိလာတဲ့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကို အတူယှဉ်တွဲ ဧည့်ခံခဲ့ကြပါတယ်။

ထရူဒူဟာ ရာထူးလက်ရှိ အခြေအနေမှာ လမ်းခွဲဖို့ ကြေညာတဲ့ ဒုတိယမြောက် ကနေဒါ ဝန်ကြီးချုပ်လည်း ဖြစ်လာပါတယ်။ ပထမဆုံး ပုဂ္ဂိုလ်ကတော့ ကွယ်လွန်သူ သူ့ဖခင် ပီယေး အီလီယော့ ထရူဒူဖြစ်ပြီး သူ့မိခင် မာဂရက် ထရူဒူနဲ့ အိမ်ထောင်သက် ၆ နှစ်အကြာ ၁၉၇၇ ခုနှစ်မှာ လမ်းခွဲဖို့ ကြေညာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ထရူဒူရဲ့ မိဘနှစ်ပါး တရားဝင် ကွာရှင်းပြတ်စဲခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီ နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲ တစ်ခုမှာ ပါဝင်ခဲ့တဲ့နောက် အိန္ဒိယ အတိုက်အခံ ခေါင်းဆောင် ရာဟူလ်ဂန္ဒီကို ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ပါတယ်။

နိုင်ငံတကာ

ကနေဒါဆီကနေ တင်သွင်းတဲ့ ကုန်စည်အမျိုးအစား အများအပြားအပေါ် တန်ဖိုးရဲ့ ၅၀ ရာခိုင်နှုန်းထိ အခွန်တိုးမြှင့် စည်းကြပ်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညွှန်ကြားလိုက်ပါတယ်။

နိုင်ငံတကာ

ပြည်သူအားလုံးအတွက် ရပ်တည်ပေးတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ဗြိတိန် ဝန်ကြီးချုပ် အလောင်းအလျာ အန်ဒီ ဘန်ဟမ်က ပြောကြားခဲ့ပါတယ်။