Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

၁၈ နှစ်ကြာ အတူရှိခဲ့တဲ့ ဇနီးနဲ့ လမ်းခွဲကြောင်း ကနေဒါ ဝန်ကြီးချုပ် ကြေညာ

ထရူဒူနဲ့ ဆိုဖီတို့ဟာ ငယ်စဉ်ကတည်းက သိကျွမ်းခဲ့ကြပြီး ဆိုဖီဟာ ထရူဒူရဲ့ ညီတယောက်ရဲ့ သူငယ်ချင်း ဖြစ်ခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၀၄ ခုနှစ်မှာ စေ့စပ်ကြောင်းလမ်းပြီး ၂၀၀၅ ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။

၁၈ နှစ်ကြာ အတူရှိခဲ့တဲ့ ဇနီးနဲ့ လမ်းခွဲကြောင်း ကနေဒါ ဝန်ကြီးချုပ် ကြေညာ
၁၈ နှစ်ကြာ အတူရှိခဲ့တဲ့ ဇနီးနဲ့ လမ်းခွဲကြောင်း ကနေဒါ ဝန်ကြီးချုပ် ကြေညာ

ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင် ထရူဒူက ဇနီးဖြစ်သူနဲ့ လမ်းခွဲတော့မယ်လို့ တရားဝင် သတင်းထုတ်ပြန် ကြေညာခဲ့ပါတယ်။

ဩဂုတ် ၂ ရက်မှာ ထရူဒူက သူဟာ ဇနီးဖြစ်သူ ဆိုဖီ ထရူဒူနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တဲ့ သတင်းကို Instagramမှာ ရေးသား အတည်ပြုခဲ့ပါတယ်။ အသက် ၅၁ နှစ်အရွယ် ဝန်ကြီးချုပ်က သူနဲ့ ဆိုဖီတို့ဟာ ခက်ခဲပေမယ့် အဓိပ္ပါယ် အများကြီးရှိတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့တဲ့နောက် အခုဆုံးဖြတ်ချက် ရွေးချယ်ခဲ့ကြတာ ဖြစ်တယ်လို့ ပြောပါတယ်။

လမ်းခွဲပြီးရင်လည်း သူနဲ့ ဆိုဖီဟာ မိတ်ဆွေရင်းချာတွေ အနေနဲ့ အပြန်အလှန် လေးစားချစ်ခင်နေမယ်လို့လည်း ထရူဒူက ပြောပါတယ်။ အသက် ၄၈ နှစ်အရွယ် ရုပ်မြင်သံကြား သတင်းထောက်ဟောင်း ဆိုဖီကတော့ အခုကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။

ဝန်ကြီးချုပ် ဇနီးမောင်နှံမှာ သားသမီး ၃ ဦးရှိပြီး ကလေးတွေကို ငဲ့ကွက်သောအားဖြင့် သူတို့မိသားစုရဲ့ ပုဂ္ဂိုလ်ရေး ဆုံးဖြတ်ချက်အပေါ် လေးစား နားလည်ပေးကြဖို့လည်း ထရူဒူက မေတ္တာရပ်ခံထားပါတယ်။

Public Service Announcement

Public Service Announcement

ထရူဒူနဲ့ ဆိုဖီတို့ဟာ ငယ်စဉ်ကတည်းက သိကျွမ်းခဲ့ကြပြီး ဆိုဖီဟာ ထရူဒူရဲ့ ညီတယောက်ရဲ့ သူငယ်ချင်း ဖြစ်ခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၀၄ ခုနှစ်မှာ စေ့စပ်ကြောင်းလမ်းပြီး ၂၀၀၅ ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။

ထရူဒူနဲ့ ဆိုဖီတို့ဟာ မကြာသေးခင် နှစ်ပိုင်းတွေအတွင်း လူမြင်ကွင်းမှာ အတူယှဉ်တွဲလျက် တွေ့ရတဲ့ အကြိမ်အရေအတွက် သိသိသာသာ နည်းပါးလာခဲ့ပါတယ်။ မေလတုန်းကတော့ သူတို့နှစ်ဦးဟာ ဗြိတိန်မှာ ချားလ်စ်ဘုရင်ရဲ့ နန်းတက်ပွဲကို အတူတွဲ တက်ရောက်ခဲ့သလို မတ်လတုန်းကလည်း ကနေဒါကို အလည်အပတ် ရောက်ရှိလာတဲ့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကို အတူယှဉ်တွဲ ဧည့်ခံခဲ့ကြပါတယ်။

ထရူဒူဟာ ရာထူးလက်ရှိ အခြေအနေမှာ လမ်းခွဲဖို့ ကြေညာတဲ့ ဒုတိယမြောက် ကနေဒါ ဝန်ကြီးချုပ်လည်း ဖြစ်လာပါတယ်။ ပထမဆုံး ပုဂ္ဂိုလ်ကတော့ ကွယ်လွန်သူ သူ့ဖခင် ပီယေး အီလီယော့ ထရူဒူဖြစ်ပြီး သူ့မိခင် မာဂရက် ထရူဒူနဲ့ အိမ်ထောင်သက် ၆ နှစ်အကြာ ၁၉၇၇ ခုနှစ်မှာ လမ်းခွဲဖို့ ကြေညာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ထရူဒူရဲ့ မိဘနှစ်ပါး တရားဝင် ကွာရှင်းပြတ်စဲခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဝန်ကြီးချုပ် ဦးဆောင်သည့် ချင်းပြည်အစိုးရ သည် ဧပြီ ၁၃ရက်မှ ၁၉ရက်အတွင်း ချင်းပြည်နယ်အတွင်းရှိ ဇိုဖေ၊ လောက်တူ၊ ဇိုတုန်နှင့် ဆဲန်ထန်ဒေသများသို့ သွားရောက်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု ချင်းပြည်အစိုးရက ထုတ်ပြန်သည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတကာ

လောလောဆယ် စင်ကာပူ အစိုးရ အဖွဲ့ထဲမှာ ဘဏ္ဍာရေး ဝန်ကြီးအဖြစ်လည်း တာဝန်ယူထားတဲ့ ဝေါင်ဟာ နိုင်ငံသမိုင်းမှာ စတုတ္ထမြောက် ဝန်ကြီးချုပ် ဖြစ်လာမှာပါ။

သတင်း

ယာယီသမ္မတထံသို့ ဝန်ကြီးဦးရည်မွန်က သွားရောက်တင်ပြခဲ့ပြီး ဒုဝန်ကြီး နိုင်ကောင်းရွက်က ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတို့ထံ တင်ပြခဲ့သည်ဟု အသိပေးသည်။