Connect with us

Hi, what are you looking for?

သတင်း

ရေစကြို – ပခုက္ကူလမ်းပိုင်းတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

ရေစကြို(ပကဖ)အဖွဲ့သည် သြဂုတ် ၁ ရက်ကလည်း ရေစကြို – မန္တလေးလမ်းပိုင်း ဇီးတောကျေးရွာရှိ ပျူစောထီးစခန်းအား မောင်းသူမဲ့လေယာဥ်ငယ် နှစ်စီးဖြင့် ဗုံးချတိုက်ခိုက်ခဲ့သေးသည်။

ရေစကြို(ပကဖ)ရဲဘော်များ စစ်ဆင်ရေးတစ်ခုပြုလုပ်ရန် ပြင်ဆင်နေသည်ကိုတွေ့ရစဥ်။ဓာတ်ပုံ - ရေစကြို(ပကဖ)
ရေစကြို(ပကဖ)ရဲဘော်များ စစ်ဆင်ရေးတစ်ခုပြုလုပ်ရန် ပြင်ဆင်နေသည်ကိုတွေ့ရစဥ်။ဓာတ်ပုံ - ရေစကြို(ပကဖ)

မကွေးတိုင်း၊ ရေစကြို – ပခုက္ကူလမ်းပိုင်းတွင် စစ်ကောင်စီတပ်အားတိုက်ခိုက်ရာ ထိခိုက်မှုရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (သြဂုတ်၂ ရက်) နံနက် ၇နာရီခန့်က ရေစကြိုမြို့ပေါ်မှ အင်အား၅၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ဒိုင်နာယာဥ်ဖြင့် ထွက်လာခဲ့သည်။

အဆိုပါ ယာဥ်အား ရေစကြို – ပခုက္ကူလမ်းမပေါ် ငါးမွေးမြူရေးခြံအနီးတွင် မိုင်း သုံးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ငါးဦးပြင်းထန်ဒဏ်ရာရရှိသွားကြောင်း ရေစကြို(ပကဖ)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“မြို့ပေါ်ကနေ ပြည်သူ့ကားတစ်စီးကို ချောဆွဲလာတာ။ မိုင်းဆွဲပြီးတော့ ဒီကောင်တွေက လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာရှိတယ်။ဒါပေမယ့် ဒီကောင်တွေက ကားမရပ်ဘူး။ တန်းမောင်းတာ။”ဟု အထက်ပါတာဝန်ခံက ဆိုသည်။

Public Service Announcement

Public Service Announcement

ရေစကြို(ပကဖ)အဖွဲ့သည် သြဂုတ် ၁ ရက်ကလည်း ရေစကြို – မန္တလေးလမ်းပိုင်း ဇီးတောကျေးရွာရှိ ပျူစောထီးစခန်းအား မောင်းသူမဲ့လေယာဥ်ငယ် နှစ်စီးဖြင့် ဗုံးချတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။