Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ(၃)နယ်မြေရှိ ကျေးရွာအတွင်း စစ်ကောင်စီလက်နက်ကြီးပစ်၍ ပြည်သူနှစ်ဦးသေဆုံး၊ ကလေးငယ်အပါအဝင် သုံးဦးဒဏ်ရာရ

ဩဂုတ် ၂ရက်နှင့် ၃ရက်တို့တွင် မူး(မုန်း)မြို့နယ် နှင့် ကျောက်တံတားခါးမြို့ရှိ စစ်ကောင်စီတပ်တို့က ဒေသတွင်းရှိကျေးရွာများသို့ လက်နက်ကြီး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

(စစ် ကောင်စီတပ်ဖွဲ့ဝင်အချိုကို ကရင်ပြည်နယ်တွင်၂၀၂၁ နှစ်ကုန်ပိုင်းက တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(စစ် ကောင်စီတပ်ဖွဲ့ဝင်အချိုကို ကရင်ပြည်နယ်တွင်၂၀၂၁ နှစ်ကုန်ပိုင်းက တွေ့ရစဥ်။ဓါတ်ပုံ-CJ)

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) တပ်မဟာ(၃) နယ်မြေအတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လက်နက်ကြီးများပစ်ခတ်၍ အရပ်သား ပြည်သူများ ထပ်မံသေဆုံးထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း KNUက ယမန်နေ့ညပိုင်းတွင် အသိပေးထုတ်ပြန်သည်။

ဩဂုတ် ၂ရက်နှင့် ၃ရက်တို့တွင် မူး(မုန်း)မြို့နယ် နှင့် ကျောက်တံတားခါးမြို့ရှိ စစ်ကောင်စီတပ်တို့က ဒေသတွင်းရှိကျေးရွာများသို့ လက်နက်ကြီး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

မူးမြို့နယ်ရှိ စစ်ကောင်စီတပ်​၏ ခမရ(၅၉၉)က ဩဂုတ် ၂ရက် နေ့လယ်ပိုင်းတွင် ပြည်သူလူထုများနေထိုင်သော ကျေးရွာများ အတွင်းသို့ လက်နက်ကြီး သုံးလုံးပစ်ခတ်ခဲ့ရာ တစ်လုံးမှာ မွေတွင်းကျေးရွာအတွင်းရှိ နေအိမ် တစ်လုံးအပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

ထိုသို့ ပေါက်ကွဲမှုကြောင့် အသက် (၃၇)နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးပြီး အသက် (၇၁) နှစ်အရွယ် အဘိုးအိုတစ်ဦး၊ (၆)နှစ်အရွယ် ကလေးငယ်နှင့် (၃၉)နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့သည်ဟု KNUက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဩဂုတ် ၃ရက်တွင်လည်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ ခမရ(၂၇၄)သည် ကျောက်တံခါးမြို့မှနေ၍ ဒေသတွင်းရှိ သမင်အင်းကုန်းကျေးရွာအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ (၁၆)နှစ်အရွယ် ဆယ်တန်းကျောင်းသား တစ်ဦးသေဆုံးခဲ့သည်။

ယခုနှစ် ဇွန်လအတွင်း သမင်အင်းကုန်းရွာသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများပစ်ခတ်တိုက်ခိုက်ခဲ့၍ အရပ်သားသေဆုံးထိခိုက်မှုများ ရှိခဲ့ဖူးသည်။

စစ်ကောင်စီတပ်သည် KNU နယ်မြေအတွင်းရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိ၍ ဒေသခံ ပြည်သူများ ထိခိုက်သေဆုံးမှု မကြာခဏ ရှိခဲ့ပြီး ပြည်သူများစွာ စိုးရိမ်ထိတ်လန့်ကာ စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု KNUက အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင်၊လယ်ဒို(ကျောက်ကြီး)မြို့နယ်မှာ စစ်ကောင်စီတပ်သား ၁၆ ဦး အလင်းဝင်လာကြောင်း KNUက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။