Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုအရှေ့ခြမ်း၌ တိုက်ပွဲပြင်းထန်နေ

ဒီးမော့ဆိုမြို့နယ် သဲတောင်ဒေသ၌ ဩဂုတ် ၂ ရက်ကစ၍ ထိတွေ့မှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း တိုက်ပွဲမှာ နေ့စဥ်နီးပါးရှိလာကြောင်း ၎င်းတို့က ဆိုသည်။

(ကရင်နီဒေသအတွင်းရှေ့တန်းမှ ကရင်နီတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - We Are Karenni)
(ကရင်နီဒေသအတွင်းရှေ့တန်းမှ ကရင်နီတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - We Are Karenni)

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့အရှေ့ခြမ်း၌ စစ်ကောင်စီက စစ်ကြောင်းသုံးခုဖြင့် ထိုးစစ်ဆင်နေ၍ တိုက်ပွဲပြင်းထန်နေကြောင်း ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်များက လူထုနွေဦးသို့ ပြောသည်။

ဒီးမော့ဆိုမြို့နယ် သဲတောင်ဒေသ၌ ဩဂုတ် ၂ ရက်ကစ၍ ထိတွေ့မှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း တိုက်ပွဲမှာ နေ့စဥ်နီးပါးရှိလာကြောင်း ၎င်းတို့က ဆိုသည်။

“ဒီနေ့မနက်ပိုင်းလည်း တိုက်ပွဲက ပြင်းထန်နေတယ်။အဓိကတော့ စစ်ကောင်စီက နယ်မြေထိန်းချုပ်ချင်နေတာကို ကျွန်တော်တို့ ခုခံနေတယ်လို့ ပြောလို့ရတယ် “ဟု ကရင်နီပူးပေါင်းတပ်မှ တာဝန်ရှိသူက ရှင်းပြသည်။

လက်ရှိ ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ စစ်ကြောင်းသုံးခု၌ အင်အား ၃၀၀ ထက်မနည်းရှိကြောင်းလည်း ၎င်းက အသိပေးသည်။

Public Service Announcement

Public Service Announcement

“ကရင်နီပြည်ရဲ့ အဓိကလမ်းမကြီးတွေကို နယ်မြေစိုးမိုးနိုင်ရေးအတွက် စကစ ဘက်က အသည်းအသန် ကြိုးပမ်းနေတယ်။မိုးဗြဲ-လွိုင်ကော်နဲ့ အခု သဲတောင်ဘက်ဆိုရင် ဒီးမော့ဆို-ဖရူဆို လမ်းမကြီးကို လိုချင်နေတာလို့ ပြောလို့ရတယ်”ဟု ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူက ပြောသည်။

ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲတွင် နှစ်ဖက်ထိခိုက်မှုများရှိသော်လည်း သက်ဆိုင်ရာတပ်ဖွဲ့များက ထုတ်ပြန်ခြင်းမရှိသေးပေ။

သို့သော် လက်ရှိတိုက်ပွဲဖြစ်ပွားရာ ဒေသနှင့် နီးစပ်သည့် ဒေါညင်းခူ – ထီးပေါ့ဆို လမ်းပိုင်းအားလုံးဝအသုံးမပြုရန်နှင့် ယာယီပိတ်ထားမည်ဟု KNDFက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။