Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီးမော့ဆိုအရှေ့ခြမ်း၌ တိုက်ပွဲပြင်းထန်နေ

ဒီးမော့ဆိုမြို့နယ် သဲတောင်ဒေသ၌ ဩဂုတ် ၂ ရက်ကစ၍ ထိတွေ့မှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း တိုက်ပွဲမှာ နေ့စဥ်နီးပါးရှိလာကြောင်း ၎င်းတို့က ဆိုသည်။

(ကရင်နီဒေသအတွင်းရှေ့တန်းမှ ကရင်နီတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - We Are Karenni)
(ကရင်နီဒေသအတွင်းရှေ့တန်းမှ ကရင်နီတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - We Are Karenni)

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့အရှေ့ခြမ်း၌ စစ်ကောင်စီက စစ်ကြောင်းသုံးခုဖြင့် ထိုးစစ်ဆင်နေ၍ တိုက်ပွဲပြင်းထန်နေကြောင်း ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်များက လူထုနွေဦးသို့ ပြောသည်။

ဒီးမော့ဆိုမြို့နယ် သဲတောင်ဒေသ၌ ဩဂုတ် ၂ ရက်ကစ၍ ထိတွေ့မှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း တိုက်ပွဲမှာ နေ့စဥ်နီးပါးရှိလာကြောင်း ၎င်းတို့က ဆိုသည်။

“ဒီနေ့မနက်ပိုင်းလည်း တိုက်ပွဲက ပြင်းထန်နေတယ်။အဓိကတော့ စစ်ကောင်စီက နယ်မြေထိန်းချုပ်ချင်နေတာကို ကျွန်တော်တို့ ခုခံနေတယ်လို့ ပြောလို့ရတယ် “ဟု ကရင်နီပူးပေါင်းတပ်မှ တာဝန်ရှိသူက ရှင်းပြသည်။

လက်ရှိ ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ စစ်ကြောင်းသုံးခု၌ အင်အား ၃၀၀ ထက်မနည်းရှိကြောင်းလည်း ၎င်းက အသိပေးသည်။

Public Service Announcement

Public Service Announcement

“ကရင်နီပြည်ရဲ့ အဓိကလမ်းမကြီးတွေကို နယ်မြေစိုးမိုးနိုင်ရေးအတွက် စကစ ဘက်က အသည်းအသန် ကြိုးပမ်းနေတယ်။မိုးဗြဲ-လွိုင်ကော်နဲ့ အခု သဲတောင်ဘက်ဆိုရင် ဒီးမော့ဆို-ဖရူဆို လမ်းမကြီးကို လိုချင်နေတာလို့ ပြောလို့ရတယ်”ဟု ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူက ပြောသည်။

ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲတွင် နှစ်ဖက်ထိခိုက်မှုများရှိသော်လည်း သက်ဆိုင်ရာတပ်ဖွဲ့များက ထုတ်ပြန်ခြင်းမရှိသေးပေ။

သို့သော် လက်ရှိတိုက်ပွဲဖြစ်ပွားရာ ဒေသနှင့် နီးစပ်သည့် ဒေါညင်းခူ – ထီးပေါ့ဆို လမ်းပိုင်းအားလုံးဝအသုံးမပြုရန်နှင့် ယာယီပိတ်ထားမည်ဟု KNDFက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။