Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သမ္မတ ဇီလန်စကီးကို လုပ်ကြံဖို့ အားထုတ်မှု တစ်ခုကို ကြားဖြတ် ဟန့်တားနိုင်ခဲ့ကြောင်း ယူကရိန်း ထောက်လှမ်းရေးဆို

စစ်ပွဲ အစပိုင်းမှာလည်း ရုရှားရဲ့ အထူးတပ်ဖွဲ့တွေဟာ ကိယက်ဗ်မှာရှိတဲ့ သမ္မတ အိမ်တော်ကို စီးနင်းပြီး ဇီလန်စကီးကို လုပ်ကြံဖို့ အထူးမစ်ရှင်တစ်ခု လုပ်ဆောင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ကြောင်း ယူကရိန်း ကြေညာဖူးပါတယ်။

သမ္မတ ဇီလန်စကီးကို လုပ်ကြံဖို့ အားထုတ်မှု တစ်ခုကို ကြားဖြတ် ဟန့်တားနိုင်ခဲ့ကြောင်း ယူကရိန်း ထောက်လှမ်းရေးဆို
သမ္မတ ဇီလန်စကီးကို လုပ်ကြံဖို့ အားထုတ်မှု တစ်ခုကို ကြားဖြတ် ဟန့်တားနိုင်ခဲ့ကြောင်း ယူကရိန်း ထောက်လှမ်းရေးဆို

သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကို လုပ်ကြံဖို့ အားထုတ်မှု တစ်ခုကို ကြားဖြတ် ဟန့်တားနိုင်ခဲ့ကြောင်း ယူကရိန်း ထောက်လှမ်းရေးဌာန (SBU)က ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က သမ္မတ ဇီလန်စကီးဟာ နိုင်ငံတောင်ပိုင်းမှာရှိတဲ့ မိုင်ကိုလိုင်ဗ်မြို့ဆီ ခဏတာ သွားရောက်ခဲ့ချိန်မှာ မြို့ခံ အမျိုးသမီး တစ်ဦးက ရုရှားတွေဆီ သတင်းပေးဖို့ ကြိုးစားခဲ့ကြောင်း SBUက ဆိုပါတယ်။ အခုအခါမှာ အဖမ်းခံထားရတဲ့ အမျိုးသမီးက မြို့ထဲမှာ သာမန်နဲ့ မတူတဲ့ လုံခြုံရေး အစီအမံတွေ တင်းကျပ်လာတာကို သတိပြုမိတဲ့နောက် ဇီလန်စကီး လာရောက်နိုင်တာကို ခန့်မှန်းပြီး ရုရှားတွေကို ဆက်သွယ်ဖို့ ကြိုးစားခဲ့တာပါ။ သူက မြို့ထဲမှာ အစောင့်အကြပ် တိုးမြှင့်ချထားတဲ့ နေရာကို ရုရှားက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်နိုင်အောင် သတင်းပေးဖို့ အားထုတ်ခဲ့တယ်လို့ SBU ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီ အမျိုးသမီးဟာ မိုင်ကိုလိုင်ဗ်မြို့ဆီ ဇီလန်စကီး လာရောက်နိုင်ခြေကို ဇူလိုင် လကုန်ပိုင်း ကတည်းက သတင်းအချက်အလက် စုဆောင်းယူနေခဲ့တာလို့လည်း SBUက ယုံကြည်ထားပါတယ်။ အဆုံးမှာတော့ ကျူးကျော်သူတွေဆီ သမ္မတရဲ့ ခရီးစဉ်အကြောင်း သတင်းပေးပို့ဖို့ အားထုတ်ခဲ့သူ အမျိုးသမီးကို ဖော်ထုတ် ဖမ်းဆီးပြီး သူ့အကြံအစည်ကို ဟန့်တားနိုင်ခဲ့ကြောင်း SBUက ဆိုပါတယ်။

သံသယ တရားခံ အမျိုးသမီးဟာ ရုရှားအတွက် စပိုင်အဖြစ် လှုပ်ရှားပေးနေခဲ့ဟန်ရှိပြီး အရင်ကလည်း မြို့ထဲမှာ ဖြန့်ကျက်ထားတဲ့ အီလက်ထရောနစ် စစ်ဆင်ရေး စနစ်တွေနဲ့ လက်နက်ခဲယမ်း သိုလှောင်ရုံတွေ နေရာကို ထောက်လှမ်း ရှာဖွေပေးခဲ့ကြောင်း SBUက စွပ်စွဲထားပါတယ်။ လက်ရှိ ဖမ်းမိထားတဲ့ အမျိုးသမီးရဲ့ နာမည်နဲ့ အချက်အလက်တွေကိုတော့ ယူကရိန်း အာဏာပိုင်တွေက မထုတ်ပြန်သေးပါဘူး။

Public Service Announcement

Public Service Announcement

အမျိုးသမီးရဲ့ မသင်္ကာစရာ လှုပ်ရှားမှုတွေကို SBUကို သတိထားမိလာတဲ့နောက် သူဟာ ယူကရိန်းရဲ့ လက်နက် စနစ်တွေ၊ ခဲယမ်းမီးကျောက် သိုလှောင်တဲ့ နေရာတွေကို လိုက်လံ ရှာဖွေ စုံစမ်းနေတယ်ဆိုတာ ပိုပြီး သတိပြုမိလာခဲ့ပါတယ်။ သူဟာ မိုင်ကိုလိုင်ဗ်မြို့နဲ့ အတော်ဝေးကွာတဲ့ နယ်မြေတွေထိ သွားရောက်ပြီး ယူကရိန်း စစ်ရေးပစ်မှတ်တွေကို ဓာတ်ပုံရိုက်ယူတာတွေ လုပ်ခဲ့ပါတယ်။

နောက်ဆုံး ယူကရိန်း သမ္မတရဲ့ ခရီးစဉ်ကို ရုရှားတွေဆီ အသိပေးပြီး လေကြောင်းတိုက်ခိုက်မှု ခေါ်ယူဖို့ စီစဉ်လာတဲ့ အချိန်မှာတော့ SBUက ကြားဖြတ်ပြီး ဖမ်းဆီးလိုက်တာလို့ သိရပါတယ်။

ဇီလန်စကီးဟာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ရုရှားတပ်တွေ ယူကရိန်းကို စတင်ကျူးကျော်ခဲ့တဲ့ ကာလနောက်ပိုင်း လုပ်ကြံဖို့ အားထုတ်မှု တချို့နဲ့ ကြုံတွေ့ခဲ့ပြီးပါပြီ။ စစ်ပွဲ အစပိုင်းမှာလည်း ရုရှားရဲ့ အထူးတပ်ဖွဲ့တွေဟာ ကိယက်ဗ်မှာရှိတဲ့ သမ္မတ အိမ်တော်ကို စီးနင်းပြီး ဇီလန်စကီးကို လုပ်ကြံဖို့ အထူးမစ်ရှင်တစ်ခု လုပ်ဆောင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ကြောင်း ယူကရိန်း ကြေညာဖူးပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတကာ

ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိလာရင်တောင်မှ တိုက်ခိုက်မှုတွေကိုတော့ ရုရှားက ရပ်တန့်ထားမှာ မဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

နိုင်ငံတကာ

ရုရှားက အသုံးပြုလာတဲ့ ဂျက်အင်ဂျင်တပ် ဖောက်ခွဲရေး ဒရုန်းတွေဟာ ယူကရိန်း လေကြောင်းကာကွယ်ရေး စနစ်တွေကို အကျပ်ရိုက်နေစေကြောင်း သိရပါတယ်။

နိုင်ငံတကာ

မော်လ်ဒိုဗာ လေပိုင်နက်ထဲ ရုရှားဒရုန်းတစ်စီး ကျူးကျော် ဝင်ရောက်လာမှုကြောင့် ယူကရိန်း သမ္မတရဲ့ လေယာဉ် ခရီးစဉ် နှောင့်နှေးမှုတွေ ကြုံခဲ့ကြောင်း သိရပါတယ်။

Facebook