Connect with us

Hi, what are you looking for?

သတင်း

သက်ဆိုင်သူအားလုံး နိုင်ငံရေးအရဖြေရှင်းဖို့ လိုလားမှသာ မြန်မာ့အရေး ပြေလည်နိုင်မယ်လို့ အင်ဒိုသမ္မတဆို

မြန်မာနိုင်ငံရဲ့ အခြေအနေတွေက စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေတာကို သတိပြုမိကြောင်း၊ ပဋိပက္ခမှာ ပါဝင်တဲ့ အင်အားစုတိုင်းက နိုင်ငံရေးနည်းနဲ့ ညှိနှိုင်းဖြေရှင်းရေးကို လိုလားမှသာ ဒီပြဿနာကို ဖြေရှင်းနိုင်မယ် ဆိုတာကို နားလည်ထားသင့်ကြောင်း ဝီဒိုဒိုက ပြောပါတယ်။

(အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒို ။ ဓါတ်ပုံ-Getty Images)
(အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒို ။ ဓါတ်ပုံ-Getty Images)

သက်ဆိုင်သူတိုင်းက နိုင်ငံရေးအရ ဖြေရှင်းဖို့ လိုလားချက်မျိုး အမှန်တကယ် ရှိမှသာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ထိထိရောက်ရောက် ကူညီကိုင်တွယ်နိုင်မယ်လို့ အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုက ပြောကြားသွားပါတယ်။

ပဋိပက္ခမှာ ပါဝင်ဆက်နွှယ်နေသူ အားလုံးက နိုင်ငံရေးအသိနဲ့ ညှိနှိုင်းဖို့ လက်တွေ့ အကောင်အထည် မဖော်မချင်း မြန်မာနိုင်ငံ ပြဿနာကို ဖြေရှင်းဖို့ မဖြစ်နိုင်ဘူးလို့ ဩဂုတ် ၈ ရက်မှာ ဝီဒိုဒိုက မှတ်ချက်ပေးခဲ့ပါတယ်။ အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ နိုင်ငံပါ။

မြန်မာနိုင်ငံမှာစစ်တပ် အာဏာသိမ်းပြီး နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး အကျပ်အတည်းတွေကို အာဆီယံက ကူညီ ဖြေရှင်းဖို့ ကြိုးစားခဲ့ပေမယ့် ထူးထူးခြားခြား အကျိုး

ဖြစ်ထွန်းမှု မရှိဘဲ လိမ်ဖယ်လိမ်ဖယ်နဲ့ ရှေ့ဆက်နေတာ အခုဆိုရင် တတိယမြောက် နှစ်အပိုင်းအခြားထဲ ဝင်ရောက်လာပါပြီ။

Public Service Announcement

Public Service Announcement

မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံ နိုင်ငံတွေကြားမှာပါ သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်လာပြီး အခုတော့ သံတမန်ရေးအရ ဖြေရှင်းဖို့ အားထုတ်မှုတွေကို ပိုမိုအရှိန်အဟုန် မြှင့်တင်လာနေကြပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေတွေက စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေတာကို သတိပြုမိကြောင်း၊ ပဋိပက္ခမှာ ပါဝင်တဲ့ အင်အားစုတိုင်းက နိုင်ငံရေးနည်းနဲ့ ညှိနှိုင်းဖြေရှင်းရေးကို လိုလားမှသာ ဒီပြဿနာကို ဖြေရှင်းနိုင်မယ် ဆိုတာကို နားလည်ထားသင့်ကြောင်း ဝီဒိုဒိုက ပြောပါတယ်။

သူကမြန်မာ အပါအဝင် အာဆီယံ ၁၀ နိုင်ငံစလုံးဟာ အတူလက်တွဲ ပူးပေါင်း ဆောင်ရွက်ကြမှသာ လက်ရှိ ကြုံနေတဲ့ ရှေ့မတိုးသာ နောက်မဆုတ်သာ အကျပ်အတည်းကြီးကနေ ဖောက်ထွက်နိုင်မယ်လို့လည်း ထောက်ပြခဲ့ပါတယ်။

သင်္ဘောကြီး (အာဆီယံ)က နစ်မြုပ်သွားလို့ မရကြောင်း၊ သန်းပေါင်း ရာနဲ့ချီ များပြားတဲ့ စီးနင်းလိုက်ပါလာသူ (ပြည်သူတွေ) ဒုက္ခရောက်မသွားဖို့ အာဆီယံ ခေါင်းဆောင် အားလုံးမှာ တာဝန်ရှိကြောင်းလည်း ဝီဒိုဒိုက ဆိုပါတယ်။

အလုပ်မဖြစ်ဘူးလို့ ဝေဖန်ခံနေရတဲ့တိုင် မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးအတွက် အာဆီယံက အဆိုပြုထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ဟာ ဆက်လက် ဆုပ်ကိုင်ထားရမယ့် မူဝါဒတွေ ဖြစ်တယ်လို့လည်း ဝီဒိုဒိုက ပြောကြားသွားပါတယ်။

လုပ်ထုံးလုပ်နည်းအရ မြန်မာ့အရေးအတွက် အာဆီယံရဲ့ ဖြေရှင်းမှုတွေမှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌက အဓိက အားစိုက်ရမှာ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ထိုင်းကပါ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အာဏာသိမ်း မြန်မာ စစ်တပ်ကို တိုက်ရိုက်ဆက်သွယ် ဆွေးနွေးမှုတွေ လုပ်ဆောင်လာတာကြောင့် အာဆီယံ အဖွဲ့ထဲမှာပါ အက်ကြောင်းတချို့ ထင်လာခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

အတွေးအမြင်

အမေရိကန်နိုင်ငံရေးအခင်းအကျင်းမှာ ၂၀၂၆ ခုနှစ်အလယ်သက်တမ်းရွေးကောက်ပွဲကို မျက်စိကျလာနေချိန်မှာ သမ္မတဒေါ်နယ်ထရမ့်အတွက် စိုးရိမ်စရာအချက်တစ်ခု ထင်ထင်ရှားရှားပေါ်လာနေပါတယ်။ အဲဒါကတော့ နှစ်ပေါင်းများစွာ သူ့ရဲ့ နိုင်ငံရေးအင်အား အခြေခံအဖြစ် ရပ်တည်ခဲ့တဲ့ အလုပ်သမားတန်းစား လူဖြူ မဲဆန္ဒရှင်တွေကြားမှာ စီးပွားရေးအပေါ် ယုံကြည်မှု လျော့နည်းလာခြင်းပါ။

သတင်း

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂျီအိုနိုဟာ မြန်မာနိုင်ငံမှာ အားလုံးပါဝင်ပြီး ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးအတွက် အင်ဒိုနီးရှားနိုင်ငံရဲ့ကတိကဝတ်ကို ထပ်လောင်းအတည်ပြုလိုက်ပါတယ်။