Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုနှင့် မြိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးအဖွဲ့များ နှစ်ရက်ဆက်တိုက်ခိုက်

သြဂုတ်လဆန်းတွင် မြိုင်မြို့နှင့်ရေစကြိုမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများ၊ ပျူရွာများအား ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဆက်တိုက် တိုက်ခိုက်နေသည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် လုံခြုံရေးယူနေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်တပ်အာဏာသိမ်းပြီးနောက် လုံခြုံရေးယူနေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုနှင့် မြိုင်မြို့နယ်တို့တွင် စစ်ကောင်စီတပ်အား နှစ်ရက်ဆက် တိုက်ခိုက်ရာ ထိခိုက်မှုရှိကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

သြဂုတ် ၈ရက်က မြိုင်မြို့နယ် မန္တလေးလမ်းပိုင်းရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်နှင့် ပခုက္ကူမြို့နယ်ရှိ စစ်ဆေးရေးလမ်းဂိတ်တို့အား လက်နက်ကြီးများဖြင့် ပစ်ခတိုက်ခိုက်ခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်လက်ယျာက ပြောသည်။

ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သားအချို့ ထိခိုက်မှုရှိသည်ဟု မြိုင်(ပကဖ)အဖွဲ့က ဆိုသည်။ ထို့အပြင် စစ်ကောင်စီတပ်ကလည်း ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ယင်းစစ်ဆင်ရေးကို အညာဒေသမဟာဗျူဟာကြီးကြပ်ရေးအဖွဲ့ (Anyar Region Strategic & Military Command ၏ လမ်းညွှန်ချက်ဖြင့် ဗိုလ်Crossနှင့် ဗိုလ်လင်းယုန်အဖွဲ့ ဦးဆောင်ပြီး မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဗိုလ်လင်းမြွေ/ခရိုင်တပ်ရင်း (၁၃)၊ MVP၊ မဟူရာအလင်းတန်း၊ ဇာမဏီ၊ M ဒေါင်းနီ၊ တုတ်ကြီး နှင့် DMG တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အလားတူ သြဂုတ် ၈ ရက်ကလည်း ရေစကြိုမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲရာ ဂွေးချို ပျုစောထီးကျေးရွာအား COBRA ONE၊ စနေမင်း၊ TARTAY REVOLUTION FORCE၊ Earthquake Peoples Defence Force တပ်ဖွဲ့တို့ပူးပေါင်း၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

လက်နက်ကြီး တစ်လုံးမှာ ကျေးရွာအတွင်းကျရောက်ပေါက်ကွဲပြီး တစ်လုံးမှာ ကင်းစောင့်နေသော စစ်အုပ်စုထံ ကျရောက်ပေါက်ကွဲခဲ့ကြောင်း COBRA ONE အဖွဲ့ခေါင်းဆောင် ဗိုလ်မြွေဟောက်က ပြောသည်။

“အထိခိုက်ကတော့ မသိရသေးပါဘူး။ စုံစမ်းရသလောက်ကတော့ ထိတော့ထိတယ်လို့တော့နယ်မြေခံပြည်သူထံက သိရတယ်။ ဦးရေကတော့အတိအကျ မသိရသေးလို့ မပြောနိုင်သေးပါဘူး။”ဟု ဗိုလ်မြွေဟောက်က ပြောသည်။

အလားတူ ဩဂုတ် ၈ရက် နေ့လယ် ၁၂နာရီခန့်က ရေစကြိုမြို့နယ်၊ အောင်မိုးလမ်းခွဲအနီးတွင်ကင်းပုန်းဝပ်နေသည့် ခလရ(၂၅၆)မှ စစ်ကောင်စီတပ်သား ခုနစ်ဦးအား ပစ်ခတ်တိုက်ခိုက်ရာ နှစ်ဦးသေဆုံးကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့(သြဂုတ် ၉ ရက်) နံနက်ပိုင်းကလည်း ရေစကြိုမြို့နယ် သော်ကဲဘကျေးရွာဘက်သို့ ထွက်လာသော အင်အား(၆၀)ခန့်ပါ စစ်ကောင်စီတပ်သားများအား ရေစကြို(ပကဖ)နှင့် ပခုက္ကူခရိုင် တပ်ရင်းအမှတ်(၉)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

“မနေ့ကထိတွေ့မှု နှစ်ကြိမ်ဖြစ်တယ်။ လက်ရှိအချိန်မှာလည်း ဒီကောင်တွေ မြေဖြုရွာအနားမှာရှိနေတယ်။ PDFအယောင်ဆောင်ပြီး စစ်ဆေးတာတွေလည်း ရှိတယ်။”ဟု အထက်ပါတာဝန်ခံက ဆိုသည်။

သြဂုတ်လဆန်းတွင် မြိုင်မြို့နှင့်ရေစကြိုမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများ၊ ပျူရွာများအား ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဆက်တိုက် တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ