Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေး၏အဆုံးအဖြတ်ကာလ မကြာမီ ရောက်ရှိလာတော့မည်ဟု ယုံကြည်ကြောင်း NUG ကာကွယ်ရေး သတင်းစကားပါး

ယနေ့ (ဩဂုတ် ၁၇ရက်) ကျရောက်သည့် (၇၅) နှစ်မြောက် ကရင်နီတပ်မတော်နေ့သို့ ပေးပို့သောဂုဏ်ပြုသဝဏ်လွှာ၌ ယခုကဲ့သို့ထည့်သွင်းဖော်ပြအသိပေးလာခြင်းဖြစ်သည်။

(ယနေ့ (ဩဂုတ် ၁၇ရက်) ကျရောက်သည့် (၇၅) နှစ်မြောက် ကရင်နီတပ်မတော်နေ့အခမ်းအနားကို လွတ်မြောက်နေရာတစ်နေရာ၌ ကျင်းပနေစဉ်။ ဓာတ်ပုံ - KnIc)
(ယနေ့ (ဩဂုတ် ၁၇ရက်) ကျရောက်သည့် (၇၅) နှစ်မြောက် ကရင်နီတပ်မတော်နေ့အခမ်းအနားကို လွတ်မြောက်နေရာတစ်နေရာ၌ ကျင်းပနေစဉ်။ ဓာတ်ပုံ - KnIc)

စစ်ကောင်စီအမြစ်ပြတ်အောင် ချေမှုန်းရမည့် တော်လှန်ရေး၏ အဆုံးအဖြတ်ကာလ မကြာမီ ရောက်ရှိလာတော့မည်ဟု ယုံကြည်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ အသိပေးသည်။

ယနေ့ (ဩဂုတ် ၁၇ရက်) ကျရောက်သည့် (၇၅) နှစ်မြောက် ကရင်နီတပ်မတော်နေ့သို့ ပေးပို့သောဂုဏ်ပြုသဝဏ်လွှာ၌ ယခုကဲ့သို့ထည့်သွင်းဖော်ပြအသိပေးလာခြင်းဖြစ်သည်။

(ယနေ့ (ဩဂုတ် ၁၇ရက်) ကျရောက်သည့် (၇၅) နှစ်မြောက် ကရင်နီတပ်မတော်နေ့အခမ်းအနားကို လွတ်မြောက်နေရာတစ်နေရာ၌ ကျင်းပနေစဉ်။ ဓာတ်ပုံ - KnIc)
(ယနေ့ (ဩဂုတ် ၁၇ရက်) ကျရောက်သည့် (၇၅) နှစ်မြောက် ကရင်နီတပ်မတော်နေ့အခမ်းအနားကို လွတ်မြောက်နေရာတစ်နေရာ၌ ကျင်းပနေစဉ်။ ဓာတ်ပုံ – KnIc)

စစ်ကောင်စီတပ်သည် ၂၀၂၂ ဒီဇင်ဘာလမှစတင်၍ လေကြောင်း၊ သံချပ်ကာ၊ လက်နက်ကြီး၊ အမြောက်၊ အတွဲလိုက်ပစ်ဒုံးများ အသုံးပြုပြီး အင်အားအလွန်အကျွံဖြင့် ကရင်နီပြည်နယ်အား ထိုးစစ်ဆင်လျက်ရှိသည်မှာ ယနေ့တိုင်ပင်ဖြစ်ပြီး နှစ်နှစ်တာကာလအတွင်း ကရင်နီတပ်မတော်နှင့်တကွ အခြားသော ကရင်နီအမျိုးသားတော်လှန်ရေး တပ်ဖွဲ့များ၏ စုစည်းညီညွတ်မှု၊ ကြိုးစားအားထုတ်မှုနှင့် စွန့်လွှတ်အနစ်နာခံမှုများကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြရပြီး ဖြစ်ကြောင်းလည်း ကာကွယ်ရေးဝန်ကြီးဌာန၏ သဝဏ်လွှာ၌ ဖော်ပြသည်။

မည်မျှပင် ရုပ်ပိုင်းဆိုင်ရာအင်အား သာလွန်နေစေကာမူ အကြမ်းဖက်စစ်တပ်သည် ကရင်နီပြည်စစ်မြေပြင်တွင် အလူးအလဲရှုံးနိမ့်လျက်ရှိသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ကရင်နီတပ်မတော်၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်နှင့် အခြားသောတော်လှန်ရေး တော်လှန်ရေးတပ်ဖွဲ့များ၏ ထက်သန်ပြင်းပြသော တော်လှန်တိုက်ခိုက်လိုစိတ်၊ စစ်ရေးစွမ်းရည်နှင့် ပူးပေါင်းအားထုတ်မှုများကို အလေးအနက် ဦးညွှတ်အသိအမှတ်ပြုကြောင်းလည်း NUG ကာကွယ်ရေးဝန်ကြီးဌာန၏ သဝဏ်လွှာ၌ ပါရှိသည်။

(ယနေ့ (ဩဂုတ် ၁၇ရက်) ကျရောက်သည့် (၇၅) နှစ်မြောက် ကရင်နီတပ်မတော်နေ့အခမ်းအနားကို လွတ်မြောက်နေရာတစ်နေရာ၌ ကျင်းပနေစဉ်။ ဓာတ်ပုံ - KnIc)
(ယနေ့ (ဩဂုတ် ၁၇ရက်) ကျရောက်သည့် (၇၅) နှစ်မြောက် ကရင်နီတပ်မတော်နေ့အခမ်းအနားကို လွတ်မြောက်နေရာတစ်နေရာ၌ ကျင်းပနေစဉ်။ ဓာတ်ပုံ – KnIc)

နိုင်ငံရေး၊စစ်ရေး၊စီးပွားရေး၊သံတမန်ရေး အစရှိသည့် နယ်ပယ်ပေါင်းစုံတွင် ကျရှုံး လျက်ရှိသော အကြမ်းဖက်စစ်တပ်နှင့် စစ်ကောင်စီအား စိုးစဉ်းမျှ နားခွင့်မပေးပဲ အမြစ်ပြတ်သည်အထိ ဝိုင်းပတ်ချေမှုန်းရမည့် တော်လှန်ရေး၏ အဆုံးအဖြတ်ကာလသို့ မကြာမီ ရောက်ရှိ လာတော့မည်ဟု ယုံကြည်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာပေးပို့ ပြောကြားသည်။

ပြည်သူ့တော်လှန်ရေးကြီး အောင်မြင်သည်အထိ ဦးလည်မသုန် ကြိုးပမ်း ဆောင်ရွက်နိုင်သည့် တပ်မတော်တရပ်ဖြစ်နိုင်ပါစေကြောင်း လည်း ကရင်နီတပ်မတော်သို့ ပေးပို့သည့် သဝဏ်လွှာ၌ ဖော်ပြခဲ့ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ ကရင်နီတပ်မတော်မှ ခေါင်းဆောင်များနှင့်တကွ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များအားလုံး ဘေးမသီရန်မခလျက် အောင်ပွဲအလီလီ ဆွတ်ခူး ပန်ဆင်နိုင်ပါစေဟု သဝဏ်လွှာပေးပို့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ပျူစောထီးအဖွဲ့ဝင်တဦးရဲ့ ဘောင်းဘီပေါ်က မန်ယူအသင်းတံဆိပ်ကို ဓားနဲ့ကွင်းလှီးခဲ့တဲ့ မန်ယူဖန်ပြည်သူ့ကာကွယ်ရေးရဲဘော်ကတော့ လက်ရှိအချိန်အထိ တိုက်ပွဲဝင်နေဆဲဖြစ်ပါတယ်။

သတင်း

လူမျိုးပေါင်းစုံ ချစ်ကြည်ရေး၊လွတ်မြောက်ရေးအတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဟန်ချက်ညီညီချိတ်ဆက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူ၀ါလရှီးလအပါအ၀င် တော်လှန်ရေးခေါင်းဆောင်တွေ ဆွေးနွေးခဲ့တယ်လို့ ကယန်းအမျိုးသားတပ်မတော် (KNA)ရဲ့အတွင်းရေးမှူး ခွန်းရဲခေါင်က ပြောပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုတွေ ညီညွတ်ဖို့၊ စစ်ရေးအရဟန်ချက်ညီဖို့၊ ဗျူဟာမြောက်ပူးပေါင်းမှု ပိုမြှင့်တင်ဖို့ NUG တိုက်တွန်း

သတင်း

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ ဖုန်းနဲ့ဆက်သွယ်ပြောဆိုခွင့်ရရှိခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဘောထား ထုတ်ပြန်ခဲ့ရာ မိသားစုဝင်တွေ၊ မြန်မာပြည်သူတွေနဲ့ထပ်တူ ဝမ်းမြောက်ကြောင်း ဖော်ပြပြီး ဖြစ်စဉ်တခုလုံးကို အလေးအနက်ထား စောင့် ကြည့်လျက်ရှိဟု ထုတ်ပြန်ပါတယ်။