Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေး၏အဆုံးအဖြတ်ကာလ မကြာမီ ရောက်ရှိလာတော့မည်ဟု ယုံကြည်ကြောင်း NUG ကာကွယ်ရေး သတင်းစကားပါး

ယနေ့ (ဩဂုတ် ၁၇ရက်) ကျရောက်သည့် (၇၅) နှစ်မြောက် ကရင်နီတပ်မတော်နေ့သို့ ပေးပို့သောဂုဏ်ပြုသဝဏ်လွှာ၌ ယခုကဲ့သို့ထည့်သွင်းဖော်ပြအသိပေးလာခြင်းဖြစ်သည်။

(ယနေ့ (ဩဂုတ် ၁၇ရက်) ကျရောက်သည့် (၇၅) နှစ်မြောက် ကရင်နီတပ်မတော်နေ့အခမ်းအနားကို လွတ်မြောက်နေရာတစ်နေရာ၌ ကျင်းပနေစဉ်။ ဓာတ်ပုံ - KnIc)
(ယနေ့ (ဩဂုတ် ၁၇ရက်) ကျရောက်သည့် (၇၅) နှစ်မြောက် ကရင်နီတပ်မတော်နေ့အခမ်းအနားကို လွတ်မြောက်နေရာတစ်နေရာ၌ ကျင်းပနေစဉ်။ ဓာတ်ပုံ - KnIc)

စစ်ကောင်စီအမြစ်ပြတ်အောင် ချေမှုန်းရမည့် တော်လှန်ရေး၏ အဆုံးအဖြတ်ကာလ မကြာမီ ရောက်ရှိလာတော့မည်ဟု ယုံကြည်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ အသိပေးသည်။

ယနေ့ (ဩဂုတ် ၁၇ရက်) ကျရောက်သည့် (၇၅) နှစ်မြောက် ကရင်နီတပ်မတော်နေ့သို့ ပေးပို့သောဂုဏ်ပြုသဝဏ်လွှာ၌ ယခုကဲ့သို့ထည့်သွင်းဖော်ပြအသိပေးလာခြင်းဖြစ်သည်။

(ယနေ့ (ဩဂုတ် ၁၇ရက်) ကျရောက်သည့် (၇၅) နှစ်မြောက် ကရင်နီတပ်မတော်နေ့အခမ်းအနားကို လွတ်မြောက်နေရာတစ်နေရာ၌ ကျင်းပနေစဉ်။ ဓာတ်ပုံ - KnIc)
(ယနေ့ (ဩဂုတ် ၁၇ရက်) ကျရောက်သည့် (၇၅) နှစ်မြောက် ကရင်နီတပ်မတော်နေ့အခမ်းအနားကို လွတ်မြောက်နေရာတစ်နေရာ၌ ကျင်းပနေစဉ်။ ဓာတ်ပုံ – KnIc)

စစ်ကောင်စီတပ်သည် ၂၀၂၂ ဒီဇင်ဘာလမှစတင်၍ လေကြောင်း၊ သံချပ်ကာ၊ လက်နက်ကြီး၊ အမြောက်၊ အတွဲလိုက်ပစ်ဒုံးများ အသုံးပြုပြီး အင်အားအလွန်အကျွံဖြင့် ကရင်နီပြည်နယ်အား ထိုးစစ်ဆင်လျက်ရှိသည်မှာ ယနေ့တိုင်ပင်ဖြစ်ပြီး နှစ်နှစ်တာကာလအတွင်း ကရင်နီတပ်မတော်နှင့်တကွ အခြားသော ကရင်နီအမျိုးသားတော်လှန်ရေး တပ်ဖွဲ့များ၏ စုစည်းညီညွတ်မှု၊ ကြိုးစားအားထုတ်မှုနှင့် စွန့်လွှတ်အနစ်နာခံမှုများကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြရပြီး ဖြစ်ကြောင်းလည်း ကာကွယ်ရေးဝန်ကြီးဌာန၏ သဝဏ်လွှာ၌ ဖော်ပြသည်။

မည်မျှပင် ရုပ်ပိုင်းဆိုင်ရာအင်အား သာလွန်နေစေကာမူ အကြမ်းဖက်စစ်တပ်သည် ကရင်နီပြည်စစ်မြေပြင်တွင် အလူးအလဲရှုံးနိမ့်လျက်ရှိသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ကရင်နီတပ်မတော်၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်နှင့် အခြားသောတော်လှန်ရေး တော်လှန်ရေးတပ်ဖွဲ့များ၏ ထက်သန်ပြင်းပြသော တော်လှန်တိုက်ခိုက်လိုစိတ်၊ စစ်ရေးစွမ်းရည်နှင့် ပူးပေါင်းအားထုတ်မှုများကို အလေးအနက် ဦးညွှတ်အသိအမှတ်ပြုကြောင်းလည်း NUG ကာကွယ်ရေးဝန်ကြီးဌာန၏ သဝဏ်လွှာ၌ ပါရှိသည်။

(ယနေ့ (ဩဂုတ် ၁၇ရက်) ကျရောက်သည့် (၇၅) နှစ်မြောက် ကရင်နီတပ်မတော်နေ့အခမ်းအနားကို လွတ်မြောက်နေရာတစ်နေရာ၌ ကျင်းပနေစဉ်။ ဓာတ်ပုံ - KnIc)
(ယနေ့ (ဩဂုတ် ၁၇ရက်) ကျရောက်သည့် (၇၅) နှစ်မြောက် ကရင်နီတပ်မတော်နေ့အခမ်းအနားကို လွတ်မြောက်နေရာတစ်နေရာ၌ ကျင်းပနေစဉ်။ ဓာတ်ပုံ – KnIc)

နိုင်ငံရေး၊စစ်ရေး၊စီးပွားရေး၊သံတမန်ရေး အစရှိသည့် နယ်ပယ်ပေါင်းစုံတွင် ကျရှုံး လျက်ရှိသော အကြမ်းဖက်စစ်တပ်နှင့် စစ်ကောင်စီအား စိုးစဉ်းမျှ နားခွင့်မပေးပဲ အမြစ်ပြတ်သည်အထိ ဝိုင်းပတ်ချေမှုန်းရမည့် တော်လှန်ရေး၏ အဆုံးအဖြတ်ကာလသို့ မကြာမီ ရောက်ရှိ လာတော့မည်ဟု ယုံကြည်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာပေးပို့ ပြောကြားသည်။

ပြည်သူ့တော်လှန်ရေးကြီး အောင်မြင်သည်အထိ ဦးလည်မသုန် ကြိုးပမ်း ဆောင်ရွက်နိုင်သည့် တပ်မတော်တရပ်ဖြစ်နိုင်ပါစေကြောင်း လည်း ကရင်နီတပ်မတော်သို့ ပေးပို့သည့် သဝဏ်လွှာ၌ ဖော်ပြခဲ့ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ ကရင်နီတပ်မတော်မှ ခေါင်းဆောင်များနှင့်တကွ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များအားလုံး ဘေးမသီရန်မခလျက် အောင်ပွဲအလီလီ ဆွတ်ခူး ပန်ဆင်နိုင်ပါစေဟု သဝဏ်လွှာပေးပို့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

Facebook