Connect with us

Hi, what are you looking for?

သတင်း

သမင်အင်းကုန်းရွာတိုက်ပွဲ စစ်ကောင်စီတပ် ၃၀ကျော်သေဟု NUG အတည်ပြု

တိုက်ပွဲအတွင်း လက်နက်မျိုးစုံ ၂၁လက်၊ ဒရုန်းပစ် တစ်လက်၊ မိုင်းရှာစက် တစ်လုံး၊ (၆၀) မမ ဗုံးသီးများနှင့် ကျည်မျိုးစုံ အမြောက်အများတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း PDF စစ်ရုံးချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓာတ်ပုံ - NUG-MOD)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓာတ်ပုံ - NUG-MOD)

▪️PDFပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် သုံးဦးကျဆုံး

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ သမင်အင်းကုန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၃၀ကျော် သေဆုံးပြီး လက်နက်အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)စစ်ရုံးချုပ်က ယနေ့(သြဂုတ် ၁၀) အတည်ပြုထုတ်ပြန်သည်။

ယမန်​နေ့(ဩဂုတ် ၉)နံနက် ၄ နာရီမှစတင်ကာ နေ့လယ် ၁နာရီခန့်အထိ စစ်ကောင်စီတပ်အင်အား ၆၀ခန့်နှင့် PDF ပူးပေါင်းတပ်ဖွဲ့များ ၉နာရီကြာ အထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဖော်ပြသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓာတ်ပုံ - NUG-MOD)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓာတ်ပုံ – NUG-MOD)

အဆိုပါ ၉ နာရီကြာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၃၀ကျော် သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကာ PDF ရဲဘော်တစ်ဦးကျဆုံးကာ တစ်ဦးမစိုးရိမ်ရဒဏ်ရာရရှိပြီး မဟာမိတ် KNLA မှ တပ်သားနှစ်ဦးကျဆုံးခဲ့ရကြောင်း အသိပေးသည်။

တိုက်ပွဲအတွင်း လက်နက်မျိုးစုံ ၂၁လက်၊ ဒရုန်းပစ် တစ်လက်၊ မိုင်းရှာစက် တစ်လုံး၊ (၆၀) မမ ဗုံးသီးများနှင့် ကျည်မျိုးစုံ အမြောက်အများတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း PDF စစ်ရုံးချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓာတ်ပုံ - NUG-MOD)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓာတ်ပုံ – NUG-MOD)

“ကျွန်တော်တို့ နယ်မြေရှင်းလင်းရေးလုပ်နေဆဲ ဖြစ်ပါတယ်။ အဲဒီကာလအတွင်းမှာ မနေ့(သြဂုတ် ၉)က လက်နက် ၁၈လက်ရထားတယ်။ ဒီကနေ့မနက် ခြောက်လက်ထပ်ရတယ်။ ဆိုတော့ ရန်သူ့ထံက လက်နက် ၂၄လက်ရထားပါတယ်”ဟု တိုက်ခိုက်မှုတွင်ပါဝင်သည့် အထူးကွန်မန်ဒိုတပ်ရင်း (တောင်ပိုင်းတိုင်း)မှ ရုံးထိုင်မှူးက People’s Springသို့ ပြောသည်။

လက်ရှိတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာအား PDF ပူးပေါင်းတပ်ဖွဲ့မှ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေလျှက်ရှိရာ လက်နက်များထပ်မံရရှိဆဲဖြစ်ကြောင်း အမှတ်(၂)စစ်ဒေသ၊ စစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက အသိပေးသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓာတ်ပုံ - NUG-MOD)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓာတ်ပုံ – NUG-MOD)

ယမန်နေ့က တိုက်ပွဲပြင်းထန်ခဲ့သော ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းကျေးရွာသို့ စစ်ကောင်စီတပ်က သြဂုတ် ၃ ရက်တွင် ပထမအကြိမ်စစ်ကြောင်းထိုးခဲ့စဥ်ကလည်း KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် လေးဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။