Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းအတွက် F-16 တိုက်လေယာဉ်တွေ ထောက်ပံ့ရေးကိစ္စ အမေရိကန် ခွင့်ပြုပေးလိုက်ပြီလို့ နယ်သာလန်အတည်ပြု

အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေဟာ ယူကရိန်းအတွက် အနောက်နိုင်ငံလုပ် ခေတ်မီ တိုက်လေယာဉ်တွေ၊ တင့်ကားတွေ ထောက်ပံ့ပေးဖို့ သဘောတူထားရာမှာ လေ့ကျင့်ရေး ကဏ္ဍကလည်း ကြီးမားတဲ့ တောင်းဆိုမှု တစ်ခုအနေနဲ့ ပါဝင်နေဆဲလို့ စစ်ရေး သုတေသီတွေက သုံးသပ် ပြောဆိုထားကြပါတယ်။

ယူကရိန်းအတွက် F-16 တိုက်လေယာဉ်တွေ ထောက်ပံ့ရေးကိစ္စ အမေရိကန် ခွင့်ပြုပေးလိုက်ပြီလို့ နယ်သာလန်အတည်ပြု
ယူကရိန်းအတွက် F-16 တိုက်လေယာဉ်တွေ ထောက်ပံ့ရေးကိစ္စ အမေရိကန် ခွင့်ပြုပေးလိုက်ပြီလို့ နယ်သာလန်အတည်ပြု

ယူကရိန်းဆီ F-16 တိုက်လေယာဉ်တွေ ထောက်ပံ့ ပေးအပ်ဖို့ အမေရိကန်ဆီက ရှင်းလင်းတိကျတဲ့ ခွင့်ပြုချက်မျိုး ရရှိခဲ့ပြီဖြစ်ကြောင်း နယ်သာလန် အစိုးရက ကြေညာပါတယ်။

အခုလိုမျိုး တိတိကျကျ ဆုံးဖြတ်ချက်တစ်ခု ဖော်ဆောင်နိုင်ခြင်းဟာ ရုရှားရဲ့ ကျူးကျော်စစ်ကို တွန်းလှန်နေရတဲ့ ယူကရိန်းဆီ F-16 တိုက်လေယာဉ်တွေ ထောက်ပံ့ ကူညီနိုင်ရေး ရည်မှန်းချက်အတွက် အရေးပါတဲ့ အချိုးအကွေ့တစ်ခု ဖြစ်လာကြောင်း နယ်သာလန် ကာကွယ်ရေး ဝန်ကြီးဌာနက ဩဂုတ် ၁၇ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေ အထောက်အပံ့ ရရှိဖို့ အနောက်မဟာမိတ် နိုင်ငံတွေဆီက ကာလရှည်ကြာ တောင်းဆိုနေခဲ့ပါတယ်။ အမေရိကန် အစိုးရက ယူကရိန်းကို F-16တွေ ကိုယ်တိုင် ထောက်ပံ့မှာ မဟုတ်ပေမယ့် ဥရောပ မဟာမိတ်တွေက ဝယ်ယူထားတဲ့ F-16တွေ ယူကရိန်းဆီ ပို့ဆောင်ချင်တယ် ဆိုရင်တော့ ကြားဝင် တားမြစ်မှာ မဟုတ်ကြောင်း မှတ်ချက် ပေးထားပါတယ်။

အခုတော့ အမေရိကန်ဟာ ယူကရိန်းဆီ F-16တွေ လွှဲပြောင်းပေးရေး ကိစ္စကို မီးစိမ်းပြလိုက်ပြီလို့ နယ်သာလန် ကာကွယ်ရေး ဝန်ကြီး ကက်ဂျ်ဆာ အိုလွန်ဂရန်က ပြောပါတယ်။ အမေရိကန်ရဲ့ ဆုံးဖြတ်ချက် ပြတ်ပြတ်သားသား ဖြစ်လာတာကို ကြိုဆိုကြောင်း၊ အခုဆိုရင် နယ်သာလန် အနေနဲ့ ယူကရိန်း လေယာဉ်မှူးတွေကို F-16တွေ ကျွမ်းကျွမ်းကျင်ကျင် မောင်းနှင်တတ်အောင် လေ့ကျင့်ပေးရေးကိစ္စ ပိုမို အာရုံစိုက်လို့ ရလာကြောင်း သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်းဟာ ဆိုဗီယက်လုပ် တိုက်လေယာဉ်တွေကိုသာ အဓိက မှီခိုနေရပြီး ပိုမို ခေတ်မီတဲ့ F-16တွေ ပိုင်ဆိုင်ရေးကို အပြင်းအထန် တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ယူကရိန်း လက်ထဲကို F-16တွေဟာ နောက်နှစ်လောက်မှ အစောဆုံး ရောက်လာဖွယ် ရှိနေပါတယ်။ ယူကရိန်းက လက်ရှိ ပိုင်ဆိုင်ထားတဲ့ တိုက်လေယာဉ်တွေထက် F-16တွေမှာ အားသာချက် အတော်များများ ရှိနေပြီး အထင်ရှားဆုံး တစ်ခုကတော့ တာဝေး ဒုံးကျည်တွေ ပစ်ခတ်နိုင်တာပါ။ ဒီအခြေအနေကြောင့် ယူကရိန်း တိုက်လေယာဉ်တွေဟာ ရန်သူ ရုရှားရဲ့ လေကြောင်းကာကွယ်ရေး ကွန်ရက်တွေကို အရဲစွန့် ဖြတ်သန်းစရာ မလိုဘဲ အဝေးကနေ ဒုံးကျည်တွေ တိတိကျကျ ပစ်လွှတ်လာနိုင်မယ်လို့ သိရပါတယ်။

အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေဟာ ယူကရိန်းအတွက် အနောက်နိုင်ငံလုပ် ခေတ်မီ တိုက်လေယာဉ်တွေ၊ တင့်ကားတွေ ထောက်ပံ့ပေးဖို့ သဘောတူထားရာမှာ လေ့ကျင့်ရေး ကဏ္ဍကလည်း ကြီးမားတဲ့ တောင်းဆိုမှု တစ်ခုအနေနဲ့ ပါဝင်နေဆဲလို့ စစ်ရေး သုတေသီတွေက သုံးသပ် ပြောဆိုထားကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

သတင်း

​နွေဦး​တော်လှန်​ရေးအတွက် စစ်​ရေးမှာ အ​ရေးကြီးဆုံးကာလကို​ရောက်​နေပြီဖြစ်ပြီး စစ်တပ်တိုက်​လေယာဥ်ပျက်ကျသတင်းမှာ​အောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာ​ကြောင်း ၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်က​ပြောကြားပါတယ် ။

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။