Connect with us

Hi, what are you looking for?

သတင်း

ခါမ်းပါတ်နှင့်တမူးနယ်စပ်တိုက်ပွဲဖြစ်ပြီး စစ်တပ်က​လေ​ကြောင်းမှပစ်ကူ​ပေးတိုက်ခိုက်

တိုက်ပွဲများ​ကြောင့် ခါမ်းပါတ်မြို့​ပေါ်နှင့် အနီးဝင်ကျင်ရှိ​ကျေးရွညများမှ ပြည်သူ​ထောင်​ပေါင်းများစွာထွက်​ပြေးခဲ့ရပြီး သြဂုတ် လဆန်းမှာ မြို့​ပေါ်က ပြည်သူအချို့ ​နေရပ်ပြန်​နေကြဟု​ဒေသခံအချို့က​ပြောသည်။

(ခါမ်းပါတ်မြို့နယ်နှင့် တမူးမြို့နယ် အစပ်ရှိ​ဒေသကို Google Map တွင်​တွေ့ရမှု)
(ခါမ်းပါတ်မြို့နယ်နှင့် တမူးမြို့နယ် အစပ်ရှိ​ဒေသကို Google Map တွင်​တွေ့ရမှု)

စစ်ကိုင်းတိုင်း၊ ခါမ်းပါတ်မြို့နယ်နှင့် တမူးမြို့နယ်အစပ် မလူရွာ၌ ယမန်​နေ့ညနေက တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး​နောက် ည ၈ နာရီ ခွဲခန့်တွင် စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်သွားကြောင်း သတင်းရရှိသည်။

“မလူရွာမှာ ညနေ သုံးနာရီလောက်က တိုက်ပွဲဖြစ်တယ်။ တော်တော်လေးပြင်းထန်တယ်။ ဒီည(သြဂုတ် ၁၈ ည) မှာ စစ်တပ်က လေကြောင်းကနေ လာပစ်တယ်။ အိမ်တချို့ထိပြီး အသေးစိတ်တော့ မသိရသေးဘူး”ဟု တမူးမြို့ခံတစ်ဦးကပြောသည်။

မင်းလူရွာ( ဒေသအခေါ် မလူရွာ) သည် ခမ်းပတ်နှင့် တမူးနယ်စပ် ဘုတ်ကန်ရွာအနီး၌ တည်ရှိသည်။

” လမ်မဘေးက‌နေ အတွင်းဘက်ကို နှစ်မိုင်လောက် ဝင်သွားရတဲ့ရွာ။ တိုက်ပွဲက ဖြစ်နေတယ်။ ဖုန်းလိုင်းမရလို့ မသိရသေးဘူး”ဟု တမူးမြို့မှ ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

မလူရွာကို တံတားဦးလေတပ်မှ တက်သွားသော ဂျက်ဖိုက်တာဖြင့် ပစ်ခတ်တိုက်ခိုက်သွားခြင်းဖြစ်ကြောင်း သိရသည်။

သြဂုတ် ၁၈ ရက် နေ့လယ်ကတိုက်ပွဲမှာစစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများ​သော​ကြောင့် လေကြောင်းမှတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်းPDF အချို့က​ပြောသည်။

ဇူလိုင် ၂၈ ရက်ကလည်း ဘုတ်ကန်ရွာတွင်တိုက်ပွဲ ဖြစ်ပွားခဲ့​ပြီး စစ်ကောင်စီတပ်က ထိုစဥ်ကလည်း​လေ​ကြောင်းမှ တိုက်ခိုက်ခဲ့​သေးသည်။

မြန်မာ-အိန္ဒိယနယ်စပ်ရှိ ခါမ်းပါတ်မြို့​ပေါ်နှင့် မြို့နယ်ခွဲ အတွင်းဇူလိုင်လ ၂၂ ရက်ညမှစ၍တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ခြင်းဖြစ်သည်။ စစ်​ကောင်စီတပ်က ထိခိုက်​သေဆုံးမှုများပြီး အထိနာလာသဖြင့် ဇူလိုင် ၂၃ ရက်မှစ၍ ရဟတ်ယာဥ်အသုံးပြု၍ က​လေးမြို့မှစစ်ကူများပို့​ဆောင်ခဲသလို ဇူလိူင် ၂၅ ရက်မှစ၍ ခါမ်းပါတ်မြို့နှင့် အနီး ဝန်းကျင်ကို ​လေ​ကြောင်းမှတိုက်ခိုက်ခဲ့သည်။ရက်​ပေါင်းများစွာတိုက်ပွဲများဖြစ်ပွားပြီး စစ်​တပ်စစ်​ကြောင်းမှာ ခါမ်းပါတ်မြို့ ​မြောက်ဘက်သို့ စစ်​ကြောင်းထိုးလာရာ လမ်းတစ်​လျှောက်တိုက်ပွဲများဆက်ဖြစ်​နေခြင်းဖြစ်သည်။

စစ်​ကောင်စီတပ်ကို ခါမ်းပါတ်မြို့နယ်က PDF များ၊တမူး PDF ၊က​လေး PDF ၊ချင်းလက်နက်ကိုင်အဖွဲ့အချို့နှင့် ​ဒေသတွင်း​တော်လှန်​ရေးအင်အားစုများကပူး​ပေါင်းတိုက်ခိုက်​နေခြင်းဖြစ်သည်။ခါမ်းပါတ်မြို့နယ်ခွဲ၏ ​​နေရာအများစုကို ​တော်လှန်​ရေးအဖွဲ့များက ထိန်းချုပ် စိုးမိုးထားခြင်းဖြစ်​ကြောင်း​ဒေသခံအချို့က​ပြောသည်။

တိုက်ပွဲများ​ကြောင့် ခါမ်းပါတ်မြို့​ပေါ်နှင့် အနီးဝင်ကျင်ရှိ​ကျေးရွညများမှ ပြည်သူ​ထောင်​ပေါင်းများစွာထွက်​ပြေးခဲ့ရပြီး သြဂုတ် လဆန်းမှာ မြို့​ပေါ်က ပြည်သူအချို့ ​နေရပ်ပြန်​နေကြဟု​ဒေသခံအချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။