Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့နယ် တည်သီးတောပျူရွာအား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်

ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ် – Wild Tiger LPDF အဖွဲ့သည် ဒေသတွင်းတော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်း၍ သြဂုတ် ၁၇ ရက်ကလည်း ရွှေဘိုမြို့အဝင်ရှိ စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့သေးသည်။

(တည်သီးတောပျူရွာအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ရန် ပြင်ဆင်နေစဥ်။ ဓာတ်ပုံ-Wild Tiger LPDF)
(တည်သီးတောပျူရွာအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ရန် ပြင်ဆင်နေစဥ်။ ဓာတ်ပုံ-Wild Tiger LPDF)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ တည်သီးတော ပျူစောထီးကျေးရွာရှိ ကင်းချရာနေရာများအား ဒရုန်းဖြင့်ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ကျားရိုင်း – ရွှေဘို (LPDF)အဖွဲ့၏ ​ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သြဂုတ် ၁၉ရက် ည၁၀ နာရီခန့်က ရွှေဘိုမြို့နယ်၊တည်သီးတောပျူစောထီးကျေးရွာရှိ ပျူများ ကင်းချရာနေရာများအား ဒရုန်းဖြင့် (၆၀)မမ ဗုံးသီး လေးလုံးချတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ကျားရိုင်း – ရွှေဘို (LPDF)အဖွဲ့၏ ​ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ညပိုင်းစစ်ဆင်ရေးဖြစ်နေ၍ ထိခိုက်မှုအခြေအနေ စုံစမ်းဆဲဟု ဆိုသည်။

“အစစရာရာ သူတို့မလွယ်တော့ဘူး။ကြာလာတာနဲ့အမျှ သူတို့ ခံရမယ်အလှည့်ရောက်နေပြီ”ဟု ဗိုလ်ကျားရိုင်း – ရွှေဘို(LPDF)အဖွဲ့၏ ​ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ် – Wild Tiger LPDF ၊ မိတ္ထီလာပြည်သူ့ကာကွယ်ရေးဒရုန်း တပ်ဖွဲ့ Lightning Done Force ( We are Everywhere) ၊ ကျောက်ဆည် နဂါးနီ တပ်ရင်း (၁) ၊ ရွှေဘိုခရိုင်း တပ်ရင်း (၁၅)၊ GOLDEN EAGLE-ZBG LPDF၊ Eagle Brothers Knight Force အရာတော် အဖွဲ့၊ ဗိုလ်ဂျပန်ကြီး – ရွှေဘို LPDF၊ဇေယျာသွေး ရွှေဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ဗိုလ်တစ်‌ထောင် Group ဒီပဲယင်း၊ တောင်သူကြီးများအဖွဲ့ ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့၊သ‌‌ပြေညို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Bo Ba Taw – SHWEBO LPDF အဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ် – Wild Tiger LPDF အဖွဲ့သည် ဒေသတွင်းတော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်း၍ သြဂုတ် ၁၇ ရက်ကလည်း ရွှေဘိုမြို့အဝင်ရှိ စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။