Connect with us

Hi, what are you looking for?

သတင်း

မင်းဘူး-အမ်းလမ်းဘေး ​ရေနံနှင့်သဘာဝဓါတ်​ငွေ့ပိုက်လိုင်းလုံခြုံရေး စစ်တပ်စခန်းတိုက်ခိုက်ခံရ

ယင်းအပြင် စခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အဆိုပါစခန်းအနီးဝင်ကျင်သို့ တပ်ကူစေလွှတ်၍ လုံခြုံရေးတိုးမြှင့်ခဲ့သလို CDF-Asho တပ်ဖွဲ့မှလည်း ၎င်းတို့၏ တပ်ဖွဲ့ဝင်များအား ကင်းပုန်းချထားခဲ့ကြောင်း စုံးမ်းသိရသည်။

(ပိုက်လိုင်း နှင့် တိုက်ခိုက်ခံခဲ့ရ​သောစစ်တပ်စခန်းပြ​မြေပုံ)
(ပိုက်လိုင်း နှင့် တိုက်ခိုက်ခံခဲ့ရ​သောစစ်တပ်စခန်းပြ​မြေပုံ)

မကွေးတိုင်း၊ ငဖဲမြို့၊ မင်းဘူး-အမ်းလမ်းဘေး ရေနံ နှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းလုံခြုံရေးချထားသည့် စစ်ကောင်စီတပ်စခန်းငယ်တစ်ခုကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ဒေသအခြေစိုက် CDF-Asho တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့(သြဂုတ် ၂၀)နံနက် ၅ နာရီခွဲက မင်းဘူး-အမ်းလမ်းမကြီး မြေလတ်ရွာအနီးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို စခန်းထဲအထိ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ အရာခံဗိုလ်တစ်ဦးနေရာတင်သေဆုံးကာ ဒဏ်ရာရသွားသောအခြားဆင့်တစ်ဦးမှာ ဆေးရုံရောက်ချိန်တွင်မှ ထပ်မံသေဆုံးသွားခြင်းဖြစ်ကြောင်း CDF-Asho တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

“ကျနော်တို့ စခန်းအိပ်ဆောင်ထဲအထိ ဝင်ပစ်ခဲ့တာဗျ။ အရာခံဗိုလ်က နေရာမှာတင်သေတယ်။ နောက်တစ်ဦးက ဆေးရုံရောက်မှ သေတယ်လို့ ထပ်သိရတယ်”ဟု ၎င်းက ဆိုသည်။

Public Service Announcement
Public Service Announcement

တိုက်ခိုက်ချိန်တွင် စစ်ကောင်စီတပ်စခန်း၌ အင်အား (၁၀)ဦးကျော်ရှိနေပြီး ၄၅ မိနစ်ခန့်အပြန်အလှန်ပစ်ခတ်မှုဖြစ်ကာ လက်နက်ရရှိရေးကြိုးပမ်းခဲ့သော်လည်း စစ်တပ်ဘက်မှ တပ်ကူများရောက်လာနိုင်​ခြင်း၊ ခဲယမ်းမလုံလောက်ခြင်း၊ အင်အားမမျှတခြင်းတို့ကြောင့် ပြန်လာဆုတ်ခွာခဲ့ရကြောင်းအသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့နောက် တိုက်ခိုက်မှုဖြစ်ပွားပြီး ၁ နာရီခန့်အကြာတွင် စစ်ကောင်စီဘက်မှ ငဖဲမြို့အခြေ စိုက် အမြှောက်တပ် အမတ-၃၇၅ မှ စစ်ကားနှစ်စီး၊ လူနာတင်ကားနှစ်စီးရောက်ရှိလာပြီး သေဆုံးနှင့် ဒဏ်ရာရစစ်ကောင်စီတပ်သားများအား လာရောက်သယ်ဆောင်သွားကြောင်း CDF-Asho တပ်ဖွဲ့ထံမှ သိရသည်။

ယင်းအပြင် စခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အဆိုပါစခန်းအနီးဝင်ကျင်သို့ တပ်ကူစေလွှတ်၍ လုံခြုံရေးတိုးမြှင့်ခဲ့သလို CDF-Asho တပ်ဖွဲ့မှလည်း ၎င်းတို့၏ တပ်ဖွဲ့ဝင်များအား ကင်းပုန်းချထားခဲ့ကြောင်း စုံးမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး အာရက္ခတပ်တော်(AA)နယ်မြေတွေဆီ ထိုးစစ်ဆင်တဲ့စစ်တပ်ကို အထိနာတပ်ဆုတ်ပြေးတဲ့အထိ ခုခံတိုက်ခိုက်ပြီးနောက်စစ်တွေမြို့နယ် အမြင့်ကျွန်း၊ ကံ့ကော်ကျွန်းနဲ့ တောကန်အနီး ဝန်းကျင်တို့ရှိ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

မတ္တရာမြို့နယ်အရှေ့‌‌ခြမ်း နဲ့ မြို့အနီးကစစ်တပ် တက်စွဲထားရာ​နေရာ အများစုက​နေပြန်ဆုတ်နေပြီး မတ္တရာမြို့တွင်းမှာ စုဖွဲ့မှု ပြန်လုပ် နေတယ်လို့ ဒေသတွင်း တော်လှန်ရေး သတင်းအရင်းမြစ်တွေကပြောပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ဖာပွန်ခရိုင်( မူတြော်)ထဲမှာတပ်စွဲထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ထော်မူပလဲမဲစခန်းကို ဒီနေ့(စက်တင်ဘာ ၈)ရက်မှာ KNU တပ်က တက်ရောက်ရှင်းလင်းသိမ်းယူလိုက်တယ်လို့ KNU မူတြော်ခရိုင်၊ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က အတည်ပြုပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ မုတ္တောကြီးကျေးရွာက မသန်စွမ်းအမျိုးသမီး ၁ဦး နဲ့ ကလေးငယ် ၁ဦးကို စစ်တပ်စစ်ကြောင်းက သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။