Connect with us

Hi, what are you looking for?

သတင်း

မင်းဘူး-အမ်းလမ်းဘေး ​ရေနံနှင့်သဘာဝဓါတ်​ငွေ့ပိုက်လိုင်းလုံခြုံရေး စစ်တပ်စခန်းတိုက်ခိုက်ခံရ

ယင်းအပြင် စခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အဆိုပါစခန်းအနီးဝင်ကျင်သို့ တပ်ကူစေလွှတ်၍ လုံခြုံရေးတိုးမြှင့်ခဲ့သလို CDF-Asho တပ်ဖွဲ့မှလည်း ၎င်းတို့၏ တပ်ဖွဲ့ဝင်များအား ကင်းပုန်းချထားခဲ့ကြောင်း စုံးမ်းသိရသည်။

(ပိုက်လိုင်း နှင့် တိုက်ခိုက်ခံခဲ့ရ​သောစစ်တပ်စခန်းပြ​မြေပုံ)
(ပိုက်လိုင်း နှင့် တိုက်ခိုက်ခံခဲ့ရ​သောစစ်တပ်စခန်းပြ​မြေပုံ)

မကွေးတိုင်း၊ ငဖဲမြို့၊ မင်းဘူး-အမ်းလမ်းဘေး ရေနံ နှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းလုံခြုံရေးချထားသည့် စစ်ကောင်စီတပ်စခန်းငယ်တစ်ခုကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ဒေသအခြေစိုက် CDF-Asho တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့(သြဂုတ် ၂၀)နံနက် ၅ နာရီခွဲက မင်းဘူး-အမ်းလမ်းမကြီး မြေလတ်ရွာအနီးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို စခန်းထဲအထိ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ အရာခံဗိုလ်တစ်ဦးနေရာတင်သေဆုံးကာ ဒဏ်ရာရသွားသောအခြားဆင့်တစ်ဦးမှာ ဆေးရုံရောက်ချိန်တွင်မှ ထပ်မံသေဆုံးသွားခြင်းဖြစ်ကြောင်း CDF-Asho တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

“ကျနော်တို့ စခန်းအိပ်ဆောင်ထဲအထိ ဝင်ပစ်ခဲ့တာဗျ။ အရာခံဗိုလ်က နေရာမှာတင်သေတယ်။ နောက်တစ်ဦးက ဆေးရုံရောက်မှ သေတယ်လို့ ထပ်သိရတယ်”ဟု ၎င်းက ဆိုသည်။

Public Service Announcement
Public Service Announcement

တိုက်ခိုက်ချိန်တွင် စစ်ကောင်စီတပ်စခန်း၌ အင်အား (၁၀)ဦးကျော်ရှိနေပြီး ၄၅ မိနစ်ခန့်အပြန်အလှန်ပစ်ခတ်မှုဖြစ်ကာ လက်နက်ရရှိရေးကြိုးပမ်းခဲ့သော်လည်း စစ်တပ်ဘက်မှ တပ်ကူများရောက်လာနိုင်​ခြင်း၊ ခဲယမ်းမလုံလောက်ခြင်း၊ အင်အားမမျှတခြင်းတို့ကြောင့် ပြန်လာဆုတ်ခွာခဲ့ရကြောင်းအသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့နောက် တိုက်ခိုက်မှုဖြစ်ပွားပြီး ၁ နာရီခန့်အကြာတွင် စစ်ကောင်စီဘက်မှ ငဖဲမြို့အခြေ စိုက် အမြှောက်တပ် အမတ-၃၇၅ မှ စစ်ကားနှစ်စီး၊ လူနာတင်ကားနှစ်စီးရောက်ရှိလာပြီး သေဆုံးနှင့် ဒဏ်ရာရစစ်ကောင်စီတပ်သားများအား လာရောက်သယ်ဆောင်သွားကြောင်း CDF-Asho တပ်ဖွဲ့ထံမှ သိရသည်။

ယင်းအပြင် စခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အဆိုပါစခန်းအနီးဝင်ကျင်သို့ တပ်ကူစေလွှတ်၍ လုံခြုံရေးတိုးမြှင့်ခဲ့သလို CDF-Asho တပ်ဖွဲ့မှလည်း ၎င်းတို့၏ တပ်ဖွဲ့ဝင်များအား ကင်းပုန်းချထားခဲ့ကြောင်း စုံးမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ် ၊ပါဒလိတ်တပ်ရင်းတွေရဲ့ အဓိကရှေ့ထွက်ကာကင်းတွေရှိရာ အမြင့်ကျွန်းဝန်းကျင်က စစ်တပ်စခန်း နောက်တခုကို အာရက္ခတပ်တော်(AA)က ဒီနေ့ ထပ်မံသိမ်းပိုက်လိုက်တယ်လို့ AA နဲ့နီးစပ်တဲ့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ညောင်ဦးမြို့နယ်ကဗျတ္တပန်းဆက်လမ်းပိုင်းတနေရာမှာတပ်စွဲထားတဲ့ စစ်တပ်စခန်းကိုတိုက်ခိုက်ခဲ့ရာစစ်တပ်ထိခိုက်မှုရှိတယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က တာဝန်ရှိသူတဦးက ပြောပါတယ်။

သတင်း

ဗန်းမော်အပါအဝင် ဒေသ ၅ခုမှာ စစ်ရေးတင်းမာ၊ စစ်တပ်က ဗန်းမော်က ဘုရားကျောင်းနဲ့ ပြည်သူ့အိုးအိမ်တွေ မီးရှို့

နိုင်ငံတကာ

ရုရှားရေနံတွေကို တရားမဝင် ခိုးဝှက်သယ်ဆောင်ပေးနေတဲ့ ရေနံတင် သင်္ဘောတစ်စီးကို ကြားဖြတ် ဖမ်းဆီးခဲ့ကြောင်း ပြင်သစ်က အတည်ပြုခဲ့ပါတယ်။