Connect with us

Hi, what are you looking for?

သတင်း

ရေဖြူမြို့နယ်တွင် လက်နက်ကိုင်ပျူတစ်ဦး ပစ်ခတ်ခံရ

ပစ်ခတ်ချိန်တွင် သိန်းစိုးနှင့်အတူ ၎င်း၏သားမက် ဖြစ်သူမှာလည်း ဆိုင်ကယ်တစ်စီးထဲ နှစ်ယောက် အတူစီးလာခြင်းဖြစ်သော်လည်း သားမက်ဖြစ်သူကို ပြန်လွှတ်ပေးလိုက်ကြောင်း Spring Dhamma PDF-K.L.A က အသိပေးသည်။

(လက်နက်ကိုင်ပျူစောထီးဟုဆိုသူ သိန်းစိုးထံမှ သိမ်းဆည်းရရှိသောပစ္စည်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)
(လက်နက်ကိုင်ပျူစောထီးဟုဆိုသူ သိန်းစိုးထံမှ သိမ်းဆည်းရရှိသောပစ္စည်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ ကျောက်ရှပ် ကျေးရွာမှ စစ်ကောက်စီလက်အောက်ခံ လက်နက်ကိုင်ပျူစောထီးတစ်ဦးအား ပစ်ခတ်ခဲ့ကြောင်း ဒေသအခြေစိုက် Spring Dhamma PDF-K.L.A ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့(သြဂုတ် ၂၂)နံနက် ၉ နာရီခွဲခန့်က ကလိန်အောင်မြို့၊ ကျောက်ရှပ်ကျေးရွာမှ ပျူစောထီးဟုဆိုသူ သိန်းစိုးအား ဥယျာဥ်ခြံမှအပြန် လမ်းတနေရာရစောင့်ဆိုင်းပစ်ခတ်ရှင်း လင်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“သူက ပြည်သူများကို ဖမ်းဆီးနှိပ်စက်ခြင်း၊ ပြည်သူ့နေအိမ်များကိုဖျက်ဆီးခြင်း စသဖြင့်လုပ်ဆောင်ခဲ့တာတွေ ရှိတယ်ဆိုတာ ဒေသခံများရဲ့ ပြောပြချက်အရ အချက်အလက်သိရတယ်။ ပြီးခဲ့တဲ့လအနည်းငယ်ကလည်း တော်လှန်ရေးတပ်ဖွဲ့တစ်ခုမှ သတိပေးခြင်းများကို ပြုလုပ်ခဲ့တယ်။ သတိပေးပြီးတဲ့နောက်ပိုင်းမှာ သူဟာဆိုရင် ခမရ(၄၀၈)ထဲမှာ ခိုလှုံခဲ့တယ်။ ပြီးတဲ့အခါ စစ်ကြောင်းထိုးရာမှာ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာတွေ ဆက်လုပ်ခဲ့တယ်။ ဒါကြောင့် အခုလိုပစ်ခတ်ရှင်းလင်းရခြင်းဖြစ်ပါတယ်”ဟု Spring Dhamma PDF-K.L.A မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement
Public Service Announcement

ပစ်ခတ်ချိန်တွင် သိန်းစိုးနှင့်အတူ ၎င်း၏သားမက် ဖြစ်သူမှာလည်း ဆိုင်ကယ်တစ်စီးထဲ နှစ်ယောက် အတူစီးလာခြင်းဖြစ်သော်လည်း သားမက်ဖြစ်သူကို ပြန်လွှတ်ပေးလိုက်ကြောင်း Spring Dhamma PDF-K.L.A က အသိပေးသည်။

Public Service Announcement

Public Service Announcement

အထက်ပါကဲ့သို့ ပစ်ခတ်ရှင်းလင်းမှုအပြီးတွင် သိန်းစိုးထံမှ M4-16 ကျည်နှင့်ထည့်ပစ်ရသောလက်လုပ်အတိုတစ်လက်၊ စစ်ကောင်စီးနှင့်ဆက်သွယ်ထားသော အချက်အလက်များကို သိမ်းဆည်းရရှိခဲ့​သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

တော်လှန်ရေးကာလအတွင်းဘက်ပြောင်းခိုလှုံလာတဲ့ အာဏာသိမ်းစစ်တပ် စစ်သား‌တွေ က လက်နက်အလက် ၂၀ ၀န်းကျင်ယူလာခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ၊အမှတ်(၁၀၀၆)တပ်ရင်း ရဲ့တာ၀န်ရှိသူကပြောပါတယ်။