Connect with us

Hi, what are you looking for?

News

တောင်ဒဂုံ (၂၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီး ဗုံးနှစ်လုံးပေါက်ကွဲ၊ ရာအိမ်မှူးတစ်ဦး ဒဏ်ရာရ

“ဒီမနက်အစောပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနားမှာ ဗုံးပေါက်တာပါ။ မသင်္ကာစရာ အိတ် တစ်ခုတွေ့တယ် ဆိုပြီး ရာအိမ်မှူးက သွားစစ်ကြည့်တဲ့အချိန် ထပေါက်တာလို့ သိရပါတယ်။ သူ့ရဲ့ လက်နဲ့ ခြေထောက်တွေမှာ ဒဏ် ရာရသွားပါတယ်”ဟု ၎င်းက ပြောသည်။

ဓာတ်ပုံ - South Dagon Information

ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်ရှိ (၂၄) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီး ယနေ့(အောက်တိုဘာ ၆ ရက်)နံနက်က ဗုံးနှစ်လုံးပေါက်ကွဲမှုဖြစ်ရာ ရာအိမ်မှူးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ရာအိမ်မှူးဖြစ်သူ ဦးစောသန်းထွန်း၏ ခြေထောက်နှင့် လက်တို့တွင် ဒဏ်ရာရရှိခဲ့ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

“ဒီမနက်အစောပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနားမှာ ဗုံးပေါက်တာပါ။ မသင်္ကာစရာ အိတ် တစ်ခုတွေ့တယ် ဆိုပြီး ရာအိမ်မှူးက သွားစစ်ကြည့်တဲ့အချိန် ထပေါက်တာလို့ သိရပါတယ်။ သူ့ရဲ့ လက်နဲ့ ခြေထောက်တွေမှာ ဒဏ် ရာရသွားပါတယ်”ဟု ၎င်းက ပြောသည်။

ထိုဖောက်ခွဲမှု ဖြစ်စဥ်ကို အာဏာသိမ်းဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ACPLF) က လုပ်ဆောင်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖောက်ခွဲတိုက်ခိုက်ရန် ရည်ရွယ်ထားသော်လည်း ရာအိမ်မှူး ဦးစောသန်းထွန်းက ဗုံးကို သတ်ရန်ကြိုးစားသဖြင့် ပေါက်ကွဲကာ ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အဓိကတိုက်ခိုက်ရန် ရည်ရွယ်သော်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ စစ်ကောင်စီ သတင်းပေးအဖြစ် ကြားဝင်နှောင့်ယှက်ပါက ဖြစ်လာသည့်အကျိုးဆက်ကို ခံစားရမည် ဖြစ်ကြောင်း ACPLF က အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့က စစ်ကောင်စီရဲ့မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေအမြန်ပို့ဖို့ တောင်းခံပြီးနောက် စစ်မှုထမ်း လူစုပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ညီဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးအသစ်တွေရွေးချယ်ပြီးနောက် စစ်မှုထမ်းကြေး‌ ငွေ ကောက်ခံမှု တိုင်ကြားခံရလို့ဆိုပြီး မဲနှိုက်မှုတွေပြန်လုပ်ကာ မဲပေါက်သူက ကျပ်သိန်းရာနဲ့ချီပို ပေးနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။