Connect with us

Hi, what are you looking for?

LuduNwayOo

News

တောင်ဒဂုံ (၂၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီး ဗုံးနှစ်လုံးပေါက်ကွဲ၊ ရာအိမ်မှူးတစ်ဦး ဒဏ်ရာရ

“ဒီမနက်အစောပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနားမှာ ဗုံးပေါက်တာပါ။ မသင်္ကာစရာ အိတ် တစ်ခုတွေ့တယ် ဆိုပြီး ရာအိမ်မှူးက သွားစစ်ကြည့်တဲ့အချိန် ထပေါက်တာလို့ သိရပါတယ်။ သူ့ရဲ့ လက်နဲ့ ခြေထောက်တွေမှာ ဒဏ် ရာရသွားပါတယ်”ဟု ၎င်းက ပြောသည်။

ဓာတ်ပုံ - South Dagon Information

ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်ရှိ (၂၄) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီး ယနေ့(အောက်တိုဘာ ၆ ရက်)နံနက်က ဗုံးနှစ်လုံးပေါက်ကွဲမှုဖြစ်ရာ ရာအိမ်မှူးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ရာအိမ်မှူးဖြစ်သူ ဦးစောသန်းထွန်း၏ ခြေထောက်နှင့် လက်တို့တွင် ဒဏ်ရာရရှိခဲ့ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

“ဒီမနက်အစောပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနားမှာ ဗုံးပေါက်တာပါ။ မသင်္ကာစရာ အိတ် တစ်ခုတွေ့တယ် ဆိုပြီး ရာအိမ်မှူးက သွားစစ်ကြည့်တဲ့အချိန် ထပေါက်တာလို့ သိရပါတယ်။ သူ့ရဲ့ လက်နဲ့ ခြေထောက်တွေမှာ ဒဏ် ရာရသွားပါတယ်”ဟု ၎င်းက ပြောသည်။

ထိုဖောက်ခွဲမှု ဖြစ်စဥ်ကို အာဏာသိမ်းဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ACPLF) က လုပ်ဆောင်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖောက်ခွဲတိုက်ခိုက်ရန် ရည်ရွယ်ထားသော်လည်း ရာအိမ်မှူး ဦးစောသန်းထွန်းက ဗုံးကို သတ်ရန်ကြိုးစားသဖြင့် ပေါက်ကွဲကာ ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အဓိကတိုက်ခိုက်ရန် ရည်ရွယ်သော်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ စစ်ကောင်စီ သတင်းပေးအဖြစ် ကြားဝင်နှောင့်ယှက်ပါက ဖြစ်လာသည့်အကျိုးဆက်ကို ခံစားရမည် ဖြစ်ကြောင်း ACPLF က အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီယန္တရားတွင် ဆက်လက်ပါဝင်နေသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အချိန်မီဆင်ခြင်ရန်နှင့် စစ်မှုထမ်းကိစ္စ ဆောင်ရွက်ပေးနေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး စာရင်းများလည်း ရရှိထားကြောင်း စလင်းပကဖက သတိပေးသည်။

သတင်း

အုပ်ချုပ်ရေးမှူးများက နှုတ်ထွက်စာတင်သော် လည်း စစ်ကောင်စီဘက်မှ ထွက်ခွင့်မပြုသောကြောင့် တိမ်းရှောင်သွားသူလည်း ရှိကြောင်း ၎င်းက ဆိုသည်။

သတင်း

သက်ဆိုင်ရာဒေသအလိုက် တော်လှန်ရေးအင်အားစုများက စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအတွက် ကူညီသူများကို အရေးယူမည်ဟု ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။

သတင်း

ရာအိမ်မှူးအပြင် အခြားနောက်တစ်ဦးမှာလည်း ကျည် ၂ ချက် ထိမှန်ဒဏ်ရာရပြီးထွက်ပြေးသွားကာ ကျန်တစ်ဦးမှာအမျိုးသမီး စာ​ရေး ဖြစ်နေ၍ သတိပေးကာ အသက်ချမ်းသာပေးခဲ့ကြောင်းကိုချာလီ ကဆက်ပြောသည်။