Connect with us

Hi, what are you looking for?

သတင်း

ဥက္ကဋ္ဌဟောင်းက စစ်ကောင်စီခေါင်းဆောင်နှင့် တွေ့ဆုံမှု အဖွဲ့နှင့်လုံး၀ မသက်ဆိုင်ဟု KNU အသိပေး

စစ်ကောင်စီအာဏာသိမ်းစက စစ်ခေါင်းဆောင် မင်းအောင်လှိုင်က KNU နှင့် တွေ့ဆုံလိုကြောင်း ဆက်သွယ်ခဲ့ရာ ယင်းကမ်းလှမ်းချက်ကို KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက လက်မခံကြောင်း ၂၀၂၁ မတ်လတွင် စာပြန်ခဲ့သည်။

KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး
KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး

“ဘာမှသက်ရောက်မှုမရှိပါ။ သူ့နောက်မှာတပ်ထု၊လူထုလုံးဝမရှိပါဘူး။သိပ်လည်းမစိုးရိမ်ကြပါနဲ့”

ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး ဦးဆောင်သည့် အဖွဲ့က စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် သွားရောက်တွေ့ဆုံမှုသည် KNUနှင့် လုံး၀ သက်ဆိုင်မှု မရှိကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ယနေ့ ပြောကြားသည်။

ယမန်နေ့ (စက်တင်ဘာ ၃၀ရက်)တွင် KNU ဥက္ကဋ္ဌ ဟောင်းနှင့်အတူ ယခင် KNU ကာကွယ်ရေးဌာန တာဝန်ခံဟောင်းဖြစ်သူ ပဒိုစောရောဂျာခင်၊ လက်ရှိ တိုက်ပွဲပြင်းထန်နေသည့် ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းတို့သည် စစ်ကောင်စီ ခေါင်းဆောင်နှင့် တွေ့ဆုံပြီး ငြိမ်းချမ်းရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

(KNUဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး ဦးဆောင်သည့် အဖွဲ့က စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် သွားရောက်တွေ့ဆုံနေစဉ်။ ဓာတ်ပုံ - CJ၊ စကစ)
(KNUဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး ဦးဆောင်သည့် အဖွဲ့က စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် သွားရောက်တွေ့ဆုံနေစဉ်။ ဓာတ်ပုံ – CJ၊ စကစ)

ယင်းသို့ KNU ဥက္ကဋ္ဌဟောင်းနှင့်အဖွဲ့က စစ်ကောင်စီခေါင်းဆောင်နှင့် တွေ့ဆုံမှု အပေါ် KNU၏ သဘောထားအား မေးမြန်းရာ ပဒိုစောတောနီးက “KNU နဲ့လုံးဝမသက်ဆိုင်တော့ပါ။ ဘာမှသက်ရောက်မှုမရှိပါ။ သူ့နောက်မှာတပ်ထု၊လူထုလုံးဝမရှိပါဘူး။သိပ်လည်းမစိုးရိမ်ကြပါနဲ့”ဟု စာဖြင့် ပြန်လည်ဖြေကြားသည်။

စစ်ကောင်စီအာဏာသိမ်းစက စစ်ခေါင်းဆောင် မင်းအောင်လှိုင်က KNU နှင့် တွေ့ဆုံလိုကြောင်း ဆက်သွယ်ခဲ့ရာ ယင်းကမ်းလှမ်းချက်ကို KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက လက်မခံကြောင်း ၂၀၂၁ မတ်လတွင် စာပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆန္ဒပြ ပြည်သူများကို နှိမ်နင်းနေသည့် စစ်ကောင်စီတပ်၊ရဲများ ရုပ်သိမ်းခြင်း၊ အပစ်ရပ်ထားသည့် နယ်မြေများ၌ ဖြန့်ကြက်တပ်စွဲထားသည့် စစ်ကောင်စီတပ်များ ရုပ်သိမ်းခြင်း၊ အာဏာသိမ်းပြီးနောက် ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးခြင်း လုပ်ဆောင်မှသာ တွေ့ဆုံနိုင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက စာပြန်ခဲ့သည်။ထို့ပြင် နိုင်ငံရေးတွင် ပါဝင်နေမှုအား နှုတ်ထွက်ကြောင်း စစ်ကောင်စီက ကြေညာမှသာတွေ့ဆုံမည်ဖြစ်ကြောင်း စာတွင် ဖော်ပြခဲ့သည်။

KNUသည် စစ်ကောင်စီတပ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ပြည်သူနှင့်အတူ ရပ်တည် တိုက်ပွဲဝင်လျက်ရှိသည်။ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နှင့် တိုက်ပွဲပေါင်း တစ်သောင်းဝန်းကျင်ခန့် ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်စခန်း အများအပြားကိုလည်း သိမ်းပိုက်ထားသည်။ လက်ရှိတွင် KNU အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအင်အားစုများနှင့် နိုင်ငံရေးစစ်ရေးပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အာဏာရှင်စနစ်မှန်သမျှ ချုပ်ငြိမ်းရေး၊ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး ကြိုးပမ်းနေသည့် အဖွဲ့အစည်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။