Connect with us

Hi, what are you looking for?

သတင်း

KNU ဥက္ကဋ္ဌဟောင်းနဲ့စစ်ကောင်စီတို့ နေပြည်တော်မှာတွေ့

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ စောမူတူးစေးဖိုး ကို ကရင်တိုင်းရင်းသားခေါင်းဆောင်လို့ သုံးနှုန်းထားပြီး ငြိမ်းရေးရေးကိစ္စရပ်တွေ ဆွေးနွေးတယ်လို့ဖော်ပြတာတွေ့ရပါတယ်။

KNU ဥက္ကဋ္ဌဟောင်းနဲ့စစ်ကောင်စီတို့ နေပြည်တော်မှာတွေ့
KNU ဥက္ကဋ္ဌဟောင်းနဲ့စစ်ကောင်စီတို့ နေပြည်တော်မှာတွေ့

ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးနဲ့အာဏာသိမ်းစစ်ခေါင်းဆောင်တို့ ဒီနေ့မနက်ပိုင်းက နေပြည်တော်မှာတွေ့ဆုံပြီး ငြိမ်းချမ်းရေး ဆွေးနွေးတယ်လို့စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ စောမူတူးစေးဖိုး ကို ကရင်တိုင်းရင်းသားခေါင်းဆောင်လို့ သုံးနှုန်းထားပြီး ငြိမ်းရေးရေးကိစ္စရပ်တွေ ဆွေးနွေးတယ်လို့ဖော်ပြတာတွေ့ရပါတယ်။

တွေ့ဆုံပွဲမှာ KNU ဥက္ကဟောင်း စောမူတူးစေးဖိုး အပြင် ဗဟိုကော်မတီဝင်ဟောင်း ပဒိုစောရော်ဂျာခင် ၊ ဒူးပလာယာခရိုင် (ကြာအင်းဆိပ်ကြီး)ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းတို့ပါကြတယ်လို့ စစ်ကောင်စီရဲ့ဖော်ပြချက်အရသိရပါတယ်။

KNU စစ်ရေးလှုပ်ရှားရာနယ်မြေတွေမှာ စစ်ကောင်စီတပ်နဲ့တိုက်ပွဲတွေဖြစ်နေချိန် KNU ဥက္ကဋ္ဌ ဟောင်းနဲ့ စစ်ကောင်စီ တို့ တွေ့ဆုံတာနဲ့ပတ်သက်ပြီး KNU ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်မေးမြန်းနေဆဲပါ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

နေပြည်တော်၊ တပ်ကုန်းမြို့နဲ့ မကွေးတိုင်း မြို့သစ်မြို့က ဒေသခံတွေဆီက WY စိတ်ကြွဆေးပြား ၂၀၀၀၀ ကျော် ဖမ်းဆီးရမိတယ်လို့ နတ်မောက်ဂဠုန် PDF တပ်ဖွဲ့တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။