Connect with us

Hi, what are you looking for?

သတင်း

မန္တလေးကျုံးတောင်ဘက်ခြမ်း ရပ်ကွက်ထဲလက်နက်ကြီးကျ

ကျုံးတောင်ဘက်ခြမ်း. ၂၆ လမ်းနဲ့ ၂၇ လမ်း ၊ ၇၄ လမ်းနဲ့ ၇၅ လမ်းကြား စော်ဘွားဝန်း မှာရှိတဲ့ ၂ ထပ်တိုက်ပေါ် လက်နက်ကြီးကျရောက်တာလို့ဆိုပါတယ်။

မန္တလေးကျုံးတောင်ဘက်ခြမ်း ရပ်ကွက်ထဲလက်နက်ကြီးကျ
မန္တလေးကျုံးတောင်ဘက်ခြမ်း ရပ်ကွက်ထဲလက်နက်ကြီးကျ

ဒီနေ့မနက် ၄ နာရီခန့်က မန္တလေးမြို့ ကျုံးတောင်ဘက်ခြမ်း စိတ္တရမဟီရပ်ကွက်မှာရှိတဲ့ နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ဒေသခံအချို့ဆီက စုံစမ်းသိရပါတယ်။

ကျုံးတောင်ဘက်ခြမ်း. ၂၆ လမ်းနဲ့ ၂၇ လမ်း ၊ ၇၄ လမ်းနဲ့ ၇၅ လမ်းကြား စော်ဘွားဝန်း မှာရှိတဲ့ ၂ ထပ်တိုက်ပေါ် လက်နက်ကြီးကျရောက်တာလို့ဆိုပါတယ်။

Public Service Announcement
Public Service Announcement

“မနက်အစောကြီးပဲ အသံကျယ်ကြီးကြားလိုက်တာ”ဟု စော်ဘွားဝန်းအတွင်းနေထိုင်သူတစ်ဦးကပြောပါတယ်။

လက်နက်ကြီးကျတဲ့အိမ်ဟာ လူနေထိုင်တာမရှိလို့ ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့လည်းသိရပါတယ်။

Public Service Announcement

Public Service Announcement

လက်နက်ကြီးကျတဲ့ ရပ်ကွက် နဲ့ အနီးဆုံး မန္တလေးနန်းတွင်းထဲမှာ စစ်ကောင်စီရဲ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Facebook