Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားတင့်ကားတွေရဲ့ ပြစ်ချက်တွေအကြောင်း ရုရှားလက်နက်ကုမ္ပဏီဆီ ယူကရိန်းစစ်သား ဖုန်းဆက်မေး

ရုရှားရဲ့ ကျူးကျော်စစ် ကာလတလျှောက် ယူကရိန်း တပ်တွေဟာ ရုရှားဆီက T-72B3 အမျိုးအစား တင့်ကား အစီးရေ ၂၀၀ လောက်ထိကို သိမ်းဆည်း ရမိထားပြီး ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။

ရုရှားတင့်ကားတွေရဲ့ ပြစ်ချက်တွေအကြောင်း ရုရှားလက်နက်ကုမ္ပဏီဆီ ယူကရိန်းစစ်သား ဖုန်းဆက်မေး
ရုရှားတင့်ကားတွေရဲ့ ပြစ်ချက်တွေအကြောင်း ရုရှားလက်နက်ကုမ္ပဏီဆီ ယူကရိန်းစစ်သား ဖုန်းဆက်မေး

သိမ်းဆည်းရမိထားတဲ့ ရုရှား တင့်ကားတွေရဲ့ ချွတ်ယွင်းချက်တွေနဲ့ ပတ်သက်ပြီး ယူကရိန်း စစ်သားတစ်ယောက်က ရုရှား စစ်လက်နက် ကုမ္ပဏီဆီ ဖုန်းဆက်ပြီး အရေးဆိုခဲ့ပါတယ်။

တိုက်ပွဲဝင် ကုတ်ဒ်နာမည် ကိုချက်ဗ်နစ်ခ်လို့သာ ဖော်ပြထားတဲ့ ယူကရိန်း စစ်သားက ရုရှားရဲ့ Uralvagonzavod တင့်ကား ထုတ်လုပ်ရေး ကုမ္ပဏီဆီ ဖုန်းဆက်ပြီး T-72 တင့်ကားတွေရဲ့ စက်ပိုင်းဆိုင်ရာ ပြဿနာတွေအကြောင်း ပြောပြရင်း စောဒက တက်နေတဲ့ ဗီဒီယိုကို ယူကရိန်း ပြည်သူ့စစ်များ Telegram စာမျက်နှာက ဖော်ပြခဲ့ပါတယ်။

အဲဒီ ဗီဒီယိုထဲမှာ ကိုချက်ဗ်နစ်ခ်ရဲ့ ဖုန်းခေါ်ဆိုမှုကို ကုမ္ပဏီရဲ့ နစ်ဇ်နီတာဂေးလ် ဒေသခံ လုပ်ငန်းခွဲ ဒါရိုက်တာ အလက်ဇန္ဒား ဆာပွန်ကော့ဗ်နဲ့ လက်ထောက် ဒါရိုက်တာချုပ် အန်ဒရီ အဘာကူနော့ဗ်တို့က ပြာပြာသလဲ ဖြေရှင်းချက် ပေးနေခဲ့တာကိုလည်း ကြားနေခဲ့ရပါတယ်။

ယူကရိန်း စစ်သားက T-72တွေရဲ့ ကွန်ပရက်ဆာ ချွတ်ယွင်းချက်တွေ၊ အမြောက်ပြောင်းလှည့်ရ ခက်နေတဲ့ ပြဿနာတွေနဲ့ တခြား ပြစ်ချက်တွေကို စစ်စစ်ပေါက်ပေါက် မေးမြန်းခဲ့ပြီး အဲဒီလို တင့်ကား အစုတ်အပြတ်တွေနဲ့ ရှေ့တန်းမှာ စစ်သွားတိုက်လို့ မရဘူးလို့ ပြောဆိုခဲ့ပါတယ်။ တစ်ဖက်မှာရှိတဲ့ ပုဂ္ဂိုလ် နှစ်ယောက်ကလည်း အဲဒီ ပြဿနာတွေကို အမြန်ဆုံး ပြန်ပြင်ပေးပါ့မယ်လို့ ကတိပေးနေခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

နောက်ဆုံးကျမှ ကိုချက်ဗ်နစ်ခ်က သူဟာ ယူကရိန်း စစ်သားတစ်ဦးဖြစ်ကြောင်းနဲ့ သိမ်းဆည်းရမိထားတဲ့ ရုရှားတင့်ကားတွေအကြောင်း မေးနေတာလို့ အနိုင်ပိုင်း ပြောပြပြီး ဖုန်းချလိုက်ပါတယ်။ ကိုချက်ဗ်နစ်ခ် အမှုထမ်းနေတဲ့ တပ်ဖွဲ့တွေဟာ မနှစ်က နွေရာသီမှာ ယူကရိန်း အရှေ့ပိုင်းက အစ်ဇီယွမ် ဒေသကို ပြန်လည် ထိန်းချုပ်ခဲ့ချိန်မှာ ရုရှားတင့်ကားတွေကိုပါ သိမ်းဆည်း ရမိခဲ့တာ ဖြစ်ပါတယ်။

ရုရှားရဲ့ ကျူးကျော်စစ် ကာလတလျှောက် ယူကရိန်း တပ်တွေဟာ ရုရှားဆီက T-72B3 အမျိုးအစား တင့်ကား အစီးရေ ၂၀၀ လောက်ထိကို သိမ်းဆည်း ရမိထားပြီး ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။

Uralvagonzavodဟာ ရုရှား အစိုးရကို စစ်လက်နက်တွေ ထောက်ပံ့ပေးနေတဲ့ ကာကွယ်ရေး ကန်ထရိုက် ကုမ္ပဏီ တစ်ခုဖြစ်ပြီး ၂၀၁၄ ခုနှစ် ကတည်းက အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ခံထားရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။