Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားရဲ့ ပင်လယ်နက် ရေတပ်ဖွဲ့ အကြီးအကဲကို သုတ်သင်နိုင်ခဲ့တယ်လို့ ယူကရိန်းဆို

ရုရှားရဲ့ ပင်လယ်နက် ရေတပ်ဖွဲ့ အကြီးအကဲကို သုတ်သင်နိုင်ခဲ့တယ်လို့ ယူကရိန်းဆို

ရုရှားရဲ့ ပင်လယ်နက် ရေတပ်ဖွဲ့ အကြီးအကဲကို သုတ်သင်နိုင်ခဲ့တယ်လို့ ယူကရိန်း စစ်တပ်က ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ရုရှားထိန်းချုပ်ထားရာ ခရိုင်းမီးယား ကျွန်းဆွယ်မှာရှိတဲ့ ဆီဗက်စ်တိုလ်ပို မြို့မှာရှိတဲ့ ပင်လယ်နက် ရေတပ်ဖွဲ့ ဌာနချုပ်ကို ယူကရိန်းက ဒုံးကျည်တွေနဲ့ အောင်အောင်မြင်မြင် တိုက်ခိုက်နိုင်ခဲ့ပါတယ်။

စက်တင်ဘာ ၂၅ ရက်မှာတော့ ယူကရိန်းက အဲဒီ တိုက်ခိုက်မှုအတွင်း ရုရှား အရာရှိ ၃၄ ယောက်လောက်ကို သုတ်သင်နိုင်ခဲ့ပြီး အဲဒီထဲမှာ ပင်လယ်နက် ရေတပ်ဖွဲ့ အကြီးအကဲလည်း ပါဝင်တယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ယူကရိန်းက ဗစ်တာ ဆိုကိုလော့ဗ်ဆိုတဲ့ နာမည်ကိုတော့ ကြေညာချက်ထဲမှာ တိတိကျကျ ဖော်ပြမထားပါဘူး။

ဆီဗက်စ်တိုလ်ပိုမှာရှိတဲ့ ရေတပ်စခန်းကို ယူကရိန်း ဒုံးကျည်တွေ ထိမှန်ပြီး အကြီးအကျယ် ပျက်စီးခဲ့တဲ့နောက် နာရီပိုင်း အကြာမှာတင် ဆိုလိုကော့ဗ် သေဆုံးခဲ့ကြောင်း ကောလာဟလတွေ စတင် ပျံ့နှံ့လာခဲ့ပါတယ်။ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကတော့ အဲဒီကိစ္စအပေါ် လောလောဆယ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။

Public Service Announcement

Public Service Announcement

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ စစ်ဘက် အကြီးအကဲဟောင်းနဲ့ လက်ရှိမှာ NBC သတင်းဌာနရဲ့ နိုင်ငံတကာ လုံခြုံရေး ဆန်းစစ်မှု အရာရှိချုပ်အဖြစ် တာဝန်ယူထားသူ အငြိမ်းစား သေနာပတိ ဂျိမ်းစ် စတက်ဗ်ရီဒစ္စက အခုသတင်းသာ တကယ်မှန်ရင် ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ရေတပ်ရဲ့ ရာထူးအမြင့်ဆုံး အကြီးအကဲတစ်ဦး စစ်ပွဲမှာ သေဆုံးမှုအဖြစ် သတ်မှတ်ရတော့မယ်လို့ လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

ယူကရိန်းရဲ့ အဆိုအရ ရုရှား ရေတပ်စခန်းကို တိုက်ခိုက်ဖို့ အထူးစစ်ဆင်ရေး ဦးစီးဌာနက ပိပိရိရိ စီစဉ် အကောင်အထည် ဖော်ခဲ့ပြီး စစ်ဆင်ရေး နာမည်ကို ဂဏန်းထောင်ချောက်လို့ သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။ ပြီးတော့ ဌာနချုပ် အဆောက်အအုံမှာ ရုရှားရေတပ် ထိပ်တန်း ဦးစီးမှုတွေ စုဆုံချိန်ကို အချိန်ကိုက် တိတိကျကျ ချေမှုန်းနိုင်ခဲ့တယ်လို့လည်း ယူကရိန်းက ဆိုပါတယ်။

ရုရှားဟာ ပင်လယ်နက် ရေတပ်ဖွဲ့ကို ယူကရိန်းမှာရှိတဲ့ သိမ်းပိုက်နယ်မြေတွေဆီ အထောက်အပံ့တွေ ပေးပို့မှုအတွက် အဓိက အသုံးပြုလေ့ ရှိပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ယူကရိန်းဟာ ရုရှား ပင်လယ်နက် ရေတပ်ဖွဲ့ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်တာတွေကို ပိုမို အရှိန်မြှင့်လာခဲ့တယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။