Connect with us

Hi, what are you looking for?

News

ကန်နိုင်ငံခြားရေးဒုဝန်ကြီးနဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးတို့ မြန်မာ့အရေးဆွေးနွေး

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေအဆုံးသတ်ရေးနဲ့ ဒီမိုကရေစီစနစ် အမြန်ဆုံးပြန်လည်အသက် သွင်းရေးကို အမေရိကန်၊ ဂျပန်၊ ဩစတြေးလျ၊ အိန္ဒိယလေးနိုင်ငံဖွဲ့စည်းထားတဲ့ QUAD အဖွဲ့ ထိပ်သီးခေါင်းဆောင်တွေက ပြီးခဲ့တဲ့လက ဝါရှင်တန်မြို့တော် အိမ်ဖြူတော်မှာ တွေ့ဆုံပြီး တောင်းဆိုခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဒုတိယဝန်ကြီးနဲ့ အိန္ဒိယနိုင်ငံ ခြားရေးဝန်ကြီးတို့ဟာ မြန်မာ့အရေးအပါအဝင် ဒေသတွင်းဖြစ်ပေါ်နေတဲ့အခြေအနေတွေကို မနေ့က ဆွေးနွေးခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

နယူးဒေလီကို ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေး ဒုတိယဝန်ကြီး Wendy Sherman ဟာ အိန္ဒိယနိုင်ငံခြား ရေးဝန်ကြီး Dr. S. Jaishankar နဲ့တွေ့ဆုံခဲ့ပြီး အမေရိကန်-အိန္ဒိယ ဘက်စုံကမ္ဘာလုံးဆိုင်ရာမဟာဗျူဟာမြောက်မိတ်ဖက်တိုးချဲ့ရေးအပေါ် ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

“သူတို့ဟာ တရုတ်၊ မြန်မာ၊ အာဖဂန်နစ္စတန်အပါအဝင် ဒေသတွင်းဖြစ်ပေါ်နေမှုတွေကို ဆွေးနွေးခဲ့ပါတယ်။ နောက်ပြီး သမ္မတဘိုင်ဒန်နဲ့ ဝန်ကြီးချုပ်မိုဒီတို့အကြား မကြာသေးခင်က နှစ်ဘက်တွေ့ဆုံမှုနဲ့ QUAD ခေါင်း ဆောင်ထိပ်သီးအစည်းအဝေးတွေကနေ ထွက်ပေါ်လာတဲ့ ရလဒ်တွေကို အကောင်အထည်ဖော်ရေး ဆွေးနွေးခဲ့ကြပါတယ်” လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ned Priceက ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေအဆုံးသတ်ရေးနဲ့ ဒီမိုကရေစီစနစ် အမြန်ဆုံးပြန်လည်အသက် သွင်းရေးကို အမေရိကန်၊ ဂျပန်၊ ဩစတြေးလျ၊ အိန္ဒိယလေးနိုင်ငံဖွဲ့စည်းထားတဲ့ QUAD အဖွဲ့ ထိပ်သီးခေါင်းဆောင်တွေက ပြီးခဲ့တဲ့လက ဝါရှင်တန်မြို့တော် အိမ်ဖြူတော်မှာ တွေ့ဆုံပြီး တောင်းဆိုခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

QUAD ခေါင်းဆောင်တွေ တွေ့ဆုံအပြီး ပူးတွဲကြေညာ ချက်မှာ မြန်မာ့အရေးကို ထည့်သွင်းခဲ့ပြီး မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုအဆုံးသတ်ရေး၊ နိုင်ငံခြားသားတွေအပါအဝင် ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးရေး၊ အပြုသဘောဆောင်တဲ့တွေ့ဆုံညှိနှိုင်းရေးနဲ့ ဒီမိုကရေစီစနစ်ကိုအမြန်ဆုံးပြန်လည်အသက်သွင်းရေးတို့ကို ဆက်လက်တောင်းဆိုတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။