Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ်ထံမှ တိုက်ခိုက်သိမ်းယူခဲ့သော ​အောင်ဂျာစခန်းရှိ KIA ရဲဘော်များအား ဒုဗိုလ်ချုပ်ကြီးဂွန်မော်သွား​ရောက်အား​ပေး

စခန်းအသိမ်းမခံရရေး လေကြောင်း၊ လက်နက်ကြီး ပစ်ကူများ အကြိမ်ကြိမ် ပေးခဲ့ရသည့်တိုင် စစ်ကောင်စီအနေဖြင့်အ​ရေးပါ​သော အထိုင်စခန်းကို လက်လွှတ်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

(စစ်​ကောင်စီတပ်ထံမှ တိုက်ခိုက်သိမ်းယူခဲ့​သော​အောင်ဂျာစခန်းကိုသွား​ရောက်ကြည့်ရှုပြီး KIA တပ်ဖွဲ့ဝင်များကို အား​ပေးခဲ့​သော ဒုတိယဗိုလ်ချုပ်ကြီး ဂွန်​မော် ။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်ထံမှ တိုက်ခိုက်သိမ်းယူခဲ့​သော​အောင်ဂျာစခန်းကိုသွား​ရောက်ကြည့်ရှုပြီး KIA တပ်ဖွဲ့ဝင်များကို အား​ပေးခဲ့​သော ဒုတိယဗိုလ်ချုပ်ကြီး ဂွန်​မော် ။ဓါတ်ပုံ-CJ)

ကချင်ပြည်နယ် မိုးမောက်မြို့နယ် အောင်ဂျာ စစ်ကောင်စီတပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ရှေ့တန်းစစ်မြေပြင်ရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်သည်များအား သွားရောက်အားပေးခဲကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီးဂွန်မော်က ယမန်နေ့ညတွင် အသိပေးခဲ့ပြီးနောက် ရှေ့တန်းစစ်မြေပြင်ရောက် ဗိုလ်ချုပ်ဂွန်မော်၏ ဓာတ်ပုံအချို့ လူမှုကွန်ယက်၌ ပျံ့နှံ့လာသည်။

အောက်တိုဘာ ၂၀ရက်တွင် အောင်ဂျာဒေသ စစ်ကောင်စီစခန်းကို KIAနှင့် မဟာမိတ်အဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် KIO၏ အုပ်ချုပ်ရေးဆိုင်ရာ ကချင်လွတ်လပ်ရေးကောင်စီ(KIC) ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ဂွန်မော်က အောက်တိုဘာ ၂၃ရက်တွင် အောင်ဂျာဒေသ စစ်မြေပြင်ကို သွားရောက်ခဲ့ခြင်းဖြစ်သည်။

အောင်ဂျာဒေသစစ်မြေပြင်ရဲဘော်များကို သွားရောက်အားပေးခဲ့ကြောင်း ဗိုလ်ချုပ်ဂွန်မော် အသိပေးရာ၌ ရှေ့တန်းရောက်၎င်း၏ ဓာတ်ပုံကို အဝေးမှ နောက်ကြောဘက်မှ ရိုက်ကူးထားသည့် ပုံကိုသာ ဖော်ပြခဲ့ရာ ယနေ့ညနေပိုင်း၌ ကချင်အမည်ဖြင့် Facebook သုံးစွဲသူတစ်ဦးက ဗိုလ်ချုပ်ဂွန်မော်အား ကတုတ်ကျဉ်းများအနီး လက်ညိုးညွှန်နေသည့် အနီးကပ်ပုံကို ဖော်ပြလာခြင်းဖြစ်သည်။

ယခု နှစ်ဇူလိုင်လတွင် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာပြီးနောက် သုံးလကျော်ကြာ တိုက်ပွဲများ ပြင်းထန်ခဲ့သည့် အောင်ဂျာဒေသတွင် အောက်တိုဘာ ၂၀ရက် စခန်းသိမ်းတိုက်ပွဲပြီးနောက် စစ်ကောင်စီတပ်သားများ လုံး၀မရှိတော့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲပြင်းထန်နေသည့် အချိန်၌ပင် အဆိုပါဒေသကို KIAနှင့် မဟာမိတ်များက စိုးမိုးထိန်းချုပ်ထား၍ စစ်ကောင်စီအနေဖြင့် မြေပြင်မှ ရိက္ခာ ခဲယမ်းဖြည့်တင်းနိုင်ခြင်းမရှိဘဲ လေကြောင်းမှ လေထီးဖြင့် ရိက္ခာ ခဲယမ်းများ ချပေးခဲ့ရသည့် အခြေအနေဖြစ်သည်။

စခန်းအသိမ်းမခံရရေး လေကြောင်း၊ လက်နက်ကြီး ပစ်ကူများ အကြိမ်ကြိမ် ပေးခဲ့ရသည့်တိုင် စစ်ကောင်စီအနေဖြင့်အ​ရေးပါ​သော အထိုင်စခန်းကို လက်လွှတ်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။