Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့တွင် စစ်ကောင်စီတပ်ရမ်းသမ်းပစ်ခတ်၍သေဆုံးခဲ့သည့် ဇနီးမောင်နှံ၏ နာရေး ယနေ့ပြုလုပ်

ယမန်နေ့ (အောက်တိုဘာ ၂၃ ရက်) နံနက် ၉နာရီခန့်က TTC ကျောင်းရှိ စစ်ကောင်စီတပ်အား ဒေသတွင်း PDF ရဲဘော်များက လာရောက်ပစ်ခတ်ရာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်ခဲ့ကြသည်။

(သေဆုံးသူ ဇနီးမောင်နှံ၏ နာရေးအား တွေ့ရစဥ်။ ဓာတ်ပုံ-သုမေဓ)
(သေဆုံးသူ ဇနီးမောင်နှံ၏ နာရေးအား တွေ့ရစဥ်။ ဓာတ်ပုံ-သုမေဓ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း(TTC)အနီးတွင် စစ်ကောင်စိတပ် ရမ်းသမ်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် ဇနီးမောင်နှံနှစ်ဦး၏ နာရေးအား ယနေ့ ညနေက ပြုလုပ်ခဲ့သည်။

ယမန်နေ့ (အောက်တိုဘာ ၂၃ ရက်) နံနက် ၉နာရီခန့်က TTC ကျောင်းရှိ စစ်ကောင်စီတပ်အား ဒေသတွင်း PDF ရဲဘော်များက လာရောက်ပစ်ခတ်ရာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်ခဲ့ကြသည်။

ထိုအချိန်တွင် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်ခဲ့၍ လမ်းမပေါ်ဖြတ်သန်းသွားလာနေသည့် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

(သေဆုံးသူ ဇနီးမောင်နှံ၏ နာရေးအား တွေ့ရစဥ်။ ဓာတ်ပုံ-သုမေဓ)
(သေဆုံးသူ ဇနီးမောင်နှံ၏ နာရေးအား တွေ့ရစဥ်။ ဓာတ်ပုံ-သုမေဓ)

သေဆုံးသူ သုံးဦးအနက် နှစ်ဦးမှာ မုံရွာမြို့ အောင်ချမ်းသာရပ်၊နယ်မြေ(၄)မှ (၂၃)နှစ်အရွယ် ကိုနေမျိုးအာကာနှင့် ဇနီးဖြစ်သူ (၂၂)နှစ်အရွယ် မသီသီအောင်တို့ဇနီးမောင်နှံတို့ဖြစ်သည်။

Public Service Announcement

Public Service Announcement

၎င်းတို့တွင် (၁)နှစ်အရွယ် ကလေးငယ်တစ်ဦး ကျန်ရစ်ခဲ့ကြောင်း မုံရွာမြို့ခံအချို့က ပြောသည်။

“TTCမှာ အဖွဲ့တစ်ဖွဲ့က ပွဲဖော်ဆောင်ရာကနေ ဒီကောင်တွေ ရမ်းသမ်းပစ်ခတ်ရာကနေ ပြည်သူ သုံးဦးကို ထိမှန်သွားတာ။”ဟု မုံရွာအခြေစိုက် PDFရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါ ဇနီးမောင်နှံ၏ နာရေးအား ယနေ့ ညနေ ၃နာရီတွင် မြို့မသုဿန်သို့ ပို့ဆောင်သင်္ဂြိုလ်ခဲ့သည်။

ယမန်နေ့က မုံရွာမြို့နယ် သာစည်‌ကျေးရွာအနီး စစ်ကောင်စီတပ်သား သုံးဦးအား PDF ရဲဘော်များက ပစ်ခတ်ခံရာ တစ်ဦးသေဆုံးပြီး လက်နက်နှင့်ခဲယမ်းများ သိမ်းဆည်းခံခဲ့ရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်