Connect with us

Hi, what are you looking for?

News

ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဖိလစ်ပိုင်နဲ့ ရုရှားသတင်းစာဆရာ ၂ ဦး ပူးတွဲရရှိ

သူတို့ ၂ဦးဟာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အတွက် အခြေခံကျတဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်ပေးနိုင်ခဲ့တာကြောင့် ဆုချီးမြှင့်ခဲ့တာလို့ ဆုရွေးချယ်ရေးကော်မတီက ကြေညာပါတယ်။

၂၀၂၁ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဖိလစ်ပိုင် သတင်းစာဆရာမ နဲ့ ရုရှားသတင်းစာဆရာတို့ ပူးတွဲရရှိသွားပါတယ်။

သူတို့ ၂ဦးဟာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အတွက် အခြေခံကျတဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်ပေးနိုင်ခဲ့တာကြောင့် ဆုချီးမြှင့်ခဲ့တာလို့ ဆုရွေးချယ်ရေးကော်မတီက ကြေညာပါတယ်။

ဖိလစ်ပိုင်သတင်းစာဆရာမ မာရီယာရက်ဆာ ဟာ စုံစမ်းဖော်ထုတ်တဲ့ သတင်းဆောင်းပါးတွေကို အသားပေးတဲ့ Rappler ဒစ်ဂျစ်တယ် မီဒီယာ ကုမ္ပဏီကို ပူးတွဲတည်ထောင်သူဖြစ်ပါတယ်။

ရုရှားသတင်းစာဆရာဒီမီထရီမူရာတော့ဗ် ဟာလည်း ရုရှားမှာ စိန်ခေါ်မှုအခက်အခဲတွေကြားက လွတ်လပ်စွာ ပြောဆိုခွင့်အတွက် ရုန်းကန် ခဲ့သူဖြစ်ပြီး လွတ်လပ်တဲ့ သတင်းစာ Novaja Gazeta ကို တည်ထောင်သူတဦးလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ သွေးစည်းညီညွတ်မှုကို အကဲစမ်းဖို့ ရုရှားက အကန့်အသတ်နဲ့ ရန်စ တိုက်ခိုက်တာမျိုးတွေ ရှိလာနိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ

ရုရှားဆီက မျိုးဆက်သစ် Su-57E တိုက်လေယာဉ်တွေ ဝယ်ယူဖွယ်ရှိကြောင်း သတင်းတွေကို အိန္ဒိယက ငြင်းပယ်သွားခဲ့ပါတယ်။

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။