Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုရှိ ပျူစောထီးနှစ်ရွာတွင် မင်္ဂလာဆောင်ပွဲပြုလုပ်နေစဥ် ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ရာ နှစ်ဦးသေ၊ ၂၀ကျော်ဒဏ်ရာရဟုဆို

အဆိုပါ ပျူစောထီးရွာနှစ်ရွာ၌ မင်္ဂလာဆောင်ပွဲများပြုလုပ်နေစဥ် ဒရုန်းဖြင့်တိုက်ခိုက်ခံရခြင်းဖြစ်ပြီး အမျိုးသားတစ်ဦးသေဆုံးကာ ၂ဝ ကျော် ဒဏ်ရာရရှိထားကြောင်း စစ်ကောင်စီ၏ တယ်လီဂရန်ချန်နယ်များတွင် ဝါဒဖြန့်နေသည်။

(ပျူစောထီးရွာအား တိုက်ခိုက်ခဲ့သော ဒရုန်းများအား တွေ့ရစဉ်။ဓာတ်ပုံ-ဗိုလ်ကျားရိုင်း)
(ပျူစောထီးရွာအား တိုက်ခိုက်ခဲ့သော ဒရုန်းများအား တွေ့ရစဉ်။ဓာတ်ပုံ-ဗိုလ်ကျားရိုင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးကျေးရွာများဖြစ်သော သီးလုံးရွာနှင့် မြင်းချင်းကျေးရွာတို့၌ မင်္ဂလာဆောင်ပွဲများပြုလုပ်နေစဥ် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ရာ နှစ်ဦးသေဆုံးပြီး ၂၀ကျော်ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

ယမန်နေ့ (နိုဝင်ဘာ ၈ရက်) နံနက် ၇နာရီခွဲခန့်က ရွှေဘိုမြို့နယ်၊ သီးလုံးပျူစောထီးကျေးရွာနှင့် မြင်းချင်းပျူစောထီးကျေးရွာတို့အား ဒရုန်းဖြင့် (၆၀)မမ ဗုံးသီး ခြောက်လုံးကြဲချတိုက်ခိုက်ခဲ့ရာ ပျူစောထီး နှစ်ဦးသေဆုံးပြီး ၂၀ကျော် ဒဏ်ရာရရှိကြောင်း ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“နှစ်စီးကို တစ်စီးစီတစ်ရွာစီခွဲချတာ။ သီးလုံးတို့ မြင်းချင်းတို့ဆိုတာက ပျူတွေကြီး သပ်သပ်နေတဲ့ရွာ။ ပျူမဟုတ်တဲ့ ပြည်သူနဲ့ တော်လှန်ချင်သူတွေက ဘေးထွက်နေကြတာ”ဟု အထက်ပါတာဝန်ခံက ပြောသည်။

ထိခိုက်သေဆုံးသူများကို ရွှေဘိုဆေးရုံသို့ သယ်ဆောင်‌သွားကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

အဆိုပါစစ်ဆင်ရေးကို ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Wild Tiger LPDF ၊ Bo Ba Taw – SHWEBO LPDF အဖွဲ့၊ LIGHTNING DRONE FROCE ( We are everywhere) ၊ GOLDEN EAGLE-ZBG၊ ဗိုလ်ဂျပန်ကြီး – ရွှေဘို LPDF၊နဂါးနီ အာဠာဝက – ရွှေဘို LPDF၊တောင်သူကြီးများအဖွဲ့ ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပျူစောထီးရွာနှစ်ရွာ၌ မင်္ဂလာဆောင်ပွဲများပြုလုပ်နေစဥ် ဒရုန်းဖြင့်တိုက်ခိုက်ခံရခြင်းဖြစ်ပြီး အမျိုးသားတစ်ဦးသေဆုံးကာ ၂ဝ ကျော် ဒဏ်ရာရရှိထားကြောင်း စစ်ကောင်စီ၏ တယ်လီဂရန်ချန်နယ်များတွင် ဝါဒဖြန့်နေသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းရဲ့ ဒရုန်းရန်ကို ကြောက်လို့ ရုရှားဟာ ရေတပ်အထိမ်းအမှတ်နေ့ စစ်ရေးပြပွဲတွေ ကျင်းပမယ့် အစီအစဉ်တွေကို ၂ နှစ်ဆက်တိုက် ဖျက်သိမ်းခဲ့ရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

​မောင်နှစ်မချင်းရန်ဖြစ်၍ပျူကိုတိုင်ရာအကိုဖြစ်သူကိုဖမ်း​ခေါ်သွားပြီးသတ်လိုက်လို့ ​မိသားစုကငွေ​​ပေးကာအ​လောင်းပြန်ထုတ်ရ