Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုရှိ ပျူစောထီးနှစ်ရွာတွင် မင်္ဂလာဆောင်ပွဲပြုလုပ်နေစဥ် ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ရာ နှစ်ဦးသေ၊ ၂၀ကျော်ဒဏ်ရာရဟုဆို

အဆိုပါ ပျူစောထီးရွာနှစ်ရွာ၌ မင်္ဂလာဆောင်ပွဲများပြုလုပ်နေစဥ် ဒရုန်းဖြင့်တိုက်ခိုက်ခံရခြင်းဖြစ်ပြီး အမျိုးသားတစ်ဦးသေဆုံးကာ ၂ဝ ကျော် ဒဏ်ရာရရှိထားကြောင်း စစ်ကောင်စီ၏ တယ်လီဂရန်ချန်နယ်များတွင် ဝါဒဖြန့်နေသည်။

(ပျူစောထီးရွာအား တိုက်ခိုက်ခဲ့သော ဒရုန်းများအား တွေ့ရစဉ်။ဓာတ်ပုံ-ဗိုလ်ကျားရိုင်း)
(ပျူစောထီးရွာအား တိုက်ခိုက်ခဲ့သော ဒရုန်းများအား တွေ့ရစဉ်။ဓာတ်ပုံ-ဗိုလ်ကျားရိုင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးကျေးရွာများဖြစ်သော သီးလုံးရွာနှင့် မြင်းချင်းကျေးရွာတို့၌ မင်္ဂလာဆောင်ပွဲများပြုလုပ်နေစဥ် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ရာ နှစ်ဦးသေဆုံးပြီး ၂၀ကျော်ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

ယမန်နေ့ (နိုဝင်ဘာ ၈ရက်) နံနက် ၇နာရီခွဲခန့်က ရွှေဘိုမြို့နယ်၊ သီးလုံးပျူစောထီးကျေးရွာနှင့် မြင်းချင်းပျူစောထီးကျေးရွာတို့အား ဒရုန်းဖြင့် (၆၀)မမ ဗုံးသီး ခြောက်လုံးကြဲချတိုက်ခိုက်ခဲ့ရာ ပျူစောထီး နှစ်ဦးသေဆုံးပြီး ၂၀ကျော် ဒဏ်ရာရရှိကြောင်း ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“နှစ်စီးကို တစ်စီးစီတစ်ရွာစီခွဲချတာ။ သီးလုံးတို့ မြင်းချင်းတို့ဆိုတာက ပျူတွေကြီး သပ်သပ်နေတဲ့ရွာ။ ပျူမဟုတ်တဲ့ ပြည်သူနဲ့ တော်လှန်ချင်သူတွေက ဘေးထွက်နေကြတာ”ဟု အထက်ပါတာဝန်ခံက ပြောသည်။

ထိခိုက်သေဆုံးသူများကို ရွှေဘိုဆေးရုံသို့ သယ်ဆောင်‌သွားကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

အဆိုပါစစ်ဆင်ရေးကို ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Wild Tiger LPDF ၊ Bo Ba Taw – SHWEBO LPDF အဖွဲ့၊ LIGHTNING DRONE FROCE ( We are everywhere) ၊ GOLDEN EAGLE-ZBG၊ ဗိုလ်ဂျပန်ကြီး – ရွှေဘို LPDF၊နဂါးနီ အာဠာဝက – ရွှေဘို LPDF၊တောင်သူကြီးများအဖွဲ့ ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပျူစောထီးရွာနှစ်ရွာ၌ မင်္ဂလာဆောင်ပွဲများပြုလုပ်နေစဥ် ဒရုန်းဖြင့်တိုက်ခိုက်ခံရခြင်းဖြစ်ပြီး အမျိုးသားတစ်ဦးသေဆုံးကာ ၂ဝ ကျော် ဒဏ်ရာရရှိထားကြောင်း စစ်ကောင်စီ၏ တယ်လီဂရန်ချန်နယ်များတွင် ဝါဒဖြန့်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံးခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက ဒီနေ့ အောက်တိုဘာ ၃၀ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့လို့ ပြည်သူ ၃ဦးသေဆုံးကာ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

ဆောင်းပါး

ဂေဇက်ရ ဘုရားပွဲတော်တွေအကြောင်း ပြောကြပြီဆိုရင် အညာမြေ စစ်ကိုင်းတိုင်းက ရွေဘိုမြို့ထောင့်စေတီပွဲက ချန်ထားလို့ မရပါဘူး။ နှစ်စဥ် တော်သလင်းလပြည့်ကျော် ၇ ရက်နေ့ကနေ သီတင်းကျွတ်လဆန်း ၁ ရက်နေ့အထိ ၁၀ ရက်တိုင်တိုင် ကျင်းပလေ့ရှိတယ်။ ၁ဝ ရက်ဆိုပေမယ့် ပွဲတော်မစခင်ကတည်းက ဆိုင်ခန်းတွေ ရောက်နေခင်းနေကြပြီမို့ လချီကျင်းပတဲ့ပွဲတော်ဆိုလည်း...

သတင်း

အာဏာသိမ်းစစ်တပ် ဗုံးပတ်ကြဲနေတဲ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ မနေ့ညက အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပါတယ်။