Connect with us

Hi, what are you looking for?

သတင်း

ပဲခူးရိုးမတွင် စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းတပ် ထိတွေ့တိုက်ပွဲဖြစ်

စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်၊ ပျူစောထီးများသည် မိမိတို့၏ မိသားစုအနာဂတ်၊ မိမိတို့၏ အနာဂတ်လုံခြုံစိတ်ချ‌ရေးအတွက် ပြည်သူ့ရင်ခွင် ခ်ိုလှုံကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံဆက်သွယ်၍အချိန်မီ အလင်းဝင်ပူးပေါင်းကြရန် တိုက်တွန်း တော်လှန်ရေးတပ်ဖွဲ့များက တိုက် တွန်းထားသည်။

(ပြည်ခရိုင် တပ်ရင်း (၃၆၀၁)မှ တော်လှန်ရေးရဲဘော်များအား ပဲခူးရိုးမတစ်နေရာတွင် တွေ့ရစဥ်။ဓာတ်ပုံ-ပေးပို့)
(ပြည်ခရိုင် တပ်ရင်း (၃၆၀၁)မှ တော်လှန်ရေးရဲဘော်များအား ပဲခူးရိုးမတစ်နေရာတွင် တွေ့ရစဥ်။ဓာတ်ပုံ-ပေးပို့)

ပေါင်းတည်မြို့နယ်၊ သစ်ပုတ်တာဝါတိုင်စခန်းမှ ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကို ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင် တပ်ရင်း ၃၆၀၁ (PPDF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပဲခူးရိုးမအစပ် သစ်ပုတ်‌ကျေးရွာအုပ်စု၊ တောင်ခမောက်ရွာနှင့် ကိုင်းကွင်းကျေးရွာကြားသို့ ရောက်ရှိနေသော အင်အား ၅၀ကျော်ပါ စစ်ကောင်စီတပ်ကို ယမန်နေ့(နိုဝင်ဘာ ၁၈)ညနေ ၄နာရီခန့်တွင် ပြည်ခရိုင် တပ်ရင်း ၃၆၀၁၊ တပ်ခွဲ(၅)၊ တပ်ရင်း ၃၆၀၂၊ တပ်ခွဲ(၄)တို့ ပူးပေါင်းပြီး (၆၀)မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်စခန်းချထားသည့်တဲအနီး ကျရောက်ပေါက်ကွဲသွားပြီး ထိခိုက်သေဆုံးမှုရှိမရှိကို အတည်ပြုစုံစမ်းဆဲဖြစ် ကြောင်း တပ်ရင်း ၃၆၀၁မှ တာဝန်ရှိသူက ရှင်းပြသည်။

“ခုမနက်မှ နောက်ပြန်ဆုတ်နေတယ်။ သစ်ပုတ် တာဝါတိုင် အထိုင်စခန်းကို။ ​စောင့်ကြည့်နေတယ်။ ခွဲခွဲပြီးသွားနေတော့ (အင်အား)ရေ တွက်မရဖြစ်နေလို့။ နယ်မြေရှင်းလင်းရေးလုပ်ရင်တော့ အကုန်သိရမှာပါ”ဟု နှစ်ရက် ဆက်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်လှုပ်ရှားမှုအခြေအနေကို ၎င်းက People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ညနေတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှလက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

သစ်ပုတ်တာဝါတိုင်စခန်းမှတဆင့် ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို နိုဝင်ဘာ ၁၇ ရက်ကလည်း ပြည်ခရိုင် PDF တပ်ရင်းများနှင့် တပ်ခွဲအသီးသီးမှ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးကာ သုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သေးသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်၊ ပျူစောထီးများသည် မိမိတို့၏ မိသားစုအနာဂတ်၊ မိမိတို့၏ အနာဂတ်လုံခြုံစိတ်ချ‌ရေးအတွက် ပြည်သူ့ရင်ခွင် ခ်ိုလှုံကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံဆက်သွယ်၍အချိန်မီ အလင်းဝင်ပူးပေါင်းကြရန် တိုက်တွန်း တော်လှန်ရေးတပ်ဖွဲ့များက တိုက် တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။