Connect with us

Hi, what are you looking for?

သတင်း

ကိုင်းရွာစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်နေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

အလားတူ ယနေ့ နိုဝင်ဘာ၁၉ ရက် နံနက်ပိုင်းက ကိုင်းရွာအနီးရှိ ဆီမီးခုံမြို့တွင်လည်း စစ်ကောင်စီတပ်က လက်ဖက်ရည်ဆိုင်များပါဝင်ရောက်ကာ ပြည်သူများ၏ လက်ကိုင်ဖုန်းများအား စစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။

(ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများနှင့် ၎င်းတို့အား ဆန်များဝေငှပေးနေစဥ်။ ဓာတ်ပုံ-YFC-Myaung)
(ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများနှင့် ၎င်းတို့အား ဆန်များဝေငှပေးနေစဥ်။ ဓာတ်ပုံ-YFC-Myaung)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကိုင်းကျေးရွာရှိ စခန်းစီးနင်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ကျေးရွာအချို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းက ကိုင်းရွာရှိ စစ်ကောင်စီတပ်စခန်း စီးနင်းတိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေ၍ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ မြစ်ကမ်းနံဘေးကျေးရွာများမှ ပြည်သူ ၅၀၀ကျော်မှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

(ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများနှင့် ၎င်းတို့အား ဆန်များဝေငှပေးနေစဥ်။ ဓာတ်ပုံ-YFC-Myaung)
(ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများနှင့် ၎င်းတို့အား ဆန်များဝေငှပေးနေစဥ်။ ဓာတ်ပုံ-YFC-Myaung)

“အခုဆို မိုးက၂ရက်၂ည မိုးဆက်တိုက်ရွာနေလို့ စစ်ဘေးရှောင်တွေ နေထိုင်စားသောက်ရတာ အဆင်မပြေဘူး။”ဟု မြောင်နယ် ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ဘေးရှောင် ၅၀၀ကျော်အား မြောင်လူငယ်ကွန်ရက်-YFCနှင့်အတူ တစ်အိမ်ထောင်လျှင် ဆန်တစ်ပြည် ငါးခြောက် ၃၀ကျပ်သားတို့လှုဒါန်းခဲ့ကြောင်း CDSOM အဖွဲ့မှ ကိုနွေဦး(မြောင်)က ပြောသည်။

Public Service Announcement

Public Service Announcement

(ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများနှင့် ၎င်းတို့အား ဆန်များဝေငှပေးနေစဥ်။ ဓာတ်ပုံ-YFC-Myaung)
(ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများနှင့် ၎င်းတို့အား ဆန်များဝေငှပေးနေစဥ်။ ဓာတ်ပုံ-YFC-Myaung)

အလားတူ ယနေ့ နိုဝင်ဘာ၁၉ ရက် နံနက်ပိုင်းက ကိုင်းရွာအနီးရှိ ဆီမီးခုံမြို့တွင်လည်း စစ်ကောင်စီတပ်က လက်ဖက်ရည်ဆိုင်များပါဝင်ရောက်ကာ ပြည်သူများ၏ လက်ကိုင်ဖုန်းများအား စစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။

(ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများနှင့် ၎င်းတို့အား ဆန်များဝေငှပေးနေစဥ်။ ဓာတ်ပုံ-YFC-Myaung)
(ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများနှင့် ၎င်းတို့အား ဆန်များဝေငှပေးနေစဥ်။ ဓာတ်ပုံ-YFC-Myaung)

ကိုင်းရွာစခန်းအား မဟာမိတ် (၁၈)ဖွဲ့ပူးပေါင်းပြီး စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စခန်းများမီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။ ထို့အပြင် စစ်ကောင်စီတပ် သားတစ်ဦး၏ ဇနီးအား ဖမ်းဆီးထိန်းသိမ်းထားပြီး သေနတ်တစ်လက်အပါအဝင် ကျည်နှင့် ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် လက်ကိုင်ဖုန်းငါးလုံး သိမ်းဆည်းရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။