Connect with us

Hi, what are you looking for?

သတင်း

ကိုင်းရွာစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်နေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

အလားတူ ယနေ့ နိုဝင်ဘာ၁၉ ရက် နံနက်ပိုင်းက ကိုင်းရွာအနီးရှိ ဆီမီးခုံမြို့တွင်လည်း စစ်ကောင်စီတပ်က လက်ဖက်ရည်ဆိုင်များပါဝင်ရောက်ကာ ပြည်သူများ၏ လက်ကိုင်ဖုန်းများအား စစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။

(ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများနှင့် ၎င်းတို့အား ဆန်များဝေငှပေးနေစဥ်။ ဓာတ်ပုံ-YFC-Myaung)
(ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများနှင့် ၎င်းတို့အား ဆန်များဝေငှပေးနေစဥ်။ ဓာတ်ပုံ-YFC-Myaung)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကိုင်းကျေးရွာရှိ စခန်းစီးနင်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ကျေးရွာအချို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းက ကိုင်းရွာရှိ စစ်ကောင်စီတပ်စခန်း စီးနင်းတိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေ၍ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ မြစ်ကမ်းနံဘေးကျေးရွာများမှ ပြည်သူ ၅၀၀ကျော်မှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

(ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများနှင့် ၎င်းတို့အား ဆန်များဝေငှပေးနေစဥ်။ ဓာတ်ပုံ-YFC-Myaung)
(ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများနှင့် ၎င်းတို့အား ဆန်များဝေငှပေးနေစဥ်။ ဓာတ်ပုံ-YFC-Myaung)

“အခုဆို မိုးက၂ရက်၂ည မိုးဆက်တိုက်ရွာနေလို့ စစ်ဘေးရှောင်တွေ နေထိုင်စားသောက်ရတာ အဆင်မပြေဘူး။”ဟု မြောင်နယ် ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ဘေးရှောင် ၅၀၀ကျော်အား မြောင်လူငယ်ကွန်ရက်-YFCနှင့်အတူ တစ်အိမ်ထောင်လျှင် ဆန်တစ်ပြည် ငါးခြောက် ၃၀ကျပ်သားတို့လှုဒါန်းခဲ့ကြောင်း CDSOM အဖွဲ့မှ ကိုနွေဦး(မြောင်)က ပြောသည်။

Public Service Announcement

Public Service Announcement

(ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများနှင့် ၎င်းတို့အား ဆန်များဝေငှပေးနေစဥ်။ ဓာတ်ပုံ-YFC-Myaung)
(ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများနှင့် ၎င်းတို့အား ဆန်များဝေငှပေးနေစဥ်။ ဓာတ်ပုံ-YFC-Myaung)

အလားတူ ယနေ့ နိုဝင်ဘာ၁၉ ရက် နံနက်ပိုင်းက ကိုင်းရွာအနီးရှိ ဆီမီးခုံမြို့တွင်လည်း စစ်ကောင်စီတပ်က လက်ဖက်ရည်ဆိုင်များပါဝင်ရောက်ကာ ပြည်သူများ၏ လက်ကိုင်ဖုန်းများအား စစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။

(ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများနှင့် ၎င်းတို့အား ဆန်များဝေငှပေးနေစဥ်။ ဓာတ်ပုံ-YFC-Myaung)
(ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများနှင့် ၎င်းတို့အား ဆန်များဝေငှပေးနေစဥ်။ ဓာတ်ပုံ-YFC-Myaung)

ကိုင်းရွာစခန်းအား မဟာမိတ် (၁၈)ဖွဲ့ပူးပေါင်းပြီး စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စခန်းများမီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။ ထို့အပြင် စစ်ကောင်စီတပ် သားတစ်ဦး၏ ဇနီးအား ဖမ်းဆီးထိန်းသိမ်းထားပြီး သေနတ်တစ်လက်အပါအဝင် ကျည်နှင့် ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် လက်ကိုင်ဖုန်းငါးလုံး သိမ်းဆည်းရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဖားကန့်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က နောက်ထပ်အရပ်သား၃ဦးကို သေနတ်ဖြင့် ပစ်သတ်ပြီးကိုယ်လက်အင်္ဂါများဖြတ်တောက်ကာ လမ်းဘေး၌ အလောင်းစွန့်ပစ်သွားသည်။

နိုင်ငံတကာ

အီရန်ရဲ့ နျူကလီးယား ပစ်မှတ်တွေကို စတင်တိုက်ခိုက်ပြီလို့ အစ္စရေးက ထုတ်ပြန် ကြေညာခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ အီရန်ရဲ့ မြို့တော် တဟီရန် အပါအဝင် နိုင်ငံအနှံ့မှာ ပေါက်ကွဲသံတွေ ဆူဆူညံညံ ကြားနေခဲ့ရပါတယ်။

သတင်း

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ထဲက မြန်မာ - ထိုင်းနယ်စပ်အနီးမှာ ရှိတဲ့ အမိုနယ်စပ် စခန်းကို ဒီနေ့ (ဇွန်လ ၁၀ ရက် )မှာ သိမ်းယူလိုက်ပြီလို့ KNU ဘိတ် - ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မြန်မာ-ထိုင်းနယ်စပ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ပွိုင့်-၂၅၆၆တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ပူးပေါင်းတပ်တွေက ဒီကနေ့(ဇွန် ၁၀ရက်)မှာ သိမ်းပိုက်ခဲ့ပါတယ်။