Connect with us

Hi, what are you looking for?

သတင်း

ရွှေဘို – ကျောက်မြောင်းလမ်းပိုင်းတွင် စစ်ကောင်စီတပ်က ကင်းပုန်းချပစ်ခတ်နေ၍ ပြည်သူများသတိပြုသွားလာကြရန် သတိပေး

ယနေ့ (နိုဝင်ဘာ ၂၀ ရက်) နံနက် ၇နာရီ ၁၅ မိနစ်ခန့်မှစတင်ကာ ရွှေဘို-ကျောက်မြောင်း လမ်းပေါ်၌ ရွှေဘိုမြို့နှင့် ကျောက်မြောင်းမြို့နယ်မှ ထွက်လာသော စစ်ကောင်စီတပ်သားများသည်။

ရွှေဘို - ကျောက်မြောင်းလမ်းပေါ် မြစ်ကြီးနားလမ်းဆုံတစ်နေရာအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj
ရွှေဘို - ကျောက်မြောင်းလမ်းပေါ် မြစ်ကြီးနားလမ်းဆုံတစ်နေရာအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း၊ ရွှေဘို – ကျောက်မြောင်းလမ်းပိုင်းတွင် စစ်ကောင်စီတပ်က ကင်းပုန်းများချပြီး ပစ်ခတ်နေ၍ ပြည်သူများသတိပြုသွားလာကြရန် ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေးက သတိပေးသည်။

ယနေ့ (နိုဝင်ဘာ ၂၀ ရက်) နံနက် ၇နာရီ ၁၅ မိနစ်ခန့်မှစတင်ကာ ရွှေဘို-ကျောက်မြောင်း လမ်းပေါ်၌ ရွှေဘိုမြို့နှင့် ကျောက်မြောင်းမြို့နယ်မှ ထွက်လာသော စစ်ကောင်စီတပ်သားများသည်။

လမ်းတစ်လျှောက်တွင် ကင်းပုန်းများချ၍ လက်နက်ကြီး၊ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းအား အရေးမကြီးပါက အသုံးမပြုရန် ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေးအဖွဲ့က မေတ္တာရပ်ခံသည်။

Public Service Announcement

Public Service Announcement

“ကားနဲ့ မြို့အထွက်တွေ ချသွားတာပါ။ဘယ်နေရာတွေပစ်တယ်ဆိုတာမျိုး တိတိကျကျတော့မရှိဘူး။ သူတို့မသင်္ကာတဲ့နေရာတွေကို ပစ်ခတ် တဲ့ပုံစံမျိုးပါ။”ဟု အထက်ပါအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းတွင် စစ်ကောင်စီတပ်သားများသည် ပြည်သူကားများအား ချောဆွဲခြင်း၊ လမ်းသွားလမ်းလာ ပြည်သူများအား မတရားသဖြင့် ဖမ်းဆီးရိုက်နှက်သတ်ဖြတ်ခြင်း၊ စစ်ကြောင်းရှေ့မှထား၍ မိုင်းကွင်းတိုးခိုင်းခြင်းနှင့် အကြောင်းမဲ့ သတ်ဖြတ်ခဲ့သော ပြည်သူရုပ်အလောင်းများကို ဓာတ်ပုံရိုက်၍ PDF ဟု စွပ်စွဲခြင်းများ ပြုလုပ်လေ့ရှိကြောင်း ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့နဲ့ ရွှေဘိုမြို့တွေမှာ အလုပ်လုပ်နေတဲ့ ဝက်လက်မြို့နယ်က လူငယ်​တွေကို ပေါ်တာဆွဲ ဖမ်းဆီးခံနေလို့ သတိပြုနေထိုင်ကြဖို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေကို ရွှေဘိုမြို့နယ် သပိတ်အင်အားစုဝင်တွေက ကျန်းမာရေး စောင့်ရှောက်မှုတွေ ဒီကနေ့ (စက်တင်ဘာ ၂) ပြုလုပ်ပေးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေကို ရွှေဘိုမြို့နယ် သပိတ်အင်အားစုဝင်တွေက ကျန်းမာရေး စောင့်ရှောက်မှုတွေ ဒီကနေ့ (သြဂုတ် ၃၁) ပြုလုပ်ပေးခဲ့ပါတယ်။