Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့တွင် စစ်ကောင်စီထောင်ထားသည့် နင်းမိုင်းများကြောင့် ဒေသခံများ နေအိမ်မပြန်ကြသေးရန် ကရင်နီတပ်ပေါင်းစု သတိပေး

မိုးဗြဲမြို့အတွင်း တစ်နှစ်ကျော်ကြာတပ်စွဲခဲ့သည့် စစ်ကောင်စီသည် လူနေရပ်ကွက်များအတွင်း နင်းမိုင်း ရာနှင့်ချီအသုံးပြုထားသည်ဟု ဆိုသည်။

(စစ်ကောင်စီထောင်ထားသည့် နင်းမိုင်းများကြောင့် ဒေသခံတစ်ဦး ဒဏ်ရာရရှိစဉ်။ ဓာတ်ပုံ - MBRT)
(စစ်ကောင်စီထောင်ထားသည့် နင်းမိုင်းများကြောင့် ဒေသခံတစ်ဦး ဒဏ်ရာရရှိစဉ်။ ဓာတ်ပုံ - MBRT)

မိုးဗြဲမြို့အတွင်း စစ်ကောင်စီထောင်ထားသည့် နင်းမိုင်းများကြောင့် ထိခိုက်ဒဏ်ရာရရှိသည့် ပြည်သူအချို့ရှိနေ၍ ဒေသခံများအနေဖြင့် နေအိမ်မပြန်ကြသေးရန် ကရင်နီတပ်ပေါင်းစု တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

မိုးဗြဲမြို့အတွင်း တစ်နှစ်ကျော်ကြာတပ်စွဲခဲ့သည့် စစ်ကောင်စီသည် လူနေရပ်ကွက်များအတွင်း နင်းမိုင်း ရာနှင့်ချီအသုံးပြုထားသည်ဟု ဆိုသည်။

“တနေ့က(နိုဝင်ဘာ ၁၈ ရက်)ဆိုရင် ဒုန်းဒူထန့် ရပ်ကွက်က ပြည်သူတစ်ယောက် နေအိမ်ကို စပါးပြန်သယ်တဲ့အချိန် နင်းမိုင်းထိသွားပြီး ခြေထောက်တစ်ဖက် ပြတ်သွားရတယ်။ဒါကြောင့် အဆောတလျင်မပြန်ကြပါနဲ့ဦးလို့ မေတ္တာရပ်ခံလိုပါတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

မိုးဗြဲမြို့အပါအဝင် နီးစပ်သည့်နေရာများ၌ စစ် ကောင်စီတပ်စွဲထားသည့် ဝါရီဆူဖလိုင်၊ ဒုန်းဒူထန်၊ ပွဲကုန်း (၃)၊ ပွဲကုန်း (၁)၊ ညောင်ဝိုင်း၊ ပီကင်းကောခူ၊ ဆောင်ကန်း၊ စည်ကား(၂) ကျေးရွာဒေသများရှိ စခန်း (၈)ခုကို ကရင်နီပူးပေါင်းတပ်များက ‘၁၁၁၁ စစ်ဆင်ရေး’အတွင်း ကနဦး သိမ်းပိုက်ထားနိုင်သည်။

Public Service Announcement

Public Service Announcement

ထို့အတူ မိုးဗြဲမြို့၏ စစ်ရေးအရ အရေးပါသော စက်တော်ရာတောင် စစ်ကောင်စီစခန်းကုန်းကိုလည်း နိုဝင်ဘာ ၁၅ ရက်က သိမ်းပိုက်ခဲ့သည်။

သို့သော် မိုးဗြဲမြို့တွင် စစ်ကောင်စီအခြေစိုက် တပ်များကို သိမ်းပိုက်နိုင်ရန် ကရင်နီပူးပေါင်းတပ်က ကြိုးပမ်းနေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။