ချင်းပြည်နယ် ထန်တလန်မြို့တွင် ယမန်နေ့က အကြမ်း ဖက်စစ်ကောင်စီတပ်နှင့် ဒေသခံ CDF-Thantlang ရဲဘော်များ မြို့တွင်းတစ်နေရာတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးကြောင်း CDF- Thantlangက သတင်းထုတ်ပြန်သည်။
၂၀၂၁ အောက်တိုဘာ ၈ရက် နံနက်ပိုင်း ၅နာရီမှ ၆နာရီကြားတွင် ထန်တလန်မြို့တွင်းတစ်နေရာ၌ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် မိမိတို့ CDF-Thantlang ရဲဘော်များ မြို့တွင်းတစ်နေရာတွင် ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီဖက်မှ တစ်ဦးသေဆုံးပြီး မိမိတို့ CDF ဖက်မှ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
စစ်ကောင်စီ တပ်မတော်သားများ နှင့်ရဲတပ်သားများ အနေဖြင့် ပြည်သူဖက်သို့ပူးပေါင်းလိုပါက CDF-ထန်တလန် အနေဖြင့် လှိုက်လှဲစွာကြိုဆိုမည်ဖြစ်ပြီး လုံခြုံသည့်နေရာအထိပို့ဆောင်ပေးမည်ဖြစ်ကြောင်း၊ပြည်သူနှင့်မပူးပေါင်းဘဲ စစ်ကောင်စီတပ်သားများအနေဖြင့် ထန်တလန်မြို့နယ်တွင် ပြည်သူပိုင် အိမ်၊ဆိုင် ပစ္စည်းများ ခိုးယူ ဖျက်ဆီးခြင်းများလုပ်ဆောင်ပါက CDF-ထန်တလန်မှ တွေ့ သည့်နေရာတွင် ပစ်သတ်မည်ဖြစ်ကြောင်း ထပ်မံသတိပေးထားသည်။
ထန်တလန်မြို့တွင် စက်တင်ဘာအတွင်းက အကြမ်း ဖက်စစ်ကောင်စီတပ်သားများသည် လက်နက်ကြီးဖြင့်ပစ်ခတ် ဖျက်ဆီးသောကြောင့် မြို့ပေါ်လူနေအိမ်များစွာ ပျက်စီးခဲ့ရပြီး မြို့ပေါ်ပြည်သူများအားလုံးနီးပါးမှာလည်း မိမိတို့အိမ်များကိုစွန့်ခွာထွက်ပြေးခဲ့ရသည်။ သို့သော် CDF ထန်တလန်က မြို့ရှိအကြမ်းဖက်စစ်ကောင်စီစခန်းများကိုဆက်တိုက်သိမ်းပိုက်နေသည်။

Public Service Announcement
မြန်မာ-အိန္ဒိယနယ်စပ်ရှိ စစ်ကောင်စီ၏ အရေးပါသောစခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ထို့အပြင် ထန်တလန်မြို့နယ်ရှိ အခြားစခန်းတစ်ခုကိုလည်းတိုက် ခိုက်သိမ်းပိုက် မီးရှိုခဲ့သည်။


















































