Connect with us

Hi, what are you looking for?

News

ထန်တလန်မြို့ ပစ်ခတ်မှုတွင်စစ်​ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး​သေ၊ စစ်​ကောင်စီတပ် ပြည်သူပိုင်ပစ္စည်းများခိုးယူဖျက်ဆီး​​​လျှင်တွေ့သည့်​နေရာ ပစ်သတ်မည်ဟုCDF ထန်တလန်ထုတ်ပြန်

ထန်တလန်မြို့တွင် စက်တင်ဘာအတွင်းက အကြမ်း ဖက်စစ်ကောင်စီတပ်သားများသည် လက်နက်ကြီးဖြင့်ပစ်ခတ် ဖျက်ဆီး​သောကြောင့် မြို့ပေါ်လူနေအိမ်များစွာ ပျက်စီးခဲ့ရပြီး မြို့ပေါ်ပြည်သူများအားလုံးနီးပါးမှာလည်း မိမိတို့အိမ်များကိုစွန့်ခွာထွက်ပြေးခဲ့ရသည်။

(အကြမ်းဖက်စစ်​ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ် မီးရှို့ဖျက်ဆီးမှု​ကြောင့် ​ဒေသခံများက ​နေရပ်စွန့်ခွာထွက်​ပြေး​နေရသည်)

ချင်းပြည်နယ် ထန်တလန်မြို့တွင် ယမန်နေ့က အကြမ်း ဖက်စစ်ကောင်စီတပ်နှင့် ဒေသခံ CDF-Thantlang ရဲဘော်များ မြို့တွင်းတစ်နေရာတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးကြောင်း CDF- Thantlangက သတင်းထုတ်ပြန်သည်။

၂၀၂၁ အောက်တိုဘာ ၈ရက် နံနက်ပိုင်း ၅နာရီမှ ၆နာရီကြားတွင် ထန်တလန်မြို့တွင်းတစ်နေရာ၌ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် မိမိတို့ CDF-Thantlang ရဲဘော်များ မြို့တွင်းတစ်နေရာတွင် ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီဖက်မှ တစ်ဦးသေဆုံးပြီး မိမိတို့ CDF ဖက်မှ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်းထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

စစ်ကောင်စီ တပ်မတော်သားများ နှင့်ရဲတပ်သားများ အနေဖြင့် ပြည်သူဖက်သို့ပူးပေါင်းလိုပါက CDF-ထန်တလန် အနေဖြင့် လှိုက်လှဲစွာကြိုဆိုမည်ဖြစ်ပြီး လုံခြုံသည့်နေရာအထိပို့ဆောင်ပေးမည်ဖြစ်ကြောင်း၊ပြည်သူနှင့်မပူးပေါင်းဘဲ စစ်ကောင်စီတပ်သားများအနေဖြင့် ထန်တလန်မြို့နယ်တွင် ပြည်သူပိုင် အိမ်၊ဆိုင် ပစ္စည်းများ ခိုးယူ ဖျက်ဆီးခြင်းများလုပ်ဆောင်ပါက CDF-ထန်တလန်မှ တွေ့ သည့်နေရာတွင် ပစ်သတ်မည်ဖြစ်ကြောင်း ထပ်မံသတိပေးထားသည်။

ထန်တလန်မြို့တွင် စက်တင်ဘာအတွင်းက အကြမ်း ဖက်စစ်ကောင်စီတပ်သားများသည် လက်နက်ကြီးဖြင့်ပစ်ခတ် ဖျက်ဆီး​သောကြောင့် မြို့ပေါ်လူနေအိမ်များစွာ ပျက်စီးခဲ့ရပြီး မြို့ပေါ်ပြည်သူများအားလုံးနီးပါးမှာလည်း မိမိတို့အိမ်များကိုစွန့်ခွာထွက်ပြေးခဲ့ရသည်။ သို့​သော် CDF ထန်တလန်က မြို့ရှိအကြမ်းဖက်စစ်​ကောင်စီစခန်းများကိုဆက်တိုက်သိမ်းပိုက်​နေသည်။

Public Service Announcement

Public Service Announcement

မြန်မာ-အိန္ဒိယနယ်စပ်ရှိ စစ်​ကောင်စီ၏ အ​ရေးပါ​သောစခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ထို့အပြင် ထန်တလန်မြို့နယ်ရှိ အခြားစခန်းတစ်ခုကိုလည်းတိုက် ခိုက်သိမ်းပိုက် မီးရှိုခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းက မူကြိုကျောင်းတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။