Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်မြို့တွင်း၌ ပစ္စည်းခိုးယူသူများကို ဖမ်းဆီးအရေးယူထားဟု ကရင်နီပူးပေါင်းတပ်ပြော

နိုဝင်ဘာ ၁၉ ရက်အထိ စစ်ကောင်စီ၏ ပစ်ခတ်မှုများကြောင့် လွိုင်ကော်မြို့ရှိ အရပ်သား ၆၈ ဦးအထိ သေဆုံးထားကြောင်းလည်း ကရင်နီလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့(KHAI)က ထုတ်ပြန်ထားသည်။

(စစ်ကောင်စီတပ်က လွိုင်ကော်မြို့အတွင်း လက်နက်ကြီးပစ်ခတ်၍ လူနေအိမ်ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - KHAI)
(စစ်ကောင်စီတပ်က လွိုင်ကော်မြို့အတွင်း လက်နက်ကြီးပစ်ခတ်၍ လူနေအိမ်ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - KHAI)

လွိုင်ကော်မြို့တွင်း၌ ပစ္စည်းခိုးယူသူများကို ဖမ်းဆီးအရေးယူထားကြောင်း ကရင်နီပူးပေါင်းတပ်ဖွဲ့မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

နိုဝင်ဘာ ၁၁ ရက်ကစ၍ တိုက်ပွဲပြင်းထန်ခဲ့သည့် လွိုင်ကော်မြို့နေပြည်သူများမှာ နီးစပ်ရာ ဒေသများသို့ အရေးပေါ် ရှောင်တိမ်ခဲ့ပြီးနောက် မြို့တွင်း၌ ပစ္စည်းခိုးယူမှု ဖြစ်စဥ်များမှာ ယခုရက်သတ္တပတ်အတွင်း အများအပြားရှိလာသည်ဟု ဆိုသည်။

“ဒီနေ့(နိုဝင်ဘာ ၂၂ ရက်)အထိ သူခိုးသုံးကောင်မိ တယ်။မှတ်တမ်းယူပြီး ပြစ်မှုကျူးလွန်‌တာ သေချာတဲ့အတွက် ထိုက်သင့်တဲ့ အရေးယူမှုတွေလုပ်ခဲ့ပါတယ် “ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

ထို့အပြင် ပစ္စည်းခိုးယူသူများနှင့် ခိုးရာပါ ပစ္စည်းလက်ခံသူများကို ပြင်းထန်စွာအရေးယူမည်ဟုလည်း ၎င်းက အသိပေးသည်။

Public Service Announcement

Public Service Announcement

၁၂ ရက်ကြာရှိလာသည့် လွိုင်ကော်မြို့ တိုက်ပွဲမှာ နေ့စဥ်ပြင်းထန်နေဆဲဖြစ်ပြီး မြို့ခံပြည်သူ ငါးသောင်း ဝန်းကျင်မှာ စစ်ဘေးရှောင်နေရသည်။

နိုဝင်ဘာ ၁၉ ရက်အထိ စစ်ကောင်စီ၏ ပစ်ခတ်မှုများကြောင့် လွိုင်ကော်မြို့ရှိ အရပ်သား ၆၈ ဦးအထိ သေဆုံးထားကြောင်းလည်း ကရင်နီလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့(KHAI)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။

Facebook