Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လွိုင်ကော်မြို့တွင်း၌ ပစ္စည်းခိုးယူသူများကို ဖမ်းဆီးအရေးယူထားဟု ကရင်နီပူးပေါင်းတပ်ပြော

နိုဝင်ဘာ ၁၉ ရက်အထိ စစ်ကောင်စီ၏ ပစ်ခတ်မှုများကြောင့် လွိုင်ကော်မြို့ရှိ အရပ်သား ၆၈ ဦးအထိ သေဆုံးထားကြောင်းလည်း ကရင်နီလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့(KHAI)က ထုတ်ပြန်ထားသည်။

(စစ်ကောင်စီတပ်က လွိုင်ကော်မြို့အတွင်း လက်နက်ကြီးပစ်ခတ်၍ လူနေအိမ်ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - KHAI)
(စစ်ကောင်စီတပ်က လွိုင်ကော်မြို့အတွင်း လက်နက်ကြီးပစ်ခတ်၍ လူနေအိမ်ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - KHAI)

လွိုင်ကော်မြို့တွင်း၌ ပစ္စည်းခိုးယူသူများကို ဖမ်းဆီးအရေးယူထားကြောင်း ကရင်နီပူးပေါင်းတပ်ဖွဲ့မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

နိုဝင်ဘာ ၁၁ ရက်ကစ၍ တိုက်ပွဲပြင်းထန်ခဲ့သည့် လွိုင်ကော်မြို့နေပြည်သူများမှာ နီးစပ်ရာ ဒေသများသို့ အရေးပေါ် ရှောင်တိမ်ခဲ့ပြီးနောက် မြို့တွင်း၌ ပစ္စည်းခိုးယူမှု ဖြစ်စဥ်များမှာ ယခုရက်သတ္တပတ်အတွင်း အများအပြားရှိလာသည်ဟု ဆိုသည်။

“ဒီနေ့(နိုဝင်ဘာ ၂၂ ရက်)အထိ သူခိုးသုံးကောင်မိ တယ်။မှတ်တမ်းယူပြီး ပြစ်မှုကျူးလွန်‌တာ သေချာတဲ့အတွက် ထိုက်သင့်တဲ့ အရေးယူမှုတွေလုပ်ခဲ့ပါတယ် “ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

ထို့အပြင် ပစ္စည်းခိုးယူသူများနှင့် ခိုးရာပါ ပစ္စည်းလက်ခံသူများကို ပြင်းထန်စွာအရေးယူမည်ဟုလည်း ၎င်းက အသိပေးသည်။

Public Service Announcement

Public Service Announcement

၁၂ ရက်ကြာရှိလာသည့် လွိုင်ကော်မြို့ တိုက်ပွဲမှာ နေ့စဥ်ပြင်းထန်နေဆဲဖြစ်ပြီး မြို့ခံပြည်သူ ငါးသောင်း ဝန်းကျင်မှာ စစ်ဘေးရှောင်နေရသည်။

နိုဝင်ဘာ ၁၉ ရက်အထိ စစ်ကောင်စီ၏ ပစ်ခတ်မှုများကြောင့် လွိုင်ကော်မြို့ရှိ အရပ်သား ၆၈ ဦးအထိ သေဆုံးထားကြောင်းလည်း ကရင်နီလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့(KHAI)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

စစ်တပ်၏ တရားမဝင် အာဏာသိမ်းမှု အကျိုးဆက်များအနက် တစ်ခုဖြစ်သည့် မြေမြှုပ်မိုင်းများကြောင့် ကရင်နီပြည်အတွင်း အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးရမှုများမှာ သိသိသာသာ တိုးပွားလာသည်ကို တွေ့ရသည်ဟုလည်း ဆိုသည်။

သတင်း

ကရင်နီ အမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO)မှ ယနေ့ ဧပြီ ၁၀ရက်တွင် သဘောထား ထုတ်ပြန်ချက်ဖြင့် ယခုကဲ့သို့ အသိပေးခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီကို တိုက်ခိုက်ရသည့် အကြောင်းအရင်းများကို ဖော်ပြသည်။

သတင်း

ကယ်ထုတ်ခဲ့သူများတွင် ဘုန်းကြီးနှင့် ကိုရင်များ ၊က​လေူငယ်များ ၊အမျိုးသမီး အများစုပါဝင်ပြီး သက်ကြီးရွယ်အိုနှင့်အရွယ်စုံအမျိုးသားများလည်းပါဝင်သည်။