Connect with us

Hi, what are you looking for?

သတင်း

မူဆယ်မြို့အဝင် အေးရှားဝေါဂိတ်၌ ယနေ့ တိုက်ပွဲဖြစ်နေ

မူဆယ်မြို့နယ် ပတ်ဝန်းကျင်၌ ယခုကဲ့သို့ စစ်ရေးတင်းမာနေစဉ် တရုတ်ကလည်း နိုဝင်ဘာ၂၅ ရက်မှစ၍ မြန်မာ-တရုတ် နယ်စပ် တရုတ်နိုင်ငံဘက်ခြမ်းတွင် စစ်ရေးလေ့ကျင့်နေသည်။

မူဆယ်မြို့အဝင် အေးရှားဝေါဂိတ်၌ ယနေ့ တိုက်ပွဲဖြစ်နေ
မူဆယ်မြို့အဝင် အေးရှားဝေါဂိတ်၌ ယနေ့ တိုက်ပွဲဖြစ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့အဝင် အေးရှားဝေါဂိတ်၌ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ယနေ့ နံနက် ၆နာရီကစ၍ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

အေးရှားဝေါမှာ တမနက်လုံး ချနေကြတာ။ မူဆယ်အဝင်ပဲ။ တိုက်ပွဲတော်တော်လေး ပြင်းထန်နေတယ်”ဟု မူဆယ်မြို့ခံတစ်ဉီးက ပြောသည်။

တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်‌ရေးဂိတ်အနီး ကျင်စန်းကျော့ဂိတ်ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ယမန်နေ့တွင် သိမ်းပိုက်ပြီးနောက် မူဆယ်မြို့အနီးရှိ စစ်ရေးပစ်မှတ်များကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ဆက်လက်တိုက်ခိုက်နေခြင်းဟု ဒေသခံများက ပြောသည်။

” ၁၀၅ကုန်သွယ်ရေးဇုံဘက်ကလည်း တိုက်ပွဲအသံတွေ ကြားနေရတယ်။ မြို့ပတ်ချာလည်နေရာတွေမှာ ဖြစ်နေတာပါ။ အေးရှားဝေါမှာတော့ အပြင်းထန်ဆုံးပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အေးရှားဝေါတိုးဂိတ်သည် ကွတ်ခိုင် – နမ့်ဖက်ကာ- မူဆယ် ပြည်ထောင်စုလမ်းမကြီးအတိုင်း မူဆယ်မြို့အဝင်၌ ရှိသည်။ မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာတွင်လည်း နိုဝင်ဘာ ၂၄ ရက် နံနက်တွင် စစ်ကောင်စီက ပေါင် ၅၀၀ဗုံးကြဲချခဲ့သည်။

မူဆယ်မြို့နယ် ပတ်ဝန်းကျင်၌ ယခုကဲ့သို့ စစ်ရေးတင်းမာနေစဉ် တရုတ်ကလည်း နိုဝင်ဘာ၂၅ ရက်မှစ၍ မြန်မာ-တရုတ် နယ်စပ် တရုတ်နိုင်ငံဘက်ခြမ်းတွင် စစ်ရေးလေ့ကျင့်နေသည်။

၁၀၂၇ စစ်ဆင်ရေးသည် ရပ်တန့်သွားခြင်းမရှိဘဲ ဟန်ချက်ညီစစ်ဆင်ရေးများကို တစ်ရက်ပြီး တစ်ရက် ဆင်နွှဲနေပြီး ရည်မှန်းထားသော စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များကို ဆက်လက်အကောင်အထည်ဖော်ရန်အတွက် မိမိတို့အနေဖြင့်လည်း စစ်ရေးအရှိန်ကို ထပ်မံမြှင့်တင်သွားမည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။