Connect with us

Hi, what are you looking for?

သတင်း

မူဆယ်မြို့အဝင် အေးရှားဝေါဂိတ်၌ ယနေ့ တိုက်ပွဲဖြစ်နေ

မူဆယ်မြို့နယ် ပတ်ဝန်းကျင်၌ ယခုကဲ့သို့ စစ်ရေးတင်းမာနေစဉ် တရုတ်ကလည်း နိုဝင်ဘာ၂၅ ရက်မှစ၍ မြန်မာ-တရုတ် နယ်စပ် တရုတ်နိုင်ငံဘက်ခြမ်းတွင် စစ်ရေးလေ့ကျင့်နေသည်။

မူဆယ်မြို့အဝင် အေးရှားဝေါဂိတ်၌ ယနေ့ တိုက်ပွဲဖြစ်နေ
မူဆယ်မြို့အဝင် အေးရှားဝေါဂိတ်၌ ယနေ့ တိုက်ပွဲဖြစ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့အဝင် အေးရှားဝေါဂိတ်၌ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ယနေ့ နံနက် ၆နာရီကစ၍ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

” အေးရှားဝေါမှာ တမနက်လုံး ချနေကြတာ။ မူဆယ်အဝင်ပဲ။ တိုက်ပွဲတော်တော်လေး ပြင်းထန်နေတယ်”ဟု မူဆယ်မြို့ခံတစ်ဉီးက ပြောသည်။

တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်‌ရေးဂိတ်အနီး ကျင်စန်းကျော့ဂိတ်ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ယမန်နေ့တွင် သိမ်းပိုက်ပြီးနောက် မူဆယ်မြို့အနီးရှိ စစ်ရေးပစ်မှတ်များကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ဆက်လက်တိုက်ခိုက်နေခြင်းဟု ဒေသခံများက ပြောသည်။

” ၁၀၅ကုန်သွယ်ရေးဇုံဘက်ကလည်း တိုက်ပွဲအသံတွေ ကြားနေရတယ်။ မြို့ပတ်ချာလည်နေရာတွေမှာ ဖြစ်နေတာပါ။ အေးရှားဝေါမှာတော့ အပြင်းထန်ဆုံးပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အေးရှားဝေါတိုးဂိတ်သည် ကွတ်ခိုင် – နမ့်ဖက်ကာ- မူဆယ် ပြည်ထောင်စုလမ်းမကြီးအတိုင်း မူဆယ်မြို့အဝင်၌ ရှိသည်။ မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာတွင်လည်း နိုဝင်ဘာ ၂၄ ရက် နံနက်တွင် စစ်ကောင်စီက ပေါင် ၅၀၀ဗုံးကြဲချခဲ့သည်။

မူဆယ်မြို့နယ် ပတ်ဝန်းကျင်၌ ယခုကဲ့သို့ စစ်ရေးတင်းမာနေစဉ် တရုတ်ကလည်း နိုဝင်ဘာ၂၅ ရက်မှစ၍ မြန်မာ-တရုတ် နယ်စပ် တရုတ်နိုင်ငံဘက်ခြမ်းတွင် စစ်ရေးလေ့ကျင့်နေသည်။

၁၀၂၇ စစ်ဆင်ရေးသည် ရပ်တန့်သွားခြင်းမရှိဘဲ ဟန်ချက်ညီစစ်ဆင်ရေးများကို တစ်ရက်ပြီး တစ်ရက် ဆင်နွှဲနေပြီး ရည်မှန်းထားသော စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များကို ဆက်လက်အကောင်အထည်ဖော်ရန်အတွက် မိမိတို့အနေဖြင့်လည်း စစ်ရေးအရှိန်ကို ထပ်မံမြှင့်တင်သွားမည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်အရာရှိနဲ့မိသားစုအချို့မြို့ပေါ် ထွက်ပြေး၊စစ်သုံ့ပန်းအချို့ကို AAဖမ်းမိ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေ ဖာပွန်ခရိုင်(မူတြော်ခရိုင်)မှာ စက်တင်ဘာအတွင်း တိုက်ပွဲအကြိမ် ၁၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် ရုပ်အလောင်းတွေနဲ့ လက်နက်တွေ သိမ်းရ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီခရိုင်၊ ကျောက်ခက်နယ်မြေအနီးရှိသဲဖြူချောင်းရွာဝန်းကျင်မှာထိုးစစ်ဆင်လာနေတဲ့အာဏာသိမ်းစစ်တပ်စစ်ကြောင်းနဲ့ KNU ပူးပေါင်းတပ်တို့ လက်ရှိအောက်တိုဘာလဆန်းပိုင်းမှာတိုက်ပွဲတွေပြန် လည်ဖြစ်ပွားနေတယ်လို့ ကရင်သတင်းရင်းမြစ်ကပြောပါတယ်။

Trending

Facebook