Connect with us

Hi, what are you looking for?

News

အုပ်ကြီးအဖြစ်အထွက်ပြ၍ သတင်း​ပေးလုပ်​​နေ​သောအုပ်ကြီး ၄ ဦးကို ကသာ PDF သတိပေး

“သတင်းပေးဒလန်လုပ်နေတဲ့အုပ်ကြီးလေးယောက်ရှိနေပါ သေးတယ်။သူတို့ကတော့ မြို့ပေါ်ရပ်ကွက် ၅၊၇၊ ၉ နဲ့အောက်ဝဲကြီး ကျေးရွာအုပ်ကြီးတို့ဖြစ်ကြောင်းသတင်းရရှိထားပါတယ်။ သူတို့ရဲ့ အသက်ကိုတော့ အာမမခံတော့ဘူး”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ကသာက ဆိုသည်။

ကသာမြို့နယ်တွင်ရပ်ကွက်၊​ကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ်မှ နှုတ်ထွက်သူ ၂၇ ဦးရှိ​ပြီး ၎င်းတို့အနက် လေးဦးမှာ ဟန်ပြ သက်သက်အဖြစ်နှုတ်ထွက်ထားကာ စစ်ကောင်စီဒလန်အဖြစ် ဆက်လက်လုပ်ကိုင်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ကသာက ယနေ့ ထုတ်ပြန်သည်။

“သတင်းပေးဒလန်လုပ်နေတဲ့အုပ်ကြီးလေးယောက်ရှိနေပါ သေးတယ်။ သူတို့ကတော့ မြို့ပေါ်ရပ်ကွက် ၅၊၇၊ ၉ နဲ့အောက်ဝဲကြီး ကျေးရွာအုပ်ကြီးတို့ဖြစ်ကြောင်းသတင်းရရှိထားပါတယ်။ သူတို့ရဲ့ အသက်ကိုတော့ အာမမခံတော့ဘူး”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ကသာက ဆိုသည်။

အောက်တိုဘာ ၁၀ ရက်မတိုင်ခင်အထိ ကသာ မြို့ရှိ အုပ်ချုပ်ရေးမှူးများနှုတ်ထွက်ရန် နှင့် မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများအနက် အဆိုးဆုံးဒလန်လုပ်ခဲ့သည့် (၃၊ ၄၊ ၅၊ ၆၊ ၉၊ ၁၀၊ ၁၁) အုပ်ချုပ်ရေးမှူးများ ကသာမြို့ပေါ်မှ အပြီးတိုင်ထွက်ခွာသွားရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားသည်။ကသာမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၁၁ ခု နှင့် ကျေးရွာအုပ်စု ၃၂ ခုရှိသည်။

အကြမ်းဖက်စစ်ကောင်စီ၏ အာဏာသိမ်းချိန်မှစ၍ ကသာမြို့နယ် အတွင်း မတရားဖမ်းဆီးခံရသူ ၅၃ ဦး၊သတ်ဖြတ်ခံရသူ ကိုးဦးရှိသည်။

Public Service Announcement

Public Service Announcement

အလားတူမီးရှို့ ဖျက်ဆီးခံရမှုကြောင့် နေအိမ် အလုံး၃၀ ၊ကျေးရွာများရှိ စားနပ်ရိက္ခာများလုယက်ခံရမှု အကြိမ် နှစ်ဆယ်ထက်မနည်းရှိပြီး စစ်ဘေးဒုက္ခသည် ၂၀၀၀၀ ကျော်ရှိသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ကသာ ကထုတ်ပြန်သည်။

လက်ရှိတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ကသာ မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KIA နှင့် ပူးပေါင်း၍ အကြမ်းဖက်စစ်ကောင်စီကို ခုခံ​တော်လှန်တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကသာမြို့ကို ရောက်နေတဲ့ စစ်ကောင်စီ တိုက်သင်္ဘောသုံးစီး အပါအဝင် သင်္ဘော ၄စီးဟာ ဒီကနေ့ စက်တင်ဘာ ၈ရက်မနက်မှာ ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်မြို့ဆီကို ဆက်လက် ဆန်တက်သွားပြီလို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။