Connect with us

Hi, what are you looking for?

News

အုပ်ကြီးအဖြစ်အထွက်ပြ၍ သတင်း​ပေးလုပ်​​နေ​သောအုပ်ကြီး ၄ ဦးကို ကသာ PDF သတိပေး

“သတင်းပေးဒလန်လုပ်နေတဲ့အုပ်ကြီးလေးယောက်ရှိနေပါ သေးတယ်။သူတို့ကတော့ မြို့ပေါ်ရပ်ကွက် ၅၊၇၊ ၉ နဲ့အောက်ဝဲကြီး ကျေးရွာအုပ်ကြီးတို့ဖြစ်ကြောင်းသတင်းရရှိထားပါတယ်။ သူတို့ရဲ့ အသက်ကိုတော့ အာမမခံတော့ဘူး”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ကသာက ဆိုသည်။

ကသာမြို့နယ်တွင်ရပ်ကွက်၊​ကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ်မှ နှုတ်ထွက်သူ ၂၇ ဦးရှိ​ပြီး ၎င်းတို့အနက် လေးဦးမှာ ဟန်ပြ သက်သက်အဖြစ်နှုတ်ထွက်ထားကာ စစ်ကောင်စီဒလန်အဖြစ် ဆက်လက်လုပ်ကိုင်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ကသာက ယနေ့ ထုတ်ပြန်သည်။

“သတင်းပေးဒလန်လုပ်နေတဲ့အုပ်ကြီးလေးယောက်ရှိနေပါ သေးတယ်။ သူတို့ကတော့ မြို့ပေါ်ရပ်ကွက် ၅၊၇၊ ၉ နဲ့အောက်ဝဲကြီး ကျေးရွာအုပ်ကြီးတို့ဖြစ်ကြောင်းသတင်းရရှိထားပါတယ်။ သူတို့ရဲ့ အသက်ကိုတော့ အာမမခံတော့ဘူး”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ကသာက ဆိုသည်။

အောက်တိုဘာ ၁၀ ရက်မတိုင်ခင်အထိ ကသာ မြို့ရှိ အုပ်ချုပ်ရေးမှူးများနှုတ်ထွက်ရန် နှင့် မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများအနက် အဆိုးဆုံးဒလန်လုပ်ခဲ့သည့် (၃၊ ၄၊ ၅၊ ၆၊ ၉၊ ၁၀၊ ၁၁) အုပ်ချုပ်ရေးမှူးများ ကသာမြို့ပေါ်မှ အပြီးတိုင်ထွက်ခွာသွားရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားသည်။ကသာမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၁၁ ခု နှင့် ကျေးရွာအုပ်စု ၃၂ ခုရှိသည်။

အကြမ်းဖက်စစ်ကောင်စီ၏ အာဏာသိမ်းချိန်မှစ၍ ကသာမြို့နယ် အတွင်း မတရားဖမ်းဆီးခံရသူ ၅၃ ဦး၊သတ်ဖြတ်ခံရသူ ကိုးဦးရှိသည်။

Public Service Announcement

Public Service Announcement

အလားတူမီးရှို့ ဖျက်ဆီးခံရမှုကြောင့် နေအိမ် အလုံး၃၀ ၊ကျေးရွာများရှိ စားနပ်ရိက္ခာများလုယက်ခံရမှု အကြိမ် နှစ်ဆယ်ထက်မနည်းရှိပြီး စစ်ဘေးဒုက္ခသည် ၂၀၀၀၀ ကျော်ရှိသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ကသာ ကထုတ်ပြန်သည်။

လက်ရှိတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ကသာ မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KIA နှင့် ပူးပေါင်း၍ အကြမ်းဖက်စစ်ကောင်စီကို ခုခံ​တော်လှန်တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ နဘဲပင်ကျေးရွာမှာ စစ်မှုထမ်းကြေးကောက်ပေးနေတဲ့ အုပ်ချုပ်ရေးမှူးအပါအဝင် ၃ ဦး ပစ်ခတ်ခံရပြီး ၂ ဦး သေဆုံးကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း‌ ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်က အင်း​တော်မှာပြည်သူ ၁ဦးကိုသတ်ပြီး ၁ ဦးကိုဖမ်း​​ခေါ်သွား